သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး အာဆီယံ ဘာတတ္ႏိုင္မလဲ


Opening ceremony of the 40th and 41st ASEAN Summits in Cambodia, Friday, Nov. 11, 2022

အာဆီယံထိပ္သီးစည္းေဝးပြဲ ၿပီးဆုံးသြားတာနဲ႔အတူ အလွည့္က် ဥကၠ႒ ရာထူးလဲ ကေမာၻဒီးယားဆီကေန အင္ဒိုနီးရွားလက္ထဲ ေရာက္သြားခဲ့ၿပီ ျဖစ္ပါတယ္။ ကိုယ္တိုင္လည္း ဒီမိုကေရစီႏိုင္ငံျဖစ္ၿပီး အဖြဲ႔ထဲမွာ အင္အားအႀကီးဆုံးလည္းျဖစ္တဲ့ အင္ဒိုနီးရွား ဦးေဆာင္မႈေအာက္က အာဆီယံဟာ ျမန္မာ့ျပႆနာ ေျပလည္ေရး ဘယ္ေလာက္ထိထိေရာက္ေရာက္ ေဆာင္႐ြက္ႏိုင္ဖြယ္ ရိွပါသလဲ။ စစ္ေကာင္စီအေနနဲ႔ေကာ ဒီတခါ အာဆီယံရဲ႕ဆႏၵအတိုင္း လိုက္နာေဆာင္႐ြက္လာႏိုင္ေျခ ရွိပါသလား။ ျမန္မာ့အေရးသုံးသပ္သူ ဦးရဲထြန္းနဲ႔ ဦးေက်ာ္ဇံသာတို႔ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ အာဆီယံထိပ္သီးအစည္းအေဝးေတာ့ ၿပီးသြားပါၿပီ။ ျမန္မာ့အေရးနဲ႔ ပတ္သက္ၿပီး ဘယ္ေလာက္မ်ား သူတုိ႔ ဆက္လက္ၿပီး ေဆာင္ရြက္လာႏိုင္မလဲဆိုတဲ့ အေျခအေနကို က်ေနာ္တုိ႔ အဓိကေဆြးေႏြးခ်င္ပါတယ္ဆုိေတာ့ ဦးရဲထြန္း ပဏာမအေနနဲ႔ သံုးသပ္ပါအံုး။

ေျဖ ။ ။ ေတာ္ေတာ္ေလး အႀကိတ္အနယ္ ေဆြးေႏြးၾကတယ္လို႔ ေျပာတယ္။ ကေမာၻဒီးယားကေတာ့ ျမန္မာကိစၥကို ေဆြးေႏြးတဲ့အခါမွာ အာဆီယံအသင္းႀကီး မူလတည္ေထာင္တုန္းက ပဋိညာဥ္နဲ႔ မေသြဖီဖုိ႔ လိုတယ္။ ျပည္တြင္းေရးကို ဝင္မစြက္ဖို႔နဲ႔ ၿခိမ္းေျခာက္တာ၊ ဖိအားေပးတာ၊ အက်ပ္ကိုင္တာမ်ဳိးေတြ မလုပ္နဲ႔ဆိုတဲ့ အခ်က္ကို ေထာက္ျပတာ သိလိုက္ရတယ္။ အဲဒီေတာ့ ေနာက္ဆံုးဆံုးျဖတ္ခ်က္ ခ်လိုက္တဲ့ ဆံုးျဖတ္ခ်က္မွာ မူလကအတုိင္းပဲ Five-Point Consensus - သေဘာတူညီခ်က္ (၅) ခ်က္ကို အေကာင္အထည္ေဖာ္ဖို႔နဲ႔ ေနာက္တခါ ဒါကိုပိုၿပီးေတာ့ တိတိက်က်ျဖစ္ဖို႔ အခ်ိန္ဇယား သတ္မွတ္ေပးဖို႔၊ ဘယ္ေန႔ဘယ္ရက္ေနာက္ဆံုး အေကာင္အထည္ေဖာ္ရမယ္ စသည္ျဖင့္ အဲဒီလိုဟာမ်ဳိးေတြကိုလည္း အေသးစိတ္ထုတ္ျပန္မယ္ဆိုတာမ်ဳိး ဆံုးဖတ္သြားတာကို သတိထားလိုက္မိပါတယ္။ ထပ္ၿပီးေတာ့ ျပင္းထန္တဲ့ ဖိအားကိုေတာ့ မေပးႏိုင္ဘူး။ သိသာထင္ရွားတဲ့ ဖိအားကိုေတာ့ မေပးႏုိင္ဘူး။ သို႔ေသာ္ ျမန္မာႏုိင္ငံက သေဘာတူထားတဲ့ အခ်က္ (၅) ခ်က္ကို အေကာင္အထည္ မေဖာ္တဲ့အတြက္ေၾကာင့္သာဆိုၿပီး ျမန္မာႏုိင္ငံကိုေတာ့ ဒီအစည္းအေဝးမွာ အျပစ္ဖုိ႔လိုက္တယ္။

ေမး ။ ။ ျမန္မာျပည္သူေတြ အျခားႏုိင္ငံေတြက ေမွ်ာ္လင့္ေနၾကတယ္။ အာဆီယံကို အားထားၿပီးေတာ့ အာဆီယကပဲ လုပ္ေပးလိမ့္မယ္လို႔၊ လုပ္ေနတာ ဘာမွေတာ့ ေရွ ႔ကိုတိုးတက္မလာဘူးလို႔ ေျပာရမွာေပါ့။ ဒါေပမဲ့ NUG ကေတာ့ သူတုိ႔နဲ႔ ထိေတြ႔ဆက္ဆံဖို႔ဆိုတာ ပါတဲ့အတြက္ေၾကာင့္ သူတုို႔က အကန္႔အသတ္နဲ႔ ႀကိဳဆိုတယ္လို႔ ၾကားပါတယ္။ ဆိုေတာ့ NUG ကို ဘယ္ေလာက္အထိ အေလးတယူထားလာမယ္လို႔ ခန္႔မွန္းႏုိင္ပါသလဲ။

ေျဖ ။ ။ NUG က ဒါနဲ႔ပတ္သက္ၿပီးေတာ့ သတိထားၿပီး ႀကိဳဆိုတယ္။ သို႔ေသာ္လဲ အာဆီယံအေနနဲ႔က NUG ကိုလည္း အသိအမွတ္ျပဳၿပီးေတာ့ ဆက္ဆံဖို႔ တိုိက္တြန္းထားတာကို သတိထားလိုက္မိတယ္။ အဲဒီေတာ့ ဒီလိုႏွစ္ဘက္ ဆက္ဆံၿပီးေတာ့ ေဆာင္ရြက္မွသာလွ်င္ သေဘာတူညီခ်က္ (၅) ခ်က္ အေကာင္အထည္ ေပၚလာမွာ၊ ပိုထိေရာက္မယ္လို႔ သူတုိ႔ဘက္ကေတာ့ ယံုၾကည္တဲ့အေၾကာင္း ေျပာတာကို ေတြ႔လိုက္ရတယ္။ တဘက္ကၾကေတာ့ အာဆီယံအသင္းဝင္တခ်ဳိ ႔က အဲဒီလို NUG ကို အသိအမွတ္ျပဳလိုက္လိို႔ရိွရင္ အခု နစက စစ္အစိုးရဘက္က စိတ္ဆိုးမလား။ သေဘာမက် ျဖစ္မလား။ အျပင္းအထန္ ကန္႔ကြက္မလား စသည္ျဖင့္ အဲဒီလို စိုးရိမ္ပူပန္မႈမ်ဳိးေတြလည္း ရိွတယ္လို႔ သိရပါတယ္။

