သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လက္ပံေတာင္းေတာင္ ေၾကးနီစီမံကိန္းအနီး ဖမ္းဆီးခံ ရြာသားေတြကို စစ္ေကာင္စီျပန္လႊတ္


စစ္ကိုင္းတုိင္း၊ ဆားလင္းႀကီးၿမိဳ႕နယ္၊ လက္ပံေတာင္းေတာင္ေၾကးနီစီမံကိန္းနားက မိုးႀကိဳးျပင္ရြာ (ေျမာက္) နဲ႔ပတ္ဝန္းက်င္တဝိုက္ကရြာေတြ မီး႐ိႈ႕ခံရပံု။ (ဓာတ္ပံု-CJ)

စစ္ကိုင္းတိုင္း၊ ဆားလင္းႀကီးၿမိဳ႕နယ္၊ လက္ပံေတာင္းေတာင္ေၾကးနီစီမံကိန္းအနီးက မိုးႀကိဳးျပင္၊ ေျမာက္ေက်း႐ြာနဲ့ ဆည္တည္းေက်းရြာအေဟာင္းကုိစစ္ေကာင္စီတပ္ေတြ ၀င္ေရာက္ျပီး ရြာေတြကိုမီး႐ႈိ ႔တာ၊ ေက်းရြာသားတခ်ိဳ ႔ကုိသတ္ျဖတ္တာ၊ ကေလးနဲ႔အမ်ိဳးသား ၄၀ ထက္မနည္းကုိဖမ္းဆီးထားတာေတြလုပ္ခဲ့ပါတယ္။ ဒါေၾကာင့္ပဲ ဇြန္လ၂၂ရက္ေန႔ညမွာ ႏွစ္ဖက္ပစ္ခတ္မႈေတြျဖစ္ပြါးခဲ့ပါတယ္။ ဒီသတင္းကုိဗီြအိုေအသတင္းေထာက္မေအးေအးမာကသတင္းေပးပုိ႔ထားပါတယ္။

စစ္ကိုင္းတိုင္း၊ ဆားလင္းႀကီးၿမိဳ႕နယ္၊လက္ပံေတာင္းေတာင္ေၾကးနီစီမံကိန္းအနီးက မိုးႀကိဳးျပင္၊ ေျမာက္ေက်း႐ြာနဲ႔ ဆည္တည္းေက်းရြာအေဟာင္းကုိစစ္ေကာင္စီတပ္ေတြ ၀င္ေရာက္ၿပီး ရြာေတြကိုမီးရႈိ ႕တာ၊ ေက်းရြာသားတခ်ိဳကုိသတ္ျဖတ္တာအျပင္လူငယ္ေတြပါ၀င္တဲ့ အမ်ိဳးသား၄၀ေလာက္ဖမ္းဆီးခဲ့ပါတယ္။ ဗုဒၶဟူးေန႔ မနက္ကတည္းကေနဖမ္းဆီးထားတဲ့ ႐ြာသားေတြကုိျပန္လႊတ္မေပးတာေႀကာင့္ ညပုိင္းမွာေတာ့ ႏွစ္ဖက္ပစ္ခတ္မႈေတြျဖစ္ခဲ့တယ္လို႔ လက္ပံေတာင္းေဒသခံတဦးကအခုလိုေျပာျပပါတယ္။

