သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာ့ စီးပြား ဖြံ႔ၿဖိဳးမႈ ေမွးမွိန္ခ်ိန္ တရားမ၀င္ စီးပြားေရး တိုးလာႏိုင္ေျခ 


(Zawgyi/ Unicode)

ျမန္မာႏုိင္ငံရဲ႕ စီးပြားေရးက တစတစ ၿပိဳလဲလာေနၿပီး တရားမ၀င္ ကုန္သြယ္ေရး ပိုျဖစ္ထြန္းလာကာ ၂၀၂၂ ခုႏွစ္မွာ ဖြံ႔ၿဖိဳးမႈ မရွိေတာ့တဲ႔ အေျခအေန ေရာက္သြားႏုိင္ေၾကာင္း ကြ်မ္းက်င္သူေတြက ခန္႔မွန္းၾကပါတယ္။ Tommy Walker ရဲ႕ သတင္းေဆာင္းပါးကို ဒီသီတင္းပတ္ စီးပြားေရး အစီအစဥ္ အျဖစ္ မသိဂၤ ီထုိက္ တင္ျပေပးပါမယ္။

ေဖေဖာ္၀ါရီလက စစ္အာဏာသိမ္းခံရၿပီးေနာက္ ျမန္မာႏိုင္ငံရဲ႕ စီးပြားေရးဟာ ထိုးက်သြားခဲ႔ပါတယ္။ က်န္းမာေရး ၀န္ထမ္းေတြ၊ ေရွ႕ေနေတြ၊ ဆရာေတြနဲ႔ အင္ဂ်င္နီယာေတြ အပါအ၀င္ ေထာင္ေပါင္းမ်ားစြာေသာ ျပည္သူေတြဟာ စစ္အုပ္ခ်ဳပ္ေရး လက္ေအာက္ အမႈထမ္းဖို႔ ျငင္းဆန္ခဲ႔ၾကၿပီး ဆႏၵျပခဲ႔ၾကပါတယ္။ စစ္အာဏာသိမ္းၿပီးေနာက္ ရက္ပိုင္း အတြင္းမွာဘဲ အရပ္ဘက္ အာဏာဖီဆန္မႈ လႈပ္ရွားမႈ CDM ကို စတင္လႈပ္ရွားခဲ႔ၾကတာပါ။

စစ္တပ္ ထိန္းခ်ဳပ္တဲ႔ စီးပြားေရးကို ထိုးႏွက္ၿပီး စစ္အုပ္ခ်ဳပ္ေရး ဆန္႔က်င္ေရး လႈပ္ရွားမႈမွာ လုပ္သား အင္အားထုႀကီးလည္း ပါ၀င္ခဲ႔ပါတယ္။ လႈပ္ရွားမႈစၿပီး မၾကာခင္မွာဘဲ ဘဏ္ ၀န္ထမ္းေတြလည္း ပူးေပါင္းပါ၀င္လာၿပီး အလုပ္မဆင္းၾကခဲ႔ၾကပါဘူး။ လူထုနဲ႔ စီးပြားေရး လုပ္ငန္းေတြတင္ မဟုတ္ဘဲ စစ္တပ္လည္း ေငြေၾကး လည္ပတ္ စီးဆင္းမႈ ျပသနာ တက္ခဲ႔ပါတယ္။ စစ္အာဏာသိမ္းၿပီးေနာက္ ကာလ တေလွ်ာက္လံုးမွာလည္း စစ္တပ္ပိုင္ ဒါမွမဟုတ္လည္း စစ္တပ္နဲ႔ ဆက္စပ္တဲ႔ စီးပြားေရး လုပ္ငန္းေတြ အႀကီးအက်ယ္ သပိတ္ေမွာက္ခံရပါတယ္။