ေမး ။ ။ က်ေနာ္ ေမးခ်င္တာလဲ အဲဒါအဓိကပါပဲ။ NUG ကို သူတုိ႔က အသိအမွတ္္ျပဳတယ္ဆုိတာ တရားဝင္အစိုးရအျဖစ္ recognize လုပ္တဲ့သေဘာေတာ့ မဟုတ္ဘူးေပါ့။ သူတို႔နဲ႔ ဆက္ဆံၿပီးေတာ့ ျပန္လည္သင့္ျမတ္ေရး၊ ေစ့စပ္ေဆြးေႏြးေရးအတြက္ တြန္းဖို႔ဘာညာ ႀကိဳးပမ္းတာပဲ ရည္ရြယ္မယ္လို႔ ထင္ပါတယ္။ အဲဒါကို စစ္ေကာင္စီဘက္က ဘယ္လိုသေဘာထားမလဲ။ အစကတည္းက တင္းမာေနတာ သူတုိ႔က ပိုၿပီးေတာ့ ျပတ္ျပတ္သားသား တင္းမာမသြားႏိုင္ဘူးလား။

ေျဖ ။ ။ မွန္ပါတယ္။ ဒါေၾကာင့္မို႔လဲ အာဆီယံအထူးကိုယ္စားလွယ္အေနနဲ႔ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ေတြ႔ဖို႔ကိုပဲ ေတာင္းဆိုတာကို သတိထားမိတယ္။ NUG နဲ႔ ေတြ႔ဖို႔၊ ေဆြးေႏြးဖို႔လိုတဲ့အေၾကာင္း နစကကို လာေျပာတာ တခါမွ မရိွခဲ့ဘူး။ ဆိုေတာ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႔ဖိုကိုေတာင္ သိပ္ခက္ခဲေနေတာ့ သူတုိ႔လည္း အေတာ္စိတ္္ပ်က္ပံု ရပါတယ္။ အထူးသျဖင့္ေတာ့ ကေမာၻဒီးယားေပါ့။ ေမွ်ာ္လင့္ခ်က္ ေတာ္ေတာ္ႀကီးႀကီးမားမား ထားခဲ့တဲ့ ကေမာၻဒီးယားက အခု ဥကၠ႒ေနရာလည္း လက္လႊဲေျပာင္းရခါနီးၿပီ။ အခုထိလဲ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ေတာင္ ေတြ႔ခြင့္မရဘူးအခါၾကေတာ့ ေတာ္ေတာ္ကို စိတ္ပ်က္လက္ပ်က္ ျဖစ္ပံုေတာ့ ရိွပါတယ္။

ေမး ။ ။ ဒီေနရမွာေတာ့ အာဆီယံနဲ႔ တိုက္ရိုက္မဆိုင္ဘဲနဲ႔ ဦးရဲထြန္းေျပာတဲ့အထဲမွာ ဆက္စပ္ေနလို႔ တခုေတာ့ ေမးၾကည့္ခ်င္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႔ျခင္းသည္၊ NUG နဲ႔ ေတြ႔တာနဲ႔ တသေဘာတည္း ျဖစ္ႏုိင္သလား။ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႔ရံုနဲ႔ ျပႆနာေတြ ေျပလည္သြားႏိုင္သလား။ NUG က အဲဒီလမ္းေၾကာင္းအတိုင္း လိုက္ၿပီေတာ့ ေဆာင္ရြက္သြားႏုိင္တယ္လို႔ ယတိျပတ္ေျပာလို႔ ရမလား။

ေျဖ ။ ။ ဟိုတေန႔က NLD က ထုတ္ျပန္လိုက္တဲ့ ေၾကညာခ်က္မွာက အာဆီယံကို ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႔မွသာလွ်င္ ျမန္မာႏုိင္ငံရဲ ႔ အေရးကိစၥေတြ ေျဖရွင္းဖို႔အတြက္ လမ္းစရမယ္ဆိုတဲ့ သေဘာမ်ဳိး တိုက္တြန္းထားတာကို ၾကားလိုက္ရပါတယ္။ အဓိပၸါယ္ကေတာ့ ဘာပဲျဖစ္ျဖစ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႔ဆံုေဆြးေႏြးခြင့္ရရင္ ေဒၚေအာင္ဆန္းစုၾကည္ဆီက သေဘာထားတခုခု သိရလို႔ရိွရင္ ဘာပဲျဖစ္ျဖစ္ သူတုိ႔ကလည္း လိုက္နာမယ္၊ နာခံမယ္ဆိုတဲ့ သေဘာမ်ဳိးလို႔ က်ေနာ္ ယူဆမိတယ္။ ဒါေပမဲ့ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တုိင္ ဘာေျပာဖူးသလဲဆိုရင္၊ မၾကာေသးခင္ကလည္း ထပ္ေျပာထားတာကို က်ေနာ္တုိ႔ သတိထားမိတယ္။ သူက သူ႔ရဲ ႔သေဘာထားကို မေျပာခင္မွာ သူ႔ရဲ ႔ပါတီအလုပ္အမႈေဆာင္အဖြဲ႔နဲ႔ လြတ္လပ္စြာ ေဆြးေႏြးတိုင္ပင္ခ်င္တယ္။ အဲဒီလိုဆိုၿပီး ထပ္သတိေပးထားတာကို သတိထားလိုက္မိတယ္။ ဒါဆိုရင္ေတာ့ NLD, NUG တုိ႔ကလည္း ေဒၚေအာင္ဆန္းစုၾကည္ရဲ ႔ သေဘာထားကို သေဘာမတူ၊ လက္မခံႏုိင္စရာ အေၾကာင္းမရိွဘူး။