" ည ၇ နာရီေက်ာ္ေက်ာ္ေလာက္မွာ သူတို႔ တုိက္ပဲြေတြျဖစ္ၾကတယ္။ နာရီ၀က္ေလာက္ျဖစ္ႀကတယ္။ ပထမဦးဆံုး ၀မ္ေပါင္ဘက္ျခမ္းကေန လက္နက္ႀကီးနဲ႔ ပစ္ေတာ့ က်ေနာ္တို႔တံုရြာဘက္က ကံက်င္းဆုိတဲ့ဘက္ကုိ လက္နက္ႀကီးက်ၿပီးကဲြတာရွိတယ္။ တိုက္ပဲြျဖစ္ေတာ့ အဲဒီေတာ႔ ရြာသူရြာသားေတြကလည္း ထြက္ေျပးၾကတာေပါ့ဗ်ာ။ တိုက္ပဲြအေနအထားကအဲဒီလိုျဖစ္ၿပီး ေဒသခံကာကြယ္ေရးတပ္ဖဲြေတြနဲ႔ တုိက္ပဲြျဖစ္တာ နာရီ၀က္ေလာက္ၾကာတယ္။ တိုက္ပဲြျဖစ္တာကေတာ့အေ၀းပစ္ေတြနဲ႔ ပစ္ႀကတဲ့သေဘာပဲ။ ႏွစ္ဖက္ရင္ဆိုင္ျပီးအနီးကပ္ပစ္တဲ့တုိက္ပဲြမဟုတ္ဘူး။ စစ္တပ္ဘက္ကလည္း ၀မ္ေပါင္ကုမၸဏီဘက္ကေန လွမ္းၿပီးတံုရြာဘက္ကုိလွမ္းပစ္တယ္။ ေဒသခံကာကြယ္ေရးတပ္ဖဲြ ့ေတြကလည္း သူတို႕ တေနရာကေန ၀မ္ေပါင္ဆိုဒ္နဲ႔ နီးတဲ့သူတုိ႔ပစ္လို႔ရတဲ့ေနရာကေန ၀မ္ေပါင္ဆိုဒ္ဘက္ကုိလွမ္းပစ္တယ္"

ပစ္ခတ္မႈေတြျဖစ္ျပီးေနာက္မနက္ပုိင္းက ဖမ္းဆီးထားတဲ့ဆည္တည္းေက်းရြာသားေတြကိုျပန္လႊတ္ေပးလိုက္တယ္လိုဆိုပါတယ္။

"ဆည္တည္းရြာကအမ်ိဳးသားခ်ည္းပဲလူ ၄၀ေလာက္ဖမ္းတယ္။ အစပုိင္းဖမ္းတာအမ်ိဳးသမီးေတြလည္းပါတယ္။ အမ်ိဳးသမီးေတြကုိေတာ့ရြာထဲကိုျပန္လႊတ္ေပးၿပီး အမ်ိဳးသားေတြကုိေတာ့ တန္ဆာခံအျဖစ္ဖမ္းထားတယ္။ အမ်ိဳးသားအင္အား၄၀ေလာက္ကုိဖမ္းထားတယ္။ အခုညပုိ္င္း ၉နာရီေက်ာ္ေလာက္မွာေတာ့ ၉နာရီ ၁၅ေလာက္မွာအမ်ိဳးသားေတြကုိလည္းျပန္လႊတ္ေပးလိုက္တယ္။ က်ေနာ္တို႔ ယူဆခ်က္ကေတာ့တရုတ္ ကုမၸဏီဘက္က တခုခုမ်ားဖိအားတစံုတရာေပးတာမ်ိဳးရြာေတြမိီး႐ိႈ႔ တာမ်ိဳးမလုပ္ဖို႔ေျပာထားသလားေတာ့မသိဘူး။ မေန႔ က မိုးႀကိဳးျပင္၊ ေျမာက္)ရြာကိုဆက္ဆံသလိုမ်ိဳး( မီးရႈိ ႔လူသတ္တာ)ကို ဆည္တည္းရြာဘက္ကုိလည္းမလုပ္သြားတာေတာ့ထူးထူးျခားျခားေတြ ့ရတယ္။ ေနာက္တခ်က္ကေတာ့ ၀မ္ေပါင္ဘက္ကုိ ေဒသခံေတြဘက္က ပစ္ခတ္လို႔ ေဒသခံေတြကုိျပန္လႊတ္ေပးတယ္မေ ပးဘူးဆိုတာေတာ့ ယူဆလို႔ မရပါဘူး။
ဘယ္လိုေၾကာင့္ျပန္လႊတ္ေပးလဲဆိုတာေတာ့ ယူဆလို႔မရပါဘူး။"