စစ္ေကာင္စီ တပ္ဖြဲ႔ေတြနဲ႔ အတိုက္အခံ အဖြဲ႔ေတြၾကား တိုက္ပြဲေတြ ခပ္စိပ္စိပ္ ျဖစ္လာတာေၾကာင့္လည္း အသက္ အႏၲရာယ္ စိုးရိမ္ၾကတဲ႔ ေထာင္နဲ႔ခ်ီတဲ႔ အလုပ္သမားေတြ ဌာေနျပန္ၾကပါတယ္။ ပိတ္သိမ္းရတဲ႔ စက္ရံုေတြနဲ႔ စီးပြားေရး လုပ္ငန္းေတြလည္း ရွိတာေၾကာင့္ အလုပ္လက္မဲ႔ ျဖစ္မႈနဲ႔ ၀င္ေငြ ဆံုးရံႈးမႈလည္း မ်ားလာေစပါတယ္။ ၿပီးခဲ႔တဲ႔ ႏို၀င္ဘာလ အတြင္း ထိုင္းႏိုင္ငံရဲ႕ ႏိုင္ငံျခား သတင္းေထာက္မ်ား အသင္းက ကမကထ လုပ္တဲ႔ အခမ္းအနား တခုမွာ Nikkei Asia ရဲ႕ အယ္ဒီတာ Gwen Robinson က ျမန္မာႏိုင္ငံတြင္း စီးပြားေရး အၾကပ္အတည္း တခ်ိဳ႕ကို ေထာက္ျပပါတယ္။

“ လက္ရွိ ျမန္မာႏိုင္ငံမွာ စီးပြားေရး တက္လာတာနဲ႔ က်သြားတာ ႏွစ္မ်ိဳးစလံုးကို ေတြ႕ေနရပါတယ္။ တရားမ၀င္ စီးပြားေရး ဖြံ႔ၿဖိဳးလာေနၿပီး တရား၀င္ ဒါမွမဟုတ္လည္း ျပည္တြင္း ေစ်းကြက္ စီးပြားေရးက ၿပိဳလဲလာေနၿပီ ဆိုတဲ႔ သေဘာထားေတြ မ်ားလာေနပါတယ္။ ”

ဖိႏွိပ္ ၿဖိဳခြင္းမႈေတြ ဆက္ျဖစ္ေနတာနဲ႔ အတူ ျမန္မာ စစ္တပ္ရဲ႕ လုပ္ငန္းႀကီးေတြဟာလည္း အေမရိကန္၊ ၿဗိတိန္နဲ႔ ဥေရာပ သမဂၢတို႔ဘက္က ကုန္သြယ္ေရး ျပင္းျပင္းထန္ထန္ ဒဏ္ခတ္ပိတ္ဆို႔မႈနဲ႔ ရင္ဆိုင္ေနရပါတယ္။ ဒီကိစၥက စစ္တပ္ ေခါင္းေဆာင္ပိုင္း အတြက္ ဖိအား ျဖစ္ေစပါတယ္။ Nikkei Asia ရဲ႕ အယ္ဒီတာ Gwen Robinson က အခုလို ဆက္ေျပာပါတယ္။

“ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိုႈင္က ကိုယ္႔အားကိုယ္ကိုးၾကဖို႔ တြန္းအားေပးေနပါတယ္။ ျပည္သူေတြ ေလာင္စာဆီ ေလွ်ာ့သံုးၾကဖို႔၊ အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရးကို ပိုၿပီး သံုးၾကဖို႔၊ လမ္းေလွ်ာက္ၾကဖို႔၊ ေနာက္ သြင္းကုန္ေတြ ေလွ်ာ့ၿပီး ထမင္း ေလွ်ာ့စားၾကဖို႔ ေျပာပါတယ္။ ”