ေမး ။ ။ ဟုတ္တာေပါ့။ ေနာက္တခုက အာဆီယံဘက္ကို ၾကည့္မယ္ဆိုရင္ အာဆီယံရဲ ႔ ဥကၠ႒ဟာ ကေမာၻဒီးယား မဟုတ္ေတာ့ဘဲနဲ႔ အင္ဒိုနီးရွား လက္ထဲကို ေရာက္သြားၿပီ ျဖစ္ပါတယ္။ ကေမာၻဒီးယားနဲ႔ ထိုင္းတုိ႔ကေတာ့ အစကပဲ အရပ္သားစကားနဲ႔ ေျပာရရင္ ခပ္ေပ်ာ့ေပ်ာ့လိုင္းလို႔ ဆိုရမွာေပါ့။ ဆိုေတာ့ အင္ဒိုနီးရွား၊ မေလးရွား၊ စကၤာပူတိုိ႔ကေတာ့ ခပ္မာမာလိုင္းလို႔ သတ္မွတ္ခဲ့ၾကတာေပါ့။ ဒါေပမဲ့ အင္ဒိုနီးရွား ဥကၠ႒ မျဖစ္ခင္ကတည္းက သူ႔ႏုိင္ငံျခားေရးဝန္ႀကီးက ေျပာထားတယ္။ ျမန္မာႏုိင္ငံကို သူတုိ႔တြန္းအားေပးလို႔ မေအာင္ျမင္တာဟာ အာဆီယံရဲ ႔ အျပစ္မဟုတ္ဘူး။ အာဆီယံကို မေဝဖန္နဲ႔ အျပစ္မတင္နဲ႔ ျမန္မာစစ္ေကာင္စီကိုသာ အျပစ္တင္ပါလို႔ ေျပာထားတာ ရိွေနေလေတာ့၊ သူ ဥကၠ႒ ျဖစ္လာတဲ့အခါမွာေကာ ဘယ္ေထာက္ထိမ်ား ျပတ္ျပတ္သားသား ကေမာၻဒီးယားထက္သာေအာင္ ေဆာင္ရြက္ႏိုင္မယ္ ထင္သလဲ။

ေျဖ ။ ။ က်ေနာ္ေတာ့ သိပ္ၿပီးေတာ့ မျမင္ဘူး။ ဘာေၾကာင့္လဲဆိုေတာ့ သူတုုိ႔အဖြဲ႔အတြင္းမွာကိုက ဒီကိစၥကို ကိုင္တြယ္ဖို႔နဲ႔ ပတ္သက္ၿပီးေတာ့ သေဘာထားကြဲလြဲမႈေတြ ရိွတယ္။ ေနာက္ ကေမာၻဒီးယားက အခု သတိေပးေနတာက ျမန္မာကို အဖြဲ႔ကေန ထုတ္ပစ္ဖို႔ တိုက္တြန္းတယ္၊ ေဆြးေႏြးတယ္ဆိုရင္လဲ အဖြဲ႔ရဲ ႔ ပဋိညာဥ္မွာပါတဲ့ အားလံုးသေဘာတူတဲ့ ဆႏၵအရသာ ျဖစ္သင့္တယ္ဆုိတာကို မၾကာခဏ ေထာက္ျပတာကို ေတြ႔ရတယ္။ ဆိုလိုခ်င္တာက အခ်ဳိ ႔ျပင္းထန္တဲ့ သေဘာထားရိွတဲ့ ႏုိင္ငံေတြ ရိွေပမဲ့၊ အခ်ဳီ ႔ႏုိင္ငံေတြက ဒါကိုကန္႔ကြက္လိမ့္မယ္။ ဆုိလိုခ်င္တာက အဆိုးဆံုး ျမန္မာကို အေရးယူတဲ့ ကိစၥမွာေတာ့ အဖြဲ႔အသင္းကေန ထုတ္ျပစ္လိုက္တာမ်ဳိး။ ထုတ္ျပစ္လိုက္တဲ့အတြက္ ျမန္မာအစိုးရက သူတုိ႔ဆံုးျဖတ္ထားခ်က္ကို အေကာင္အထည္ ေဖာ္မွာလားဆိုၿပီးေတာ့ ဒါကေတာ့ မေသခ်ာဘူး။ က်ေနာ့္အျမင္ရေတာ့ လံုးဝကို လိုက္နာမွာ မဟုတ္ဘူး။ သူတုုိ႔ အခုေျပာေနတဲ့ ေရြးေကာက္ပြဲလုပ္ဖို႔ဆိုတဲ့ဟာက မူလကတည္းက ခ်ထားၿပီသား၊ ေျပာထားၿပီသား လမ္းေၾကာင္းျဖစ္ေနေတာ့၊ အဲဒီအတိုင္းပဲ သူတုိ႔ကေလွ်ာက္မွာ။ ေရြးေကာက္ပြဲကို သူတုိ႔ မျဖစ္မေန လုပ္ပါလိမ့္မယ္။ တဘက္မွာ စိုးရိမ္ေနၾကတာက အဲဒီလို လုပ္လိုက္တဲ့အခါ ႏုိင္ငံတကာကေန နစကကို အသိအမွတ္ျပဳမႈေတြ မ်ားလာမလား။ ဒါေၾကာင့္မို႔ ဒီေရြးေကာက္ပြဲ မျဖစ္ေအာင္၊ ဟန္႔တားဖို႔ စိုးရိမ္မႈေတြလည္း ရိွတယ္လို႔ သတိထားမိတာေပါ့။

ေမး ။ ။ အဲဒီေတာ့ ေရြးေကာက္ပြဲအေပၚမွာ အခု အင္ဒိုနီးရွား ဥကၠ႒ ျဖစ္လာတဲ့ အာဆီယံက ဘယ္လိုလုပ္ႏိုင္မလဲ ထင္သလဲ။ ဘယ္လိုကိုင္တြယ္မလဲ။ သူတုိ႔ကလဲ ေခါင္းၿငိမ့္မလား။ သို႔တည္းမဟုတ္ ဒီဟာကို မျဖစ္ေအာင္ တားမလား။ တကယ္လို႔ စစ္ေကာင္စီက အတင္းလုပ္ခဲ့ရင္ေတာင္ လက္မခံဘူးဆိုၿပီး ပယ္ခ်မလား။ ပယ္ခ်ရင္ေကာ ဘယ္ေလာက္ထိေရာက္မလဲဆိုတာကို သံုးသပ္ပါအံုး။

