သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ကိုဗစ်အတည်ပြုသေဆုံးစာရင်း ၆၀% ဇူလိုင်အတွင်းဖြစ်ခဲ့

ကိုဗစ်နဲ့ကွယ်လွန်သူများကို မသင်္ဂြိုဟ်ခင် စေတနာ့ဝန်ထမ်းတွေက ဆုတောင်းပေးစဉ်။ (ရိုက်တာ)
ကိုဗစ်နဲ့ကွယ်လွန်သူများကို မသင်္ဂြိုဟ်ခင် စေတနာ့ဝန်ထမ်းတွေက ဆုတောင်းပေးစဉ်။ (ရိုက်တာ)

Zawgyi/Unicode

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေနဲ့ နေရာအနှံ့မှာ အကြမ်းဖက်မှုတွေကလည်း ကြုံလာနေရတာကြောင့် လူသားဘေးဒုက္ခ အကျပ်အတည်း တရိပ်ရိပ် ပိုဆိုးလာနေတယ်လို့ နိုင်ငံတကာ လူသားချင်းစာနာ အကူအညီပေးရေးအဖွဲ့ ၁၆ ဖွဲ့က ပူးတွဲကြေညာချက် ထုတ်ပြန်သတိပေးလိုက်ပါတယ်။

ကိုဗစ်အတည်ပြု သေဆုံးသူတွေရဲ့ ၆၀ % ဟာ ပြီးခဲ့တဲ့တလတည်းမှာတင် သေဆုံးခဲ့ကြသူတွေ ဖြစ်ပြီး အတည်ပြုလူနာ အရေအတွက်ဟာလည်း ပြီးခဲ့တဲ့ နှစ်လအတွင်း ၂ ဆ တိုးလာခဲ့တဲ့အကြောင်း နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေရဲ့ဒီကနေ့ုထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ တချိန်တည်းမှာလည်း စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ကျန်းမာရေးဝန်ထမ်းတွေ အကြမ်းဖက်ခံရတာ၊ ခြိမ်းခြောက်ခံရတာတွေ ရှိနေပြီး ကချင်ပြည်နယ် ကနေ မန္တလေး၊ ရန်ကုန်စတဲ့မြို့တွေအထိ နေရာဒေသတွေမှာ ဆေးရုံဆေးခန်းတွေ ပိတ်ထားရတဲ့အကြောင်းနဲ့ဆရာဝန် ၄၀၀ ကျော်နဲ့ သူနာပြု ၁၈၀ ကျော် ဖမ်းဝရမ်းထုတ် ခံထားရတဲ့အကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လူ့အသက်တွေ ဆုံးရှုံးနေရပြီး အတိဒုက္ခခံစားနေကြရတာကြောင့် မြန်မာပြည်သူတွေ အတွက် ကျန်းမာရေး စောင့်ရှောက်မှုနဲ့ စာနာမှု အကူအညီတွေ အရေးတကြီး လိုအပ်နေတဲ့အကြောင်း Save The Children ၊ World Vision ၊ People In Need နဲ့ Action Aid အပါအဝင် နိုင်ငံတကာကူအညီပေးရေး အဖွဲ့ ၁၆ ဖွဲ့က ပူးတွဲ သတိပေးလိုက်တာ ဖြစ်ပါတယ်။

ဒီကနေ့အထိ ဓာတ်ခွဲစမ်းသပ်မှုပေါင်း ၃ သန်း ၁ သိန်း ၆ သောင်းကျော် စစ်ဆေးပြီးစီးခဲ့တာမှာ ကူးစက်သူ ၃ သိန်းကျော်နဲ့ သေဆုံးသူ ၁ သောင်းနီးပါး အတည်ပြုထားပါတယ်။ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ လေ့လာသူတွေကတော့ အမှန်တကယ် သေဆုံးသူနဲ့ ကူးစက်သူစာရင်းက ကျန်းမာရေးဌာနက ထုတ်ပြန်ချက်ထက် အများကြီး ပိုများနိုင်တဲ့ အကြောင်း သုံးသပ် ပြောဆိုကြပါတယ်။

မြန်မာနိုင်ငံ ကိုဗစ်အတည်ပြုသေဆုံးစာရင်း ၆၀% ဇူလိုင်အတွင်းဖြစ်ခဲ့
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်


=====

Unicode






#Covid19 #MyanmarCovid #VOABurmese

XS
SM
MD
LG