လက္ပံေတာင္းေတာင္ဘက္မွာႏွစ္ဖက္ပစ္ခတ္မူေတြနဲ႕ ပတ္သက္လို႕ စစ္ေကာင္စီဘက္ကေတာ့သတင္းထုတ္ျပန္တာမရွိေသးပါဘူး။ ဒီဆည္တည္းေက်းရြာဟာ လက္ပံေတာင္းေၾကးနီစီမံကိန္းေၾကာင့္ သိမ္းဆည္းခံရတဲ့ေက်းရြာေတြထဲမွာပါ၀င္တာျဖစ္ၿပီး အိမ္ေျခ ၁၀၀ ေက်ာ္ကေတာ့ ဖယ္ရွားမေပးပဲ ဆက္ျပီးေနထုိင္ေနတာပါ။ ဒီရြာဟာ လြန္ခဲ့တဲ့ ၁၀ႏွစ္ ၂၀၁၂ခုႏွစ္ကတည္းကစၿပီး ရြာကေနဖယ္ရွားေပးဖို႔ ဖိအားေပးခံေနရတဲ့ေက်းရြာတခုလည္းျဖစ္ပါတယ္။ လက္ပံေတာင္းေတာင္ေႀကးနီစီမံကိန္းကို စစ္တပ္ေက်ာေထာက္ေနာက္ခံရိွတဲ့ဦးပုိင္လီမီတက္ကုမၸဏီနဲ့တရုပ္ႏုိင္ငံက ျမန္မာ၀မ္ေပါင္ကုမၸဏီက ဖက္စပ္လုပ္ကုိင္ေနတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအနီးက မိုးကြိုးပြင်၊ မြောက်ကျေးရွာနဲ့ ဆည်တည်းကျေးရွာအဟောင်းကိုစစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး ရွာတွေကိုမီးရှို့တာ၊ ကျေးရွာသားတချို့ကိုသတ်ဖြတ်တာ၊ ကလေးနဲ့အမျိုးသား ၄၀ ထက်မနည်းကိုဖမ်းဆီးထားတာတွေလုပ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ဇွန်လ၂၂ရက်နေ့ညမှာ နှစ်ဖက်ပစ်ခတ်မှုတွေဖြစ်ပွါးခဲ့ပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအနီးက မိုးကြိုးပြင်၊ မြောက်ကျေးရွာနဲ့ ဆည်တည်းကျေးရွာအဟောင်းကိုစစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး ရွာတွေကိုမီးရှို့တာ၊ ကျေးရွာသားတချိုကိုသတ်ဖြတ်တာအပြင်လူငယ်တွေပါဝင်တဲ့ အမျိုးသား၄၀လောက်ဖမ်းဆီးခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ မနက်ကတည်းကနေဖမ်းဆီးထားတဲ့ ရွာသားတွေကိုပြန်လွှတ်မပေးတာကြောင့် ညပိုင်းမှာတော့ နှစ်ဖက်ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်လို့ လက်ပံတောင်းဒေသခံတဦးကအခုလိုပြောပြပါတယ်။

" ည ၇ နာရီကျော်ကျော်လောက်မှာ သူတို့ တိုက်ပွဲတွေဖြစ်ကြတယ်။ နာရီဝက်လောက်ဖြစ်ကြတယ်။ ပထမဦးဆုံး ဝမ်ပေါင်ဘက်ခြမ်းကနေ လက်နက်ကြီးနဲ့ ပစ်တော့ ကျနော်တို့တုံရွာဘက်က ကံကျင်းဆိုတဲ့ဘက်ကို လက်နက်ကြီးကျပြီးကွဲတာရှိတယ်။ တိုက်ပွဲဖြစ်တော့ အဲဒီတော့ ရွာသူရွာသားတွေကလည်း ထွက်ပြေးကြတာပေါ့ဗျာ။ တိုက်ပွဲအနေအထားကအဲဒီလိုဖြစ်ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲတွေနဲ့ တိုက်ပွဲဖြစ်တာ နာရီဝက်လောက်ကြာတယ်။ တိုက်ပွဲဖြစ်တာကတော့အဝေးပစ်တွေနဲ့ ပစ်ကြတဲ့သဘောပဲ။ နှစ်ဖက်ရင်ဆိုင်ပြီးအနီးကပ်ပစ်တဲ့တိုက်ပွဲမဟုတ်ဘူး။ စစ်တပ်ဘက်ကလည်း ဝမ်ပေါင်ကုမ္ပဏီဘက်ကနေ လှမ်းပြီးတုံရွာဘက်ကိုလှမ်းပစ်တယ်။ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကလည်း သူတို့ တနေရာကနေ ဝမ်ပေါင်ဆိုဒ်နဲ့ နီးတဲ့သူတို့ပစ်လို့ရတဲ့နေရာကနေ ဝမ်ပေါင်ဆိုဒ်ဘက်ကိုလှမ်းပစ်တယ်"