ျမန္မာႏိုင္ငံရဲ႕ စိုက္ပ်ိဳးေရး၊ ေရထြက္ကုန္၊ သတၱဳ သယံဇာတနဲ႔ ထုတ္ကုန္ တင္ပို႔မႈကလည္း ေႏွးေကြးေနၿပီး ကုန္ၾကမ္းေတြ၊ ပို႔ကုန္ ရင္းႏွီးျမႇဳပ္ႏွံမႈေတြဟာလည္း ၂၀၂၀ ျပည့္ႏွစ္ ကတည္းက ေလ်ာ့က်ေနတာပါ။ စီးပြားေရး လုပ္ငန္း မွတ္ပံုတင္မႈက ဒီႏွစ္ အတြင္းမွာ ၄၄ ရာခိုင္ႏႈန္းက်ဆင္းေနေၾကာင္း၊ ျမန္မာ က်ပ္ေငြ တန္းဖိုးကလည္း အရွိန္အဟုန္နဲ႔ အေျပာင္းအလဲ ျဖစ္ေနေၾကာင္း Nikkei Asia ရဲ႕ အယ္ဒီတာ Gwen Robinson က ေထာက္ျပပါတယ္။

၂၀၂၁ ခုႏွစ္ ဒုတိယ ေလးလပတ္ အတြင္း အလုပ္အကိုင္ ၁ သန္း ၂ သိန္းေလာက္ ဆံုးရံႈးေၾကာင္း ႏိုင္ငံတကာ အလုပ္သမား အဖြဲ႔ခ်ဳပ္ ILO ရဲ႕ အစီရင္ခံစာက ေဖာ္ျပပါတယ္။ ျမန္မာ့ စီးပြားေရး က႑ေပါင္းစံုမွာ သက္ေရာက္ ထိခိုက္တာမွာ ဟိုတယ္နဲ႔ ခရီးသြားလုပ္ငန္း၊ ေဆာက္လုပ္ေရး၊ အထည္ခ်ဳပ္ လုပ္ငန္း က႑တို႔မွာ ဆိုးဆိုးရြားရြား ထိခိုက္ သက္ေရာက္ပါတယ္။ ၿပီးခဲ႔တဲ႔ႏွစ္ Covid-19 ကပ္ေဘးေရာဂါ စခဲ႔ၿပီးခ်ိန္ကစလို႔ စီးပြားေရး က်ေနတဲ႔ အေနအထားလို႔လည္း Robinson က ေျပာပါတယ္။

“ စီးပြားေရး တုံ႔ဆိုင္းသြားၿပီး အလုပ္ေတြ ပိတ္ခဲ႔ရတဲ႔ တင္းတင္းၾကပ္ၾကပ္ အသြားအလာ ပိတ္ပင္ ကန္႔သတ္မႈေတြေၾကာင့္ စစ္အာဏာမသိမ္းခင္ ကတည္းက စီးပြားေရး ၿပိဳလဲမႈက စေနပါၿပီ။ Covid-19 ျပန္ျဖစ္တာေၾကာင့္ စီးပြားေရး အထိနာရပါတယ္။ ”

၂၀၂၁ ခုႏွစ္ အတြင္း ျမန္မာႏိုင္ငံရဲ႕ တရား၀င္ စီးပြားေရးက ၁၈ ရာခိုင္ႏႈန္းေလာက္ က်ဆင္းမယ္လို႔ ကမ ၻာ့ဘဏ္က ဇူလိုင္လ အတြင္းမွာ ခန္႔မွန္းခဲ႔ပါတယ္။ အေမရိကန္ရဲ႕ အေႂကြးယူခြင့္ အဆင့္အတန္း သတ္မွတ္တဲ႔ Fitch Solution လုပ္ငန္းကလည္း လာမယ့္ ၂၀၂၂ ခုႏွစ္ အတြင္း ျမန္မာႏိုင္ငံရဲ႕ ဖြံ႔ၿဖိဳးမႈ ခန္႔မွန္းခ်က္ကို ေျပာင္းလဲလိုက္ၿပီး အႏုတ္ ၄ ဒသမ ၄ ရာခိုင္ႏႈန္း ေလ်ာ့က်မယ့္လို႔ ခန္႔မွန္းထားပါတယ္။ ျမန္မာ့ စီးပြားေရး ဦးေမာ႔လာမယ့္ အေနအထား ျဖစ္လာမယ့္ပံု မရွိဘူးလို႔လည္း ႏိုင္ငံေရး သံုးသပ္သူ ဦးေအာင္သူၿငိမ္းက ရႈျမင္ပါတယ္။