ေျဖ ။ ။ အခု နစကအေနနဲ႔က တေလွ်ာက္လံုး ခိုင္ခိုင္မာမာ ေျပာေနတာက သူတုိ႔ ဒီလိုလုပ္ရျခင္းဟာ အာဏာသိမ္းခ်င္လို႔ မဟုတ္ဘူး။ နစကဥကၠ႒အေနနဲ႔လည္း အခုစြပ္စြဲေနသလို သမၼတလုပ္ခ်င္လို႔ မဟုတ္ဘူး။ ေရြးေကာက္ပြဲမွာ ေရြးေကာက္ပြဲေကာ္မရွင္က မမွန္တာ၊ မတရားတာ လုပ္တဲ့အတြက္ေၾကာင့္မို႔ တျခားႏုိင္ငံေရးပါတီေတြက ဝိုင္းဝန္တိုက္တြန္းတဲ့ေအာက္မွာ မွားယြင္းေနတဲ့ စာရင္းေတြကို ေျဖရွင္းခိုင္းတာ၊ မေျဖရွင္းလို႔ အေျခခံဥပေဒအရ သူတုုိ႔အာဏာသိမ္းရတယ္။ ၿပီးရင္ အေျခခံဥပေဒအရပဲ (၂) ႏွစ္ သက္တမ္းၿပီတဲ့အခါမွာ ေရြးေကာက္ပြဲ လုပ္ေပးမယ္ဆိုၿပီးေတာ့ အစကတည္းက သူတို႔ ေျပာခဲ့တာ ရိွပါတယ္။ အဲဒီလိုဆိုေတာ့ အဲဒီအေပၚမွာ အခုဟာက က်ေနာ္ သတိထားလိုက္မိတာ ပထမဦးဆံုး သူတုိ႔အာဏာသိမ္းၿပီး ဖမ္းလိုက္တဲ့အခ်ိန္မွာ ေရြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႔ဝင္တေယာက္က သူတုိ႔လုပ္ထားတဲ့ မမွန္ကန္မႈေတြကို ဝန္ခံတာတေယာက္ ရိွတယ္။ အခု ေထာင္ဒဏ္ (၃) ႏွစ္ က်ခံေနရတဲ့ ဥကၠ႒နဲ႔ ဦးျမင့္ႏုိင္ကလည္း သူတုိ႔မွားယြင္းၿပီးေတာ့ လုပ္ခဲ့မိပါတယ္ဆိုတာကို ဝန္ခံၿပီးေတာ့ ျပစ္ဒဏ္က ေလွ်ာ့ေပါ့ခြင့္ ေတာင္းခံၿပီး၊ သနားခံၿပီးေတာ့ လြတ္လာတယ္။ အဲဒီလို အခ်က္အလက္ေတြက နစကကို ပိုၿပီးေတာ့ အားျဖစ္ေစတာေပါ့။ သူတုိ႔လုပ္တာ မွန္တယ္ဆိုတာကို အားျဖစ္ေစတဲ့အတြက္ေၾကာင့္မို႔ သူတုိ႔ ေလွ်ာက္ေနတဲ့လမ္းကိုေတာ့ သူတုိ႔က ျပန္ၿပီးေတာ့ ေနာက္လွည့္မယ္လို႔ေတာ့ က်ေနာ္ကေတာ့ မထင္ဘူး။ ဆက္ေလွ်ာက္လိမ့္မယ္။ သို႔ေသာ္ တခုပဲ က်ေနာ္တို႔ ေစာင့္ၾကည့္ရမွာက ေရြးေကာက္ပြဲအၿပီးမွာ နစကဥကၠ႒က သမၼတ လုပ္ခ်င္တယ္။ သမၼတရာထူးကို ယူတယ္ဆိုရင္ေတာ့ အမ်ားကစြပ္စြဲေနသလို၊ သမၼတျဖစ္ခ်င္လို႔ အာဏသိမ္းတာဆိုတဲ့ စြပ္စြဲခ်က္ကေတာ့ တည့္တည္တိုးေနေတာ့မွာေပါ့။ အမွန္တကယ္ကေတာ့ အမတ္ေနရာ အမ်ားဆံုးရတဲ့ ပါတီကပဲ သမၼတ ျဖစ္သင့္တာေပါ့။

ေမး ။ ။ အဲဒီမွာ သူတုိ႔ အေၾကာင္းျပမွာေပါ့ သူတုိ႔တင္ေျမွာက္တဲ့၊ သူတို႔တင္ေျမွာက္တဲ့ လႊတ္ေတာ္က ႏိုင္ေအာင္လုပ္ၿပီးေတာ့ သူတုိ႔က ေရြးပါတယ္။ သူတုိ႔က တင္ေျမွာက္ပါတယ္ဆိုၿပီးေတာ့ တိုင္းျပည္က တာဝန္ေပးလာရင္ က်ေနာ္က လုပ္မွာပဲလို႔ ေျပာထားတဲ့လူဆိုေတာ့ လုပ္မွာပဲ။ ေနာက္ၿပီးေတာ့ သူတုိ႔အေၾကာင္းျပတာ ဖြဲ႔စည္းပံုအရ လုပ္ခဲ့တယ္ဆိုတာကို ဘယ္သူယံုလို႔လဲ။ တကယ္ေကာ လက္ေတြ႔စဥ္းစားၾကည့္ ဦးရဲထြန္း။ ဖြဲ႔စည္းပံုအတုိင္း လုပ္တာမွ မဟုတ္တာ။ သမၼတကို ထိန္းခ်ဳပ္ၿပီးေတာ့ ခင္မ်ား ဒီလိုေျပာ၊ ဒီလိုလုပ္ဆိုၿပီးေတာ့ အတင္းလုပ္ခဲ့တယ္ဆိုတာကို လူတုိင္းသိေနတဲ့ကိစၥပါ။ ဒီဟာကေတာ့ ႏုိင္ငံတကာက ထည့္သြင္းစဥ္းစားရေလာက္ေအာင္၊ ႏုိင္ငံတကာက ဒီေလာက္ညံ့လိမ့္မယ္ မထင္ပါဘူး။ သို႔ေပမဲ့ သံုးသပ္သူတခ်ဳိ ႔က ေျပာၾကေရးၾကတာ ေတြ႔ရပါတယ္။ အာဆီယံက တကယ္ပဲ ျမန္မာႏုိင္ငံကို ဒီမိုကေရစီ ထြန္းကားေစခ်င္ရင္ေတာ့ ျမန္မာျပည္သူေတြကို ဒီမိုကေရစီလမ္းေၾကာင္းေပၚ ေရာက္ေစခ်င္လို႔ ဆိုတာထက္ မင္းတို႔ေဒသတြင္းမွာ ျဖစ္ေနတာကို မင္းတို႔ မႏိုင္ဘူးလားဆိုတဲ့ အေျပာခံရလြတ္ေအာင္ အဲဒီအတြက္ သူတုိ႔လုပ္ေနျခင္းသာ ျဖစ္တယ္လို႔ ဝါရင့္သတင္းသမားတခ်ဳိ ႔၊ သံုးသပ္သူတခ်ဳိ ႔က ေျပာၾကတယ္ဆိုေတာ့ ဒီအတုိင္းပဲ မျဖစ္ႏုိင္ဘူးလား။

ေျဖ ။ ။ က်ေနာ္ေတာ့ မထင္ဘူး။ သူတုိ႔ရဲ ႔ အဖြဲ႔ရဲ ႔ မူလပဋိညာဥ္မွာကိုက အကန္႔အသတ္ေတြ ရိွေတာ့ ဒါေၾကာင့္ သူတုိ႔လုပ္ရကိုင္ရတာ ေတာ္ေတာ္ခက္ေနတယ္လို႔ က်ေနာ္ကေတာ့ အဲဒီလိုပဲ သံုးသပ္ပါတယ္။

ေမး ။ ။ အခုက ျမန္မာႏုိင္ငံရဲ ႔ အေျခအေနက ေဒသကို ၿခိမ္းေျခာက္ေနတယ္ဆိုၿပီးေတာ့ ကမာၻက သံုးသပ္ေနၾကတာ။ ေနာက္ ရုရွားတုိ႔ ဘာတိုိ႔က ျမန္မာစစ္ေကာင္စီနဲ႔ သိပ္ၿပီးေတာ့ ရင္းႏီွးအလြမ္းသင့္လာတယ္။ စစ္ေရးအားျဖင့္ လက္နက္ေတြ အမ်ားႀကီး အကူအညီေပးေနတယ္။ ဒါ့အျပင္ ႏ်ဴကလီးယားဓါတ္ေပါင္းဖိုေတြ လုပ္ေပးမယ္ဆိုေတာ့ ဒါေတြကိုလဲ အာဆီယံဘက္ကလူေတြ မစဥ္းစားဘဲ ေနၾကမလား။

