သုံးရလွယ်ကူစေသည့် Link များ

၂၄ နာရီအတွင်း ကိုဗစ်ဓါတ်ခွဲအတည်ပြု ၃,၄၁၉ ဦး၊ သေဆုံး ၁၉၉ ဦး


ရဟန်းတပါးကို မီးသင်္ဂြိုဟ်ပေးနေတဲ့ စေတနာ့ဝန်ထမ်းများ။
ရဟန်းတပါးကို မီးသင်္ဂြိုဟ်ပေးနေတဲ့ စေတနာ့ဝန်ထမ်းများ။

Zawgyi/Unicode

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်ရောဂါအတွက် ဓာတ်ခွဲနမူနာပေါင်း ၁၃,၀၃၄ ခုကို စစ်ဆေးခဲ့တာမှာ ရောဂါကူးစက်သူ ၃,၄၁၉ ယောက် တွေ့ခဲ့ပြီး သေဆုံးသူက ၁၉၉ ယောက်ရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဌာနရဲ့ ဒီကနေ့ည ၈ နာရီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီကနေ့ထုတ်ပြန်ချက်မှာပါတဲ့ စစ်ဆေး ဓာတ်ခွဲနမူနာအရေအတွက်၊ ကူးစက်သူအရေအတွက်နဲ့ သေဆုံးသူအရေအတွက်ဟာ မနေ့ကထုတ်ပြန်ချက်ပါ အရေအတွက်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် သိသိသာသာ ကွာခြားမှုမရှိပါဘူး။
အခုထုတ်ပြန်တဲ့ သေဆုံးနှုန်းဟာ ၃.၇၂% ရှိတာကြောင့် တတိယလှိုင်းအတွင်း သေဆုံးနှုန်း အများဆုံးဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။
ဆေးရုံကဆင်းသွားသူ အရေအတွက်က ၄,၅၆၈ ယောက်ရှိပြီး ၇၆.၁၅% ဖြစ်တာကြောင့် ဒါဟာလည်း အများဆုံးဖြစ်တယ်လို့ ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။
ဒီကနေ့အထိဆိုရင် မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်သူပေါင်း ၃၅၁,၆၀၅ ယောက်၊ သေဆုံးသူပေါင်း ၁၃,၀၇၈ ယောက်၊ ဆေးရုံဆင်းသူစုစုပေါင်း ၂၆၇,၇၄၀ ယောက်ရှိပြီလို့ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။
ကိုဗစ်တတိယလှိုင်းအတွင်း တရားဝင်ထုတ်ပြန်တဲ့ ကူးစက် သေဆုံးသူ အရေအတွက်ထက် အမှန်တကယ် အရေအတွက်က ပိုများမယ်လို့ ကျန်းမာရေးပညာရှင်တွေနဲ့ အကူအညီပေးတဲ့ ပရဟိတလုပ်သားတွေ က ခန့်မှန်းပါတယ်။
တတိယလှိုင်းဒဏ် အပြင်းအထန်ခံရတဲ့ ရက်ပိုင်းတွေတုံးက အောက်ဆီဂျင် အလုံအလောက်မရှိခဲ့ဘဲ အောက်ဆီဂျင်ဘူးတွေ၊ ဆေးနဲ့ ဆေးပစ္စည်းတွေ ရှားပါးပြတ်တောက်ကုန်တာ၊ မတန်တဆ ဈေးကြီးပေးပြီး ဝယ်ကြရတာတွေ ကြုံခဲ့ကြရပေမယ့်လည်း မကြာခင်ရက်ပိုင်းတွေမှာတော့ အဲဒီအခြေအနေတွေ အတန်ငယ်လျော့ပါးသွားတဲ့ပုံရှိပါတယ်။
======

Zawgyi/Unicode



#Covid19 #MyanmarCovid #VOABurmese

XS
SM
MD
LG