အိမ္နီးခ်င္းႏိုင္ငံေတြမွာ Covid-19 ကပ္ေဘးကေန ျပန္လည္ ဦးေမာ့လာတဲ႔ အေနအထားေတြ ေတြ႕ရေၾကာင္း၊ ျမန္မာ့ စီးပြားေရးမွာေတာ့ လာမယ့္ ႏွစ္ အတြင္း ျပန္ေကာင္းလာမယ့္ လကၡဏာ မေတြ႕ရေၾကာင္း ဦးေအာင္သူၿငိမ္းက ဗြီအိုေအကို ေျပာပါတယ္။

တ႐ုတ္နယ္စပ္ေတြ ျပန္ဖြင့္မယ့္ အေျခအေနေၾကာင့္ ကုန္သြယ္ေရးမွာ အနည္းငယ္ တိုးတက္မႈ ရွိလာႏိုင္ေၾကာင္း သူက သံုးသပ္ပါတယ္။ တရား၀င္ စီးပြားေရး က်ဆင္းလာၿပီး ရာဇ၀တ္ အဖြဲ႔အစည္းေတြၾကား မူးယစ္ေမွာင္ခိုမႈကေတာ့ တိုးလာေနေၾကာင္း ကုလသမဂၢ မူးယစ္ေဆးဝါးနဲ႔ ရာဇ၀တ္မႈမ်ားဆိုင္ရာရံုး UNODC ရဲ႕ ေဒသဆိုင္ရာ တာ၀န္ခံ Jeremy Douglas က ေျပာပါတယ္။

မက္သာဖက္တမင္းနဲ႔ ဘိန္း အပါအ၀င္ တရားမ၀င္ စီးပြားေရးကေတာ့ တမူကြဲျပားေၾကာင္း UNODC ရဲ႕ အေရွ႕ေတာင္အာရွ ဆိုင္ရာ တာ၀န္ခံ Jeremy Douglas က ႏို၀င္ဘာလ ၁၇ ရက္ေန႔က ထိုင္းႏိုင္ငံ ႏိုင္ငံျခား သတင္းေထာက္မ်ား အသင္း FCCT မွာ လုပ္တဲ႔ ပြဲ တခု အတြင္း ေျပာဆိုခဲ႔ပါတယ္။

“ စိတ္ႂကြ မူးယစ္ေဆးဝါး စီးပြားေရးကေတာ့ အလ်င္အျမန္ တိုးခ်ဲ႕ႏိုင္စြမ္း ရွိတာနဲ႔ အတူ တိုးလာေနပါတယ္။”

ရွမ္းျပည္နယ္ဟာ အာရွ ပစိဖိတ္ ေဒသတ၀န္ကို ျဖန္႔ေနတဲ႔ တရားမ၀င္ မူးယစ္ေဆးဝါး ထုတ္လုပ္ရာ ေဒသတခု ျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံမွာ ေစ်းကြက္ စီးပြားေရး က်ဆင္းလာခ်ိန္မွာ မူးယစ္ ကုန္ကူးမႈအတြင္း ေရာက္လာဖို႔ အလုပ္မရွိ ျဖစ္ေနသူေတြကို ဆြဲေဆာင္ ေနတယ္လို႔လည္း Jeremy Douglas က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

မြန်မာ့ စီးပွား ဖွံ့ဖြိုးမှု မှေးမှိန်ချိန် တရားမဝင် စီးပွားရေး တိုးလာနိုင်ခြေ

မြန်မာနိုင်ငံရဲ့ စီးပွားရေးက တစတစ ပြိုလဲလာနေပြီး တရားမဝင် ကုန်သွယ်ရေး ပိုဖြစ်ထွန်းလာကာ ၂၀၂၂ ခုနှစ်မှာ ဖွံ့ဖြိုးမှု မရှိတော့တဲ့ အခြေအနေ ရောက်သွားနိုင်ကြောင်း ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။ Tommy Walker ရဲ့ သတင်းဆောင်းပါးကို ဒီသီတင်းပတ် စီးပွားရေး အစီအစဉ် အဖြစ် မသိင်္ဂ ီထိုက် တင်ပြပေးပါမယ်။