ေျဖ ။ ။ ဒါလဲ ျဖစ္ႏိုင္တာေပါ့။ သူတို႔အေနနဲ႔ ျမန္မာႏုိင္ငံဟာ ဒုတိယ ေျမာက္ကိုရီးယားလို ျဖစ္သြားမွာကိုလဲ စိုးရိမ္ၾကတာေပါ့။ အဲဒါေၾကာင္မုိ႔လဲ အာဆီယံအသင္းႀကီးက သူကို ထုတ္ျပစ္ဖုိ႔ကိစၥမွာ အေတာ္စဥ္းစားပံုလည္း ရပါတယ္။ ထုတ္ျပစ္လုိက္လို႔ အထီးက်န္ႏုိင္ငံ ျဖစ္သြားလို႔ ရိွရင္ေတာ့ ေျမာက္ကိုရီးယားလို အႏုျမဴလက္နက္ ကိုင္ထားတဲ့ ႏုိင္ငံဆိုးေလးတခု ေပၚလာမွာကိုလည္း စိုးရိမ္ပံု ရပါတယ္။

ေမး ။ ။ အားလံုးၿခံဳေျပာရရင္ေတာ့ အာဆီယံဟာ ဥကၠ႒သာ ေျပာင္းသြားတယ္။ ျမန္မာႏုိင္ငံအတြက္ေတာ့ သိပ္ၿပီးေတာ့ မထူးလွတဲ့ အေျခအေနလို႔ပဲ နိဂံုးခ်ဳပ္ရမယ္ထင္တယ္။

ေျဖ ။ ။ ဟုတ္ပါတယ္။ အဲဒီအတိုင္းပါပဲ။

==== Unicode ====

အာဆီယံထိပ်သီးစည်းဝေးပွဲ ပြီးဆုံးသွားတာနဲ့အတူ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးလဲ ကမ္ဘောဒီးယားဆီကနေ အင်ဒိုနီးရှားလက်ထဲ ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ကိုယ်တိုင်လည်း ဒီမိုကရေစီနိုင်ငံဖြစ်ပြီး အဖွဲ့ထဲမှာ အင်အားအကြီးဆုံးလည်းဖြစ်တဲ့ အင်ဒိုနီးရှား ဦးဆောင်မှုအောက်က အာဆီယံဟာ မြန်မာ့ပြဿနာ ပြေလည်ရေး ဘယ်လောက်ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖွယ် ရှိပါသလဲ။ စစ်ကောင်စီအနေနဲ့ကော ဒီတခါ အာဆီယံရဲ့ဆန္ဒအတိုင်း လိုက်နာဆောင်ရွက်လာနိုင်ခြေ ရှိပါသလား။ မြန်မာ့အရေးသုံးသပ်သူ ဦးရဲထွန်းနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ အာဆီယံထိပ်သီးအစည်းအဝေးတော့ ပြီးသွားပါပြီ။ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဘယ်လောက်များ သူတို့ ဆက်လက်ပြီး ဆောင်ရွက်လာနိုင်မလဲဆိုတဲ့ အခြေအနေကို ကျနော်တို့ အဓိကဆွေးနွေးချင်ပါတယ်ဆိုတော့ ဦးရဲထွန်း ပဏာမအနေနဲ့ သုံးသပ်ပါအုံး။

ဖြေ ။ ။ တော်တော်လေး အကြိတ်အနယ် ဆွေးနွေးကြတယ်လို့ ပြောတယ်။ ကမ္ဘောဒီးယားကတော့ မြန်မာကိစ္စကို ဆွေးနွေးတဲ့အခါမှာ အာဆီယံအသင်းကြီး မူလတည်ထောင်တုန်းက ပဋိညာဉ်နဲ့ မသွေဖီဖို့ လိုတယ်။ ပြည်တွင်းရေးကို ဝင်မစွက်ဖို့နဲ့ ခြိမ်းခြောက်တာ၊ ဖိအားပေးတာ၊ အကျပ်ကိုင်တာမျိုးတွေ မလုပ်နဲ့ဆိုတဲ့ အချက်ကို ထောက်ပြတာ သိလိုက်ရတယ်။ အဲဒီတော့ နောက်ဆုံးဆုံးဖြတ်ချက် ချလိုက်တဲ့ ဆုံးဖြတ်ချက်မှာ မူလကအတိုင်းပဲ Five-Point Consensus - သဘောတူညီချက် (၅) ချက်ကို အကောင်အထည်ဖော်ဖို့နဲ့ နောက်တခါ ဒါကိုပိုပြီးတော့ တိတိကျကျဖြစ်ဖို့ အချိန်ဇယား သတ်မှတ်ပေးဖို့၊ ဘယ်နေ့ဘယ်ရက်နောက်ဆုံး အကောင်အထည်ဖော်ရမယ် စသည်ဖြင့် အဲဒီလိုဟာမျိုးတွေကိုလည်း အသေးစိတ်ထုတ်ပြန်မယ်ဆိုတာမျိုး ဆုံးဖတ်သွားတာကို သတိထားလိုက်မိပါတယ်။ ထပ်ပြီးတော့ ပြင်းထန်တဲ့ ဖိအားကိုတော့ မပေးနိုင်ဘူး။ သိသာထင်ရှားတဲ့ ဖိအားကိုတော့ မပေးနိုင်ဘူး။ သို့သော် မြန်မာနိုင်ငံက သဘောတူထားတဲ့ အချက် (၅) ချက်ကို အကောင်အထည် မဖော်တဲ့အတွက်ကြောင့်သာဆိုပြီး မြန်မာနိုင်ငံကိုတော့ ဒီအစည်းအဝေးမှာ အပြစ်ဖို့လိုက်တယ်။

မေး ။ ။ မြန်မာပြည်သူတွေ အခြားနိုင်ငံတွေက မျှော်လင့်နေကြတယ်။ အာဆီယံကို အားထားပြီးတော့ အာဆီယကပဲ လုပ်ပေးလိမ့်မယ်လို့၊ လုပ်နေတာ ဘာမှတော့ ရှေ့ကိုတိုးတက်မလာဘူးလို့ ပြောရမှာပေါ့။ ဒါပေမဲ့ NUG ကတော့ သူတို့နဲ့ ထိတွေ့ဆက်ဆံဖို့ဆိုတာ ပါတဲ့အတွက်ကြောင့် သူတို့က အကန့်အသတ်နဲ့ ကြိုဆိုတယ်လို့ ကြားပါတယ်။ ဆိုတော့ NUG ကို ဘယ်လောက်အထိ အလေးတယူထားလာမယ်လို့ ခန့်မှန်းနိုင်ပါသလဲ။

