သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

 ေသဒဏ္စီရင္မႈ လံုျခံဳေရးေကာင္စီ ရႈတ္ခ်


Thailand Myanmar Protests

ျမန္မာႏိုင္ငံမွာ ကိုဂ်င္မီ၊ ကိုၿဖိဳးေဇယ်ာေသာ္ အပါအ၀င္ ႏိုင္ငံေရးလႈပ္ရွားသူ ၄ ဦးကိုၿပီး ခဲ့တဲ့ရက္သတၱပတ္ကုန္ပိုင္းမွာ အာဏာသိမ္းစစ္ေကာင္စီက ေသဒဏ္ေပးစီရင္ခဲ့တဲ့ အေပၚ ကုလသမဂၢလုံျခဳံေရးေကာင္စီက ဗုဒၶဟူးေန႔မွာ ရႈတ္ခ်လိုက္ပါတယ္။ မတရားဖမ္းဆီးထားတဲ့ သမတဦး၀င္းျမင့္နဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံေဒၚေအာင္ဆန္းစုၾကည္အပါအ၀င္ ႏိ္ုင္ငံေရးအက်ဥ္းသားေတြ ခ်က္ျခင္းလႊတ္ေပးဖို႔ကိုလည္း လုံျခဳံေရး ေကာင္စီအဖြဲ႔၀င္ေတြကေတာင္းဆိုပါတယ္။

ေသဒဏ္ေပးစီရင္မယ့္ကိစၥနဲ႔ပတ္သက္ၿပီး ASEAN အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအသင္း ဥကၠဌကျပန္လည္စဥ္းစားဖို႔ေတာင္းဆိုခဲ့တာကိုလစ္လ်ဴ႔ခဲ့တဲ့အတြက္လြန္စြာမွစိတ္ပ်က္မိ ေၾကာင္းကိုလည္းေဖၚျပထားပါတယ္။ လုံျခဳံေရးေကာင္စီေနနဲ႔ အာဆီယံမူ ၅ ခ်က္ကိုေထာက္ခံေၾကာင္းနဲ႔ အာဆီယံနဲ႔ ကုလသမဂၢအထူးကိုယ္စားလွယ္တို႔ျမန္မာ့အေရးကိုပူးေပါင္းလုပ္ေဆာင္ၾကဖို႔ လည္းအေရးႀကီးေၾကာင္းလုံျခဳံေရးေကာင္စီရဲ႔ေၾကျငာခ်က္မွာေဖၚျပထားပါတယ္။

ဒါ့အျပင္ ျမန္မာျပည္သူေတြအားလုံးရဲ႔အႀကိဳးစီးပြားကိုေရွ႕ရႈၿပီး ပဋိပကၡအတြင္းပါ၀င္ ေနတဲ့အင္အားစုအားလုံးေတြ႕ေဆြးေႏြးဖို႔၊ ျပန္လည္သင့္ျမတ္ေရးလုပ္ၾကဖို႔ကိုလည္း ကုလသမဂၢလုံျခဳံေရးေကာင္စီကတိုက္တြန္းထားပါတယ္။ တခိ်န္ထဲမွာပဲ အၾကမ္းဖက္တိုက္ခိုက္မႈေတြကိုခ်က္ျခင္းရပ္ဖို႔နဲ႔ လူ႔အခြင့္အေရးနဲ႔တရားဥေပဒ စိုးမိုးမႈကိုေလးစားၾကဖို႔ုကိုလည္းတိုက္တြန္းထားပါတယ္။

 ေသဒဏ္စီရင္မႈ လံုျခံဳေရးေကာင္စီ ရႈတ္ခ်
please wait

No media source currently available

0:00 0:01:03 0:00
တိုက္႐ိုက္ လင့္ခ္

Unicode

မြန်မာနိုင်ငံမှာ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် နိုင်ငံရေးလှုပ်ရှားသူ ၄ ဦးကိုပြီး ခဲ့တဲ့ရက်သတ္တပတ်ကုန်ပိုင်းမှာ အာဏာသိမ်းစစ်ကောင်စီက သေဒဏ်ပေးစီရင်ခဲ့တဲ့ အပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဗုဒ္ဓဟူးနေ့မှာ ရှုတ်ချလိုက်ပါတယ်။ မတရားဖမ်းဆီးထားတဲ့ သမတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ ချက်ခြင်းလွှတ်ပေးဖို့ကိုလည်း လုံခြုံရေး ကောင်စီအဖွဲ့ဝင်တွေကတောင်းဆိုပါတယ်။

သေဒဏ်ပေးစီရင်မယ့်ကိစ္စနဲ့ပတ်သက်ပြီး ASEAN အရှေ့တောင်အာရှနိုင်ငံများအသင်း ဥက္ကဌကပြန်လည်စဉ်းစားဖို့တောင်းဆိုခဲ့တာကိုလစ်လျူ့ခဲ့တဲ့အတွက်လွန်စွာမှစိတ်ပျက်မိ ကြောင်းကိုလည်းဖေါ်ပြထားပါတယ်။ လုံခြုံရေးကောင်စီနေနဲ့ အာဆီယံမူ ၅ ချက်ကိုထောက်ခံကြောင်းနဲ့ အာဆီယံနဲ့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်တို့မြန်မာ့အရေးကိုပူးပေါင်းလုပ်ဆောင်ကြဖို့ လည်းအရေးကြီးကြောင်းလုံခြုံရေးကောင်စီရဲ့ကြေငြာချက်မှာဖေါ်ပြထားပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေအားလုံးရဲ့အကြိုးစီးပွားကိုရှေ့ရှုပြီး ပဋိပက္ခအတွင်းပါဝင် နေတဲ့အင်အားစုအားလုံးတွေ့ဆွေးနွေးဖို့၊ ပြန်လည်သင့်မြတ်ရေးလုပ်ကြဖို့ကိုလည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီကတိုက်တွန်းထားပါတယ်။ တချိန်ထဲမှာပဲ အကြမ်းဖက်တိုက်ခိုက်မှုတွေကိုချက်ခြင်းရပ်ဖို့နဲ့ လူ့အခွင့်အရေးနဲ့တရားဥပေဒ စိုးမိုးမှုကိုလေးစားကြဖို့ကိုလည်းတိုက်တွန်းထားပါတယ်။

XS
SM
MD
LG