ပစ်ခတ်မှုတွေဖြစ်ပြီးနောက်မနက်ပိုင်းက ဖမ်းဆီးထားတဲ့ဆည်တည်းကျေးရွာသားတွေကိုပြန်လွှတ်ပေးလိုက်တယ်လိုဆိုပါတယ်။

"ဆည်တည်းရွာကအမျိုးသားချည်းပဲလူ ၄၀လောက်ဖမ်းတယ်။ အစပိုင်းဖမ်းတာအမျိုးသမီးတွေလည်းပါတယ်။ အမျိုးသမီးတွေကိုတော့ရွာထဲကိုပြန်လွှတ်ပေးပြီး အမျိုးသားတွေကိုတော့ တန်ဆာခံအဖြစ်ဖမ်းထားတယ်။ အမျိုးသားအင်အား၄၀လောက်ကိုဖမ်းထားတယ်။ အခုညပိုင်း ၉နာရီကျော်လောက်မှာတော့ ၉နာရီ ၁၅လောက်မှာအမျိုးသားတွေကိုလည်းပြန်လွှတ်ပေးလိုက်တယ်။ ကျနော်တို့ ယူဆချက်ကတော့တရုတ် ကုမ္ပဏီဘက်က တခုခုများဖိအားတစုံတရာပေးတာမျိုးရွာတွေမီးရှို့ တာမျိုးမလုပ်ဖို့ပြောထားသလားတော့မသိဘူး။ မနေ့ က မိုးကြိုးပြင်၊ မြောက်)ရွာကိုဆက်ဆံသလိုမျိုး( မီးရှို့လူသတ်တာ)ကို ဆည်တည်းရွာဘက်ကိုလည်းမလုပ်သွားတာတော့ထူးထူးခြားခြားတွေ့ရတယ်။ နောက်တချက်ကတော့ ဝမ်ပေါင်ဘက်ကို ဒေသခံတွေဘက်က ပစ်ခတ်လို့ ဒေသခံတွေကိုပြန်လွှတ်ပေးတယ်မေ ပးဘူးဆိုတာတော့ ယူဆလို့ မရပါဘူး။
ဘယ်လိုကြောင့်ပြန်လွှတ်ပေးလဲဆိုတာတော့ ယူဆလို့မရပါဘူး။"

လက်ပံတောင်းတောင်ဘက်မှာနှစ်ဖက်ပစ်ခတ်မူတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ ဒီဆည်တည်းကျေးရွာဟာ လက်ပံတောင်းကြေးနီစီမံကိန်းကြောင့် သိမ်းဆည်းခံရတဲ့ကျေးရွာတွေထဲမှာပါဝင်တာဖြစ်ပြီး အိမ်ခြေ ၁၀၀ ကျော်ကတော့ ဖယ်ရှားမပေးပဲ ဆက်ပြီးနေထိုင်နေတာပါ။ ဒီရွာဟာ လွန်ခဲ့တဲ့ ၁၀နှစ် ၂၀၁၂ခုနှစ်ကတည်းကစပြီး ရွာကနေဖယ်ရှားပေးဖို့ ဖိအားပေးခံနေရတဲ့ကျေးရွာတခုလည်းဖြစ်ပါတယ်။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို စစ်တပ်ကျောထောက်နောက်ခံရှိတဲ့ဦးပိုင်လီမီတက်ကုမ္ပဏီနဲ့တရုပ်နိုင်ငံက မြန်မာဝမ်ပေါင်ကုမ္ပဏီက ဖက်စပ်လုပ်ကိုင်နေတာဖြစ်ပါတယ်။

XS
SM
MD
LG