ဖြေ ။ ။ NUG က ဒါနဲ့ပတ်သက်ပြီးတော့ သတိထားပြီး ကြိုဆိုတယ်။ သို့သော်လဲ အာဆီယံအနေနဲ့က NUG ကိုလည်း အသိအမှတ်ပြုပြီးတော့ ဆက်ဆံဖို့ တိုက်တွန်းထားတာကို သတိထားလိုက်မိတယ်။ အဲဒီတော့ ဒီလိုနှစ်ဘက် ဆက်ဆံပြီးတော့ ဆောင်ရွက်မှသာလျှင် သဘောတူညီချက် (၅) ချက် အကောင်အထည် ပေါ်လာမှာ၊ ပိုထိရောက်မယ်လို့ သူတို့ဘက်ကတော့ ယုံကြည်တဲ့အကြောင်း ပြောတာကို တွေ့လိုက်ရတယ်။ တဘက်ကကြတော့ အာဆီယံအသင်းဝင်တချို့က အဲဒီလို NUG ကို အသိအမှတ်ပြုလိုက်လို့ရှိရင် အခု နစက စစ်အစိုးရဘက်က စိတ်ဆိုးမလား။ သဘောမကျ ဖြစ်မလား။ အပြင်းအထန် ကန့်ကွက်မလား စသည်ဖြင့် အဲဒီလို စိုးရိမ်ပူပန်မှုမျိုးတွေလည်း ရှိတယ်လို့ သိရပါတယ်။

မေး ။ ။ ကျနော် မေးချင်တာလဲ အဲဒါအဓိကပါပဲ။ NUG ကို သူတို့က အသိအမှတ်ပြုတယ်ဆိုတာ တရားဝင်အစိုးရအဖြစ် recognize လုပ်တဲ့သဘောတော့ မဟုတ်ဘူးပေါ့။ သူတို့နဲ့ ဆက်ဆံပြီးတော့ ပြန်လည်သင့်မြတ်ရေး၊ စေ့စပ်ဆွေးနွေးရေးအတွက် တွန်းဖို့ဘာညာ ကြိုးပမ်းတာပဲ ရည်ရွယ်မယ်လို့ ထင်ပါတယ်။ အဲဒါကို စစ်ကောင်စီဘက်က ဘယ်လိုသဘောထားမလဲ။ အစကတည်းက တင်းမာနေတာ သူတို့က ပိုပြီးတော့ ပြတ်ပြတ်သားသား တင်းမာမသွားနိုင်ဘူးလား။

ဖြေ ။ ။ မှန်ပါတယ်။ ဒါကြောင့်မို့လဲ အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ကိုပဲ တောင်းဆိုတာကို သတိထားမိတယ်။ NUG နဲ့ တွေ့ဖို့၊ ဆွေးနွေးဖို့လိုတဲ့အကြောင်း နစကကို လာပြောတာ တခါမှ မရှိခဲ့ဘူး။ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖိုကိုတောင် သိပ်ခက်ခဲနေတော့ သူတို့လည်း အတော်စိတ်ပျက်ပုံ ရပါတယ်။ အထူးသဖြင့်တော့ ကမ္ဘောဒီးယားပေါ့။ မျှော်လင့်ချက် တော်တော်ကြီးကြီးမားမား ထားခဲ့တဲ့ ကမ္ဘောဒီးယားက အခု ဥက္ကဋ္ဌနေရာလည်း လက်လွှဲပြောင်းရခါနီးပြီ။ အခုထိလဲ ဒေါ်အောင်ဆန်းစုကြည်နဲ့တောင် တွေ့ခွင့်မရဘူးအခါကြတော့ တော်တော်ကို စိတ်ပျက်လက်ပျက် ဖြစ်ပုံတော့ ရှိပါတယ်။

မေး ။ ။ ဒီနေရမှာတော့ အာဆီယံနဲ့ တိုက်ရိုက်မဆိုင်ဘဲနဲ့ ဦးရဲထွန်းပြောတဲ့အထဲမှာ ဆက်စပ်နေလို့ တခုတော့ မေးကြည့်ချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခြင်းသည်၊ NUG နဲ့ တွေ့တာနဲ့ တသဘောတည်း ဖြစ်နိုင်သလား။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ရုံနဲ့ ပြဿနာတွေ ပြေလည်သွားနိုင်သလား။ NUG က အဲဒီလမ်းကြောင်းအတိုင်း လိုက်ပြီတော့ ဆောင်ရွက်သွားနိုင်တယ်လို့ ယတိပြတ်ပြောလို့ ရမလား။

ဖြေ ။ ။ ဟိုတနေ့က NLD က ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာက အာဆီယံကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မှသာလျှင် မြန်မာနိုင်ငံရဲ့ အရေးကိစ္စတွေ ဖြေရှင်းဖို့အတွက် လမ်းစရမယ်ဆိုတဲ့ သဘောမျိုး တိုက်တွန်းထားတာကို ကြားလိုက်ရပါတယ်။ အဓိပ္ပါယ်ကတော့ ဘာပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခွင့်ရရင် ဒေါ်အောင်ဆန်းစုကြည်ဆီက သဘောထားတခုခု သိရလို့ရှိရင် ဘာပဲဖြစ်ဖြစ် သူတို့ကလည်း လိုက်နာမယ်၊ နာခံမယ်ဆိုတဲ့ သဘောမျိုးလို့ ကျနော် ယူဆမိတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဘာပြောဖူးသလဲဆိုရင်၊ မကြာသေးခင်ကလည်း ထပ်ပြောထားတာကို ကျနော်တို့ သတိထားမိတယ်။ သူက သူ့ရဲ့သဘောထားကို မပြောခင်မှာ သူ့ရဲ့ပါတီအလုပ်အမှုဆောင်အဖွဲ့နဲ့ လွတ်လပ်စွာ ဆွေးနွေးတိုင်ပင်ချင်တယ်။ အဲဒီလိုဆိုပြီး ထပ်သတိပေးထားတာကို သတိထားလိုက်မိတယ်။ ဒါဆိုရင်တော့ NLD, NUG တို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို သဘောမတူ၊ လက်မခံနိုင်စရာ အကြောင်းမရှိဘူး။

