သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၄ နာရီအတွင်း ဓါတ်ခွဲအတည်ပြု ၄,၇၂၅ ဦး၊ သေဆုံး ၃၉၂ ဦး


Volunteers wearing personal protective equipment (PPE) prepare to transport the body of a victim of the Covid-19 coronavirus to a cemetery in Hlegu Township in Yangon on July 10, 2021. (Photo by Ye Aung THU / AFP)
Volunteers wearing personal protective equipment (PPE) prepare to transport the body of a victim of the Covid-19 coronavirus to a cemetery in Hlegu Township in Yangon on July 10, 2021. (Photo by Ye Aung THU / AFP)

Zawgyi/Unicode

မြန်မာနိုင်ငံမှာ ဒီနေ့ ဓါတ်ခွဲစမ်းသပ်မှုပေါင်း ၁၃,၇၉၉ ခုကို စစ်ဆေးခဲ့တာမှာ ကူးစက်သူ ၄,၇၂၅ ယောက်နဲ့ သေဆုံးသူ ၃၉၂ ယောက်ရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဌာနက ဒီကနေ့ည ၈ နာရီမှာ ထုတ်ပြန်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ အခုဆိုရင် စုစုပေါင်း ကူးစက်သူ ၂၉၉,၁၈၅ ယောက်၊ သေဆုံးသူ ၉,၃၃၄ ယောက် ရှိသွားပြီဖြစ်ပေမယ့် ကျန်းမာရေးပညာရှင်တွေနဲ့ လေ့လာသုံးသပ်သူတွေကတော့ နေ့စဉ်ကူးစက်မှုနဲ့ သေဆုံးမှုနှုန်းက ဒီ့ထက် အများကြီး ပိုနိုင်တယ်လို့ ပြောဆိုထားပါတယ်။

အခုလို ကူးစက် သေဆုံးနှုန်း ကျဆင်းမသွားသေးသလို လက်ရှိ ရောဂါပိုး ကူးစက်ခံထားရသူတွေကို ပြုစု စောင့်ရှောက်ရေးပိုင်းမှာလည်း အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရပါတယ်။

အထူးသဖြင့်တော့ အောက်ဆီဂျင်၊ ဆေးဝါးနဲ့ ဆေးပစ္စည်းတွေ အလုံအလောက်မရှိဘဲ တချို့ဆေးတွေဆို ပြတ်လုနီးပါးဖြစ်နေတာကြောင့် ဈေးကြီးပေးပြီး ဝယ်ယူနေကြရတာပါ။

ဒါ့အပြင် နေအိမ်မှာလာကြည့်ပေးဖို့ လိုအပ်တဲ့လူနာတွေကို လာကြည့်ပေးနိုင်တဲ့ ဆရာဝန်နဲ့ သူနာပြုအရေအတွက် နည်းပါးပြီး ရှိတဲ့လူတွေဆီ ဆက်သွယ်တဲ့အခါမှာလည်း အလွယ်တကူ မရနိုင်ကြဘဲဖြစ်နေပါတယ်။

ဒီကြားထဲမှာ စစ်ကောင်စီက ဆေးဆိုင်မှာ ဆေးဝယ်ဖို့ တန်းစီ စောင့်နေသူတွေကို အိမ်ပြန်ခိုင်းတာတွေ၊ ဆေးနဲ့ ဆေးပစ္စည်း တင်လာတဲ့ကားတွေကို တားဆီး စစ်ဆေးပြီးတော့ သိမ်းယူတာတွေ၊ ပုဂ္ဂလိက အောက်ဆီဂျင်စက်ရုံတွေကနေ အများပြည်သူအတွက် အောက်ဆီဂျင်မပေးဖို့ တားမြစ်ကန့်သတ်တာတွေလည်း ရှိနေပါတယ်။

မြန်မာနိုင်ငံရဲ့ ကိုဗစ်တတိယလှိုင်းဟာ လာမယ့် သီတင်းနှစ်ပတ်အတွင်း အများကြီးပိုဆိုးသွားနိုင်တယ်ဆိုတဲ့ သတိပေးချက်တွေ ထွက်ထားပေမယ့်လည်း စစ်ကောင်စီ ကျန်းမာရေးဌာနကတော့ ကိုဗစ်ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းတွေကို တဦးချင်းစီအနေနဲ့ လိုက်နာလုပ်ဆောင်ကြဖို့ပဲ မပြတ်နှိုးဆော်နေပါတယ်။

=====

Unicode




အထူးသဖွင့ျတော့ အောကျဆီဂငြျ၊ ဆေးဝါးနဲ့ ဆေးပစ်စညျးတှေ အလုံအလောကျမရှိဘဲ တခြို့ဆေးတှဆေို ပွတျလုနီးပါးဖွဈနတောကွောင့ျ ဈေးကွီးပေးပွီး ဝယျယူနကွေရတာပါ။




#MyanmarCovid #Covid19 #VOABurmese

XS
SM
MD
LG