ဖေဖော်ဝါရီလက စစ်အာဏာသိမ်းခံရပြီးနောက် မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ထိုးကျသွားခဲ့ပါတယ်။ ကျန်းမာရေး ဝန်ထမ်းတွေ၊ ရှေ့နေတွေ၊ ဆရာတွေနဲ့ အင်ဂျင်နီယာတွေ အပါအဝင် ထောင်ပေါင်းများစွာသော ပြည်သူတွေဟာ စစ်အုပ်ချုပ်ရေး လက်အောက် အမှုထမ်းဖို့ ငြင်းဆန်ခဲ့ကြပြီး ဆန္ဒပြခဲ့ကြပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ရက်ပိုင်း အတွင်းမှာဘဲ အရပ်ဘက် အာဏာဖီဆန်မှု လှုပ်ရှားမှု CDM ကို စတင်လှုပ်ရှားခဲ့ကြတာပါ။

စစ်တပ် ထိန်းချုပ်တဲ့ စီးပွားရေးကို ထိုးနှက်ပြီး စစ်အုပ်ချုပ်ရေး ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ လုပ်သား အင်အားထုကြီးလည်း ပါဝင်ခဲ့ပါတယ်။ လှုပ်ရှားမှုစပြီး မကြာခင်မှာဘဲ ဘဏ် ဝန်ထမ်းတွေလည်း ပူးပေါင်းပါဝင်လာပြီး အလုပ်မဆင်းကြခဲ့ကြပါဘူး။ လူထုနဲ့ စီးပွားရေး လုပ်ငန်းတွေတင် မဟုတ်ဘဲ စစ်တပ်လည်း ငွေကြေး လည်ပတ် စီးဆင်းမှု ပြသနာ တက်ခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ကာလ တလျှောက်လုံးမှာလည်း စစ်တပ်ပိုင် ဒါမှမဟုတ်လည်း စစ်တပ်နဲ့ ဆက်စပ်တဲ့ စီးပွားရေး လုပ်ငန်းတွေ အကြီးအကျယ် သပိတ်မှောက်ခံရပါတယ်။

စစ်ကောင်စီ တပ်ဖွဲ့တွေနဲ့ အတိုက်အခံ အဖွဲ့တွေကြား တိုက်ပွဲတွေ ခပ်စိပ်စိပ် ဖြစ်လာတာကြောင့်လည်း အသက် အန္တရာယ် စိုးရိမ်ကြတဲ့ ထောင်နဲ့ချီတဲ့ အလုပ်သမားတွေ ဌာနေပြန်ကြပါတယ်။ ပိတ်သိမ်းရတဲ့ စက်ရုံတွေနဲ့ စီးပွားရေး လုပ်ငန်းတွေလည်း ရှိတာကြောင့် အလုပ်လက်မဲ့ ဖြစ်မှုနဲ့ ဝင်ငွေ ဆုံးရှုံးမှုလည်း များလာစေပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ အတွင်း ထိုင်းနိုင်ငံရဲ့ နိုင်ငံခြား သတင်းထောက်များ အသင်းက ကမကထ လုပ်တဲ့ အခမ်းအနား တခုမှာ Nikkei Asia ရဲ့ အယ်ဒီတာ Gwen Robinson က မြန်မာနိုင်ငံတွင်း စီးပွားရေး အကြပ်အတည်း တချို့ကို ထောက်ပြပါတယ်။

“ လက်ရှိ မြန်မာနိုင်ငံမှာ စီးပွားရေး တက်လာတာနဲ့ ကျသွားတာ နှစ်မျိုးစလုံးကို တွေ့နေရပါတယ်။ တရားမဝင် စီးပွားရေး ဖွံ့ဖြိုးလာနေပြီး တရားဝင် ဒါမှမဟုတ်လည်း ပြည်တွင်း ဈေးကွက် စီးပွားရေးက ပြိုလဲလာနေပြီ ဆိုတဲ့ သဘောထားတွေ များလာနေပါတယ်။ ”