မေး ။ ။ ဟုတ်တာပေါ့။ နောက်တခုက အာဆီယံဘက်ကို ကြည့်မယ်ဆိုရင် အာဆီယံရဲ့ ဥက္ကဋ္ဌဟာ ကမ္ဘောဒီးယား မဟုတ်တော့ဘဲနဲ့ အင်ဒိုနီးရှား လက်ထဲကို ရောက်သွားပြီ ဖြစ်ပါတယ်။ ကမ္ဘောဒီးယားနဲ့ ထိုင်းတို့ကတော့ အစကပဲ အရပ်သားစကားနဲ့ ပြောရရင် ခပ်ပျော့ပျော့လိုင်းလို့ ဆိုရမှာပေါ့။ ဆိုတော့ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူတို့ကတော့ ခပ်မာမာလိုင်းလို့ သတ်မှတ်ခဲ့ကြတာပေါ့။ ဒါပေမဲ့ အင်ဒိုနီးရှား ဥက္ကဋ္ဌ မဖြစ်ခင်ကတည်းက သူ့နိုင်ငံခြားရေးဝန်ကြီးက ပြောထားတယ်။ မြန်မာနိုင်ငံကို သူတို့တွန်းအားပေးလို့ မအောင်မြင်တာဟာ အာဆီယံရဲ့ အပြစ်မဟုတ်ဘူး။ အာဆီယံကို မဝေဖန်နဲ့ အပြစ်မတင်နဲ့ မြန်မာစစ်ကောင်စီကိုသာ အပြစ်တင်ပါလို့ ပြောထားတာ ရှိနေလေတော့၊ သူ ဥက္ကဋ္ဌ ဖြစ်လာတဲ့အခါမှာကော ဘယ်ထောက်ထိများ ပြတ်ပြတ်သားသား ကမ္ဘောဒီးယားထက်သာအောင် ဆောင်ရွက်နိုင်မယ် ထင်သလဲ။

ဖြေ ။ ။ ကျနော်တော့ သိပ်ပြီးတော့ မမြင်ဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့အဖွဲ့အတွင်းမှာကိုက ဒီကိစ္စကို ကိုင်တွယ်ဖို့နဲ့ ပတ်သက်ပြီးတော့ သဘောထားကွဲလွဲမှုတွေ ရှိတယ်။ နောက် ကမ္ဘောဒီးယားက အခု သတိပေးနေတာက မြန်မာကို အဖွဲ့ကနေ ထုတ်ပစ်ဖို့ တိုက်တွန်းတယ်၊ ဆွေးနွေးတယ်ဆိုရင်လဲ အဖွဲ့ရဲ့ ပဋိညာဉ်မှာပါတဲ့ အားလုံးသဘောတူတဲ့ ဆန္ဒအရသာ ဖြစ်သင့်တယ်ဆိုတာကို မကြာခဏ ထောက်ပြတာကို တွေ့ရတယ်။ ဆိုလိုချင်တာက အချို့ပြင်းထန်တဲ့ သဘောထားရှိတဲ့ နိုင်ငံတွေ ရှိပေမဲ့၊ အချီု့နိုင်ငံတွေက ဒါကိုကန့်ကွက်လိမ့်မယ်။ ဆိုလိုချင်တာက အဆိုးဆုံး မြန်မာကို အရေးယူတဲ့ ကိစ္စမှာတော့ အဖွဲ့အသင်းကနေ ထုတ်ပြစ်လိုက်တာမျိုး။ ထုတ်ပြစ်လိုက်တဲ့အတွက် မြန်မာအစိုးရက သူတို့ဆုံးဖြတ်ထားချက်ကို အကောင်အထည် ဖော်မှာလားဆိုပြီးတော့ ဒါကတော့ မသေချာဘူး။ ကျနော့်အမြင်ရတော့ လုံးဝကို လိုက်နာမှာ မဟုတ်ဘူး။ သူတို့ အခုပြောနေတဲ့ ရွေးကောက်ပွဲလုပ်ဖို့ဆိုတဲ့ဟာက မူလကတည်းက ချထားပြီသား၊ ပြောထားပြီသား လမ်းကြောင်းဖြစ်နေတော့၊ အဲဒီအတိုင်းပဲ သူတို့ကလျှောက်မှာ။ ရွေးကောက်ပွဲကို သူတို့ မဖြစ်မနေ လုပ်ပါလိမ့်မယ်။ တဘက်မှာ စိုးရိမ်နေကြတာက အဲဒီလို လုပ်လိုက်တဲ့အခါ နိုင်ငံတကာကနေ နစကကို အသိအမှတ်ပြုမှုတွေ များလာမလား။ ဒါကြောင့်မို့ ဒီရွေးကောက်ပွဲ မဖြစ်အောင်၊ ဟန့်တားဖို့ စိုးရိမ်မှုတွေလည်း ရှိတယ်လို့ သတိထားမိတာပေါ့။

မေး ။ ။ အဲဒီတော့ ရွေးကောက်ပွဲအပေါ်မှာ အခု အင်ဒိုနီးရှား ဥက္ကဋ္ဌ ဖြစ်လာတဲ့ အာဆီယံက ဘယ်လိုလုပ်နိုင်မလဲ ထင်သလဲ။ ဘယ်လိုကိုင်တွယ်မလဲ။ သူတို့ကလဲ ခေါင်းငြိမ့်မလား။ သို့တည်းမဟုတ် ဒီဟာကို မဖြစ်အောင် တားမလား။ တကယ်လို့ စစ်ကောင်စီက အတင်းလုပ်ခဲ့ရင်တောင် လက်မခံဘူးဆိုပြီး ပယ်ချမလား။ ပယ်ချရင်ကော ဘယ်လောက်ထိရောက်မလဲဆိုတာကို သုံးသပ်ပါအုံး။

ဖြေ ။ ။ အခု နစကအနေနဲ့က တလျှောက်လုံး ခိုင်ခိုင်မာမာ ပြောနေတာက သူတို့ ဒီလိုလုပ်ရခြင်းဟာ အာဏာသိမ်းချင်လို့ မဟုတ်ဘူး။ နစကဥက္ကဋ္ဌအနေနဲ့လည်း အခုစွပ်စွဲနေသလို သမ္မတလုပ်ချင်လို့ မဟုတ်ဘူး။ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲကော်မရှင်က မမှန်တာ၊ မတရားတာ လုပ်တဲ့အတွက်ကြောင့်မို့ တခြားနိုင်ငံရေးပါတီတွေက ဝိုင်းဝန်တိုက်တွန်းတဲ့အောက်မှာ မှားယွင်းနေတဲ့ စာရင်းတွေကို ဖြေရှင်းခိုင်းတာ၊ မဖြေရှင်းလို့ အခြေခံဥပဒေအရ သူတို့အာဏာသိမ်းရတယ်။ ပြီးရင် အခြေခံဥပဒေအရပဲ (၂) နှစ် သက်တမ်းပြီတဲ့အခါမှာ ရွေးကောက်ပွဲ လုပ်ပေးမယ်ဆိုပြီးတော့ အစကတည်းက သူတို့ ပြောခဲ့တာ ရှိပါတယ်။ အဲဒီလိုဆိုတော့ အဲဒီအပေါ်မှာ အခုဟာက ကျနော် သတိထားလိုက်မိတာ ပထမဦးဆုံး သူတို့အာဏာသိမ်းပြီး ဖမ်းလိုက်တဲ့အချိန်မှာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တယောက်က သူတို့လုပ်ထားတဲ့ မမှန်ကန်မှုတွေကို ဝန်ခံတာတယောက် ရှိတယ်။ အခု ထောင်ဒဏ် (၃) နှစ် ကျခံနေရတဲ့ ဥက္ကဋ္ဌနဲ့ ဦးမြင့်နိုင်ကလည်း သူတို့မှားယွင်းပြီးတော့ လုပ်ခဲ့မိပါတယ်ဆိုတာကို ဝန်ခံပြီးတော့ ပြစ်ဒဏ်က လျှော့ပေါ့ခွင့် တောင်းခံပြီး၊ သနားခံပြီးတော့ လွတ်လာတယ်။ အဲဒီလို အချက်အလက်တွေက နစကကို ပိုပြီးတော့ အားဖြစ်စေတာပေါ့။ သူတို့လုပ်တာ မှန်တယ်ဆိုတာကို အားဖြစ်စေတဲ့အတွက်ကြောင့်မို့ သူတို့ လျှောက်နေတဲ့လမ်းကိုတော့ သူတို့က ပြန်ပြီးတော့ နောက်လှည့်မယ်လို့တော့ ကျနော်ကတော့ မထင်ဘူး။ ဆက်လျှောက်လိမ့်မယ်။ သို့သော် တခုပဲ ကျနော်တို့ စောင့်ကြည့်ရမှာက ရွေးကောက်ပွဲအပြီးမှာ နစကဥက္ကဋ္ဌက သမ္မတ လုပ်ချင်တယ်။ သမ္မတရာထူးကို ယူတယ်ဆိုရင်တော့ အများကစွပ်စွဲနေသလို၊ သမ္မတဖြစ်ချင်လို့ အာဏသိမ်းတာဆိုတဲ့ စွပ်စွဲချက်ကတော့ တည့်တည်တိုးနေတော့မှာပေါ့။ အမှန်တကယ်ကတော့ အမတ်နေရာ အများဆုံးရတဲ့ ပါတီကပဲ သမ္မတ ဖြစ်သင့်တာပေါ့။

မေး ။ ။ အဲဒီမှာ သူတို့ အကြောင်းပြမှာပေါ့ သူတို့တင်မြှောက်တဲ့၊ သူတို့တင်မြှောက်တဲ့ လွှတ်တော်က နိုင်အောင်လုပ်ပြီးတော့ သူတို့က ရွေးပါတယ်။ သူတို့က တင်မြှောက်ပါတယ်ဆိုပြီးတော့ တိုင်းပြည်က တာဝန်ပေးလာရင် ကျနော်က လုပ်မှာပဲလို့ ပြောထားတဲ့လူဆိုတော့ လုပ်မှာပဲ။ နောက်ပြီးတော့ သူတို့အကြောင်းပြတာ ဖွဲ့စည်းပုံအရ လုပ်ခဲ့တယ်ဆိုတာကို ဘယ်သူယုံလို့လဲ။ တကယ်ကော လက်တွေ့စဉ်းစားကြည့် ဦးရဲထွန်း။ ဖွဲ့စည်းပုံအတိုင်း လုပ်တာမှ မဟုတ်တာ။ သမ္မတကို ထိန်းချုပ်ပြီးတော့ ခင်များ ဒီလိုပြော၊ ဒီလိုလုပ်ဆိုပြီးတော့ အတင်းလုပ်ခဲ့တယ်ဆိုတာကို လူတိုင်းသိနေတဲ့ကိစ္စပါ။ ဒီဟာကတော့ နိုင်ငံတကာက ထည့်သွင်းစဉ်းစားရလောက်အောင်၊ နိုင်ငံတကာက ဒီလောက်ညံ့လိမ့်မယ် မထင်ပါဘူး။ သို့ပေမဲ့ သုံးသပ်သူတချို့က ပြောကြရေးကြတာ တွေ့ရပါတယ်။ အာဆီယံက တကယ်ပဲ မြန်မာနိုင်ငံကို ဒီမိုကရေစီ ထွန်းကားစေချင်ရင်တော့ မြန်မာပြည်သူတွေကို ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်စေချင်လို့ ဆိုတာထက် မင်းတို့ဒေသတွင်းမှာ ဖြစ်နေတာကို မင်းတို့ မနိုင်ဘူးလားဆိုတဲ့ အပြောခံရလွတ်အောင် အဲဒီအတွက် သူတို့လုပ်နေခြင်းသာ ဖြစ်တယ်လို့ ဝါရင့်သတင်းသမားတချို့၊ သုံးသပ်သူတချို့က ပြောကြတယ်ဆိုတော့ ဒီအတိုင်းပဲ မဖြစ်နိုင်ဘူးလား။

ဖြေ ။ ။ ကျနော်တော့ မထင်ဘူး။ သူတို့ရဲ့ အဖွဲ့ရဲ့ မူလပဋိညာဉ်မှာကိုက အကန့်အသတ်တွေ ရှိတော့ ဒါကြောင့် သူတို့လုပ်ရကိုင်ရတာ တော်တော်ခက်နေတယ်လို့ ကျနော်ကတော့ အဲဒီလိုပဲ သုံးသပ်ပါတယ်။

မေး ။ ။ အခုက မြန်မာနိုင်ငံရဲ့ အခြေအနေက ဒေသကို ခြိမ်းခြောက်နေတယ်ဆိုပြီးတော့ ကမ္ဘာက သုံးသပ်နေကြတာ။ နောက် ရုရှားတို့ ဘာတို့က မြန်မာစစ်ကောင်စီနဲ့ သိပ်ပြီးတော့ ရင်းနှီးအလွမ်းသင့်လာတယ်။ စစ်ရေးအားဖြင့် လက်နက်တွေ အများကြီး အကူအညီပေးနေတယ်။ ဒါ့အပြင် နျူကလီးယားဓါတ်ပေါင်းဖိုတွေ လုပ်ပေးမယ်ဆိုတော့ ဒါတွေကိုလဲ အာဆီယံဘက်ကလူတွေ မစဉ်းစားဘဲ နေကြမလား။

ဖြေ ။ ။ ဒါလဲ ဖြစ်နိုင်တာပေါ့။ သူတို့အနေနဲ့ မြန်မာနိုင်ငံဟာ ဒုတိယ မြောက်ကိုရီးယားလို ဖြစ်သွားမှာကိုလဲ စိုးရိမ်ကြတာပေါ့။ အဲဒါကြောင်မို့လဲ အာဆီယံအသင်းကြီးက သူကို ထုတ်ပြစ်ဖို့ကိစ္စမှာ အတော်စဉ်းစားပုံလည်း ရပါတယ်။ ထုတ်ပြစ်လိုက်လို့ အထီးကျန်နိုင်ငံ ဖြစ်သွားလို့ ရှိရင်တော့ မြောက်ကိုရီးယားလို အနုမြူလက်နက် ကိုင်ထားတဲ့ နိုင်ငံဆိုးလေးတခု ပေါ်လာမှာကိုလည်း စိုးရိမ်ပုံ ရပါတယ်။

မေး ။ ။ အားလုံးခြုံပြောရရင်တော့ အာဆီယံဟာ ဥက္ကဋ္ဌသာ ပြောင်းသွားတယ်။ မြန်မာနိုင်ငံအတွက်တော့ သိပ်ပြီးတော့ မထူးလှတဲ့ အခြေအနေလို့ပဲ နိဂုံးချုပ်ရမယ်ထင်တယ်။

ဖြေ ။ ။ ဟုတ်ပါတယ်။ အဲဒီအတိုင်းပါပဲ။

XS
SM
MD
LG