ဖိနှိပ် ဖြိုခွင်းမှုတွေ ဆက်ဖြစ်နေတာနဲ့ အတူ မြန်မာ စစ်တပ်ရဲ့ လုပ်ငန်းကြီးတွေဟာလည်း အမေရိကန်၊ ဗြိတိန်နဲ့ ဥရောပ သမဂ္ဂတို့ဘက်က ကုန်သွယ်ရေး ပြင်းပြင်းထန်ထန် ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီကိစ္စက စစ်တပ် ခေါင်းဆောင်ပိုင်း အတွက် ဖိအား ဖြစ်စေပါတယ်။ Nikkei Asia ရဲ့ အယ်ဒီတာ Gwen Robinson က အခုလို ဆက်ပြောပါတယ်။

“ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လိုှုင်က ကိုယ့်အားကိုယ်ကိုးကြဖို့ တွန်းအားပေးနေပါတယ်။ ပြည်သူတွေ လောင်စာဆီ လျှော့သုံးကြဖို့၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးကို ပိုပြီး သုံးကြဖို့၊ လမ်းလျှောက်ကြဖို့၊ နောက် သွင်းကုန်တွေ လျှော့ပြီး ထမင်း လျှော့စားကြဖို့ ပြောပါတယ်။ ”

မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး၊ ရေထွက်ကုန်၊ သတ္တု သယံဇာတနဲ့ ထုတ်ကုန် တင်ပို့မှုကလည်း နှေးကွေးနေပြီး ကုန်ကြမ်းတွေ၊ ပို့ကုန် ရင်းနှီးမြှုပ်နှံမှုတွေဟာလည်း ၂၀၂၀ ပြည့်နှစ် ကတည်းက လျော့ကျနေတာပါ။ စီးပွားရေး လုပ်ငန်း မှတ်ပုံတင်မှုက ဒီနှစ် အတွင်းမှာ ၄၄ ရာခိုင်နှုန်းကျဆင်းနေကြောင်း၊ မြန်မာ ကျပ်ငွေ တန်းဖိုးကလည်း အရှိန်အဟုန်နဲ့ အပြောင်းအလဲ ဖြစ်နေကြောင်း Nikkei Asia ရဲ့ အယ်ဒီတာ Gwen Robinson က ထောက်ပြပါတယ်။

၂၀၂၁ ခုနှစ် ဒုတိယ လေးလပတ် အတွင်း အလုပ်အကိုင် ၁ သန်း ၂ သိန်းလောက် ဆုံးရှုံးကြောင်း နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် ILO ရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။ မြန်မာ့ စီးပွားရေး ကဏ္ဍပေါင်းစုံမှာ သက်ရောက် ထိခိုက်တာမှာ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း၊ ဆောက်လုပ်ရေး၊ အထည်ချုပ် လုပ်ငန်း ကဏ္ဍတို့မှာ ဆိုးဆိုးရွားရွား ထိခိုက် သက်ရောက်ပါတယ်။ ပြီးခဲ့တဲ့နှစ် Covid-19 ကပ်ဘေးရောဂါ စခဲ့ပြီးချိန်ကစလို့ စီးပွားရေး ကျနေတဲ့ အနေအထားလို့လည်း Robinson က ပြောပါတယ်။

“ စီးပွားရေး တုံ့ဆိုင်းသွားပြီး အလုပ်တွေ ပိတ်ခဲ့ရတဲ့ တင်းတင်းကြပ်ကြပ် အသွားအလာ ပိတ်ပင် ကန့်သတ်မှုတွေကြောင့် စစ်အာဏာမသိမ်းခင် ကတည်းက စီးပွားရေး ပြိုလဲမှုက စနေပါပြီ။ Covid-19 ပြန်ဖြစ်တာကြောင့် စီးပွားရေး အထိနာရပါတယ်။ ”

၂၀၂၁ ခုနှစ် အတွင်း မြန်မာနိုင်ငံရဲ့ တရားဝင် စီးပွားရေးက ၁၈ ရာခိုင်နှုန်းလောက် ကျဆင်းမယ်လို့ ကမ ္ဘာ့ဘဏ်က ဇူလိုင်လ အတွင်းမှာ ခန့်မှန်းခဲ့ပါတယ်။ အမေရိကန်ရဲ့ အကြွေးယူခွင့် အဆင့်အတန်း သတ်မှတ်တဲ့ Fitch Solution လုပ်ငန်းကလည်း လာမယ့် ၂၀၂၂ ခုနှစ် အတွင်း မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှု ခန့်မှန်းချက်ကို ပြောင်းလဲလိုက်ပြီး အနုတ် ၄ ဒသမ ၄ ရာခိုင်နှုန်း လျော့ကျမယ့်လို့ ခန့်မှန်းထားပါတယ်။ မြန်မာ့ စီးပွားရေး ဦးမော့လာမယ့် အနေအထား ဖြစ်လာမယ့်ပုံ မရှိဘူးလို့လည်း နိုင်ငံရေး သုံးသပ်သူ ဦးအောင်သူငြိမ်းက ရှုမြင်ပါတယ်။

အိမ်နီးချင်းနိုင်ငံတွေမှာ Covid-19 ကပ်ဘေးကနေ ပြန်လည် ဦးမော့လာတဲ့ အနေအထားတွေ တွေ့ရကြောင်း၊ မြန်မာ့ စီးပွားရေးမှာတော့ လာမယ့် နှစ် အတွင်း ပြန်ကောင်းလာမယ့် လက္ခဏာ မတွေ့ရကြောင်း ဦးအောင်သူငြိမ်းက ဗွီအိုအေကို ပြောပါတယ်။

တရုတ်နယ်စပ်တွေ ပြန်ဖွင့်မယ့် အခြေအနေကြောင့် ကုန်သွယ်ရေးမှာ အနည်းငယ် တိုးတက်မှု ရှိလာနိုင်ကြောင်း သူက သုံးသပ်ပါတယ်။ တရားဝင် စီးပွားရေး ကျဆင်းလာပြီး ရာဇဝတ် အဖွဲ့အစည်းတွေကြား မူးယစ်မှောင်ခိုမှုကတော့ တိုးလာနေကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုများဆိုင်ရာရုံး UNODC ရဲ့ ဒေသဆိုင်ရာ တာဝန်ခံ Jeremy Douglas က ပြောပါတယ်။

မက်သာဖက်တမင်းနဲ့ ဘိန်း အပါအဝင် တရားမဝင် စီးပွားရေးကတော့ တမူကွဲပြားကြောင်း UNODC ရဲ့ အရှေ့တောင်အာရှ ဆိုင်ရာ တာဝန်ခံ Jeremy Douglas က နိုဝင်ဘာလ ၁၇ ရက်နေ့က ထိုင်းနိုင်ငံ နိုင်ငံခြား သတင်းထောက်များ အသင်း FCCT မှာ လုပ်တဲ့ ပွဲ တခု အတွင်း ပြောဆိုခဲ့ပါတယ်။

“ စိတ်ကြွ မူးယစ်ဆေးဝါး စီးပွားရေးကတော့ အလျင်အမြန် တိုးချဲ့နိုင်စွမ်း ရှိတာနဲ့ အတူ တိုးလာနေပါတယ်။”

ရှမ်းပြည်နယ်ဟာ အာရှ ပစိဖိတ် ဒေသတဝန်ကို ဖြန့်နေတဲ့ တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်ရာ ဒေသတခု ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ ဈေးကွက် စီးပွားရေး ကျဆင်းလာချိန်မှာ မူးယစ် ကုန်ကူးမှုအတွင်း ရောက်လာဖို့ အလုပ်မရှိ ဖြစ်နေသူတွေကို ဆွဲဆောင် နေတယ်လို့လည်း Jeremy Douglas က ပြောပါတယ်။

XS
SM
MD
LG