သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၄ နာရီအတြင္း ဓါတ္ခြဲအတည္ျပဳ ၄,၆၃၀ ဦး၊ ေသဆုံး ၃၉၆ ဦး


Locals line up with their tanks to refill oxygen during the coronavirus disease (COVID-19) outbreak in Yangon,

Zawgyi/Unicode

ကိုဗစ္ တတိယလႈိင္း အရွိန္ျမင့္ျဖစ္ေပၚေနတဲ့ ျမန္မာႏိုင္ငံမွာ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ဓါတ္ခြဲနမူနာေပါင္ ၁၂,၀၃၅ ဦးကို စစ္ေဆးခဲ့တာမွာ ေရာဂါပိုးကူးစက္သူ ၄,၆၃၀ ဦးကို ေတြ႕ရွိခဲ့တယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဒီကေန႔ည ၈ နာရီမွာ ထုတ္ျပန္ပါတယ္။

လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ေသဆုံးသူ ၃၉၆ ဦး ရွိခဲ့ေၾကာင္းလည္း ထည့္သြင္း ေဖာ္ျပထားပါတယ္။ ဒါဟာ ေရာဂါပိုးေတြ႕ရွိသူ အားလုံးရဲ႕ ေသဆုံးမႈႏႈန္း ၂.၇၄% ျဖစ္ေၾကာင္း ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက သူမရဲ႕ Facebook စာမ်က္ႏွာမွာ ေဖာ္ျပထားပါတယ္။ ေရာဂါပိုးစစ္ေဆးႏိုင္မႈအကန႔္အသတ္ေတြေၾကာင့္လက္ေတြ႕ေျမျပင္မွာ ေရာဂါပိုးကူးစက္သူနဲ႔ ေသဆုံးအေရအတြက္ဟာ တရားဝင္ကိန္းဂဏန္းထက္မ်ားျပားႏိုင္တယ္လို႔ က်န္းမာေရးတာဝန္ရွိသူေတြေရာ ကူညီေရးအဖြဲ႕ေတြကပါ ခန႔္မွန္းထားၾကပါတယ္။

ျမန္မာႏိုင္ငံအတြင္းက ျပည္နယ္၊ တိုင္းေဒသႀကီး အားလုံးနီးပါးက ၿမိဳ႕နယ္ အေတာ္မ်ားမ်ားမွာ ျဖစ္ေပၚေနတဲ့ ကိုဗစ္-၁၉ တတိယလႈိင္းေၾကာင့္ေရာဂါပိုး ကူးစက္သူနဲ႔ ေသဆုံးသူေတြ တေန႔တျခား တိုးမ်ားလာေနတာေၾကာင့္ ရန္ကုန္တိုင္းအတြင္းက ၂၂ ၿမိဳ႕နယ္ အပါအဝင္ အခုခ်ိန္ထိ Stay at home မလိုအပ္ဘဲ အိမ္အျပင္မထြက္ရ အမိန႔္ထုတ္ျပန္ထားတဲ့ ၿမိဳ႕နယ္ေပါင္း အနည္းဆုံး ၉၂ ၿမိဳ႕ ရွိသြားၿပီ ျဖစ္ပါတယ္။

ဒါ့အျပင္ အစိုးရ႐ုံးပိတ္ရက္ကို ၾသဂုတ္လ ၂ ရက္ေန႔အထိ တိုးျမင့္ သတ္မွတ္ထားသလို၊ စာသင္ေက်ာင္းေတြကိုလည္း ၾသဂုတ္လ ၈ ရက္ေန႔ ပိတ္ပင္ထားဖို႔ အမိန႔္ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


---------

Unicode

၂၄ နာရီအတွင်း ဓါတ်ခွဲအတည်ပြု ၄,၆၃၀ ဦး၊ သေဆုံး ၃၉၆ ဦး

ကိုဗစ် တတိယလှိုင်း အရှိန်မြင့်ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓါတ်ခွဲနမူနာပေါင် ၁၂,၀၃၅ ဦးကို စစ်ဆေးခဲ့တာမှာ ရောဂါပိုးကူးစက်သူ ၄,၆၃၀ ဦးကို တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ည ၈ နာရီမှာ ထုတ်ပြန်ပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူ ၃၉၆ ဦး ရှိခဲ့ကြောင်းလည်း ထည့်သွင်း ဖော်ပြထားပါတယ်။ ဒါဟာ ရောဂါပိုးတွေ့ရှိသူ အားလုံးရဲ့ သေဆုံးမှုနှုန်း ၂.၇၄% ဖြစ်ကြောင်း ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူမရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ရောဂါပိုးစစ်ဆေးနိုင်မှုအကန့်အသတ်တွေကြောင့်လက်တွေ့မြေပြင်မှာ ရောဂါပိုးကူးစက်သူနဲ့ သေဆုံးအရေအတွက်ဟာ တရားဝင်ကိန်းဂဏန်းထက်များပြားနိုင်တယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေရော ကူညီရေးအဖွဲ့တွေကပါ ခန့်မှန်းထားကြပါတယ်။

မြန်မာနိုင်ငံအတွင်းက ပြည်နယ်၊ တိုင်းဒေသကြီး အားလုံးနီးပါးက မြို့နယ် အတော်များများမှာ ဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ တတိယလှိုင်းကြောင့်ရောဂါပိုး ကူးစက်သူနဲ့ သေဆုံးသူတွေ တနေ့တခြား တိုးများလာနေတာကြောင့် ရန်ကုန်တိုင်းအတွင်းက ၂၂ မြို့နယ် အပါအဝင် အခုချိန်ထိ Stay at home မလိုအပ်ဘဲ အိမ်အပြင်မထွက်ရ အမိန့်ထုတ်ပြန်ထားတဲ့ မြို့နယ်ပေါင်း အနည်းဆုံး ၉၂ မြို့ ရှိသွားပြီ ဖြစ်ပါတယ်။

ဒါ့အပြင် အစိုးရရုံးပိတ်ရက်ကို သြဂုတ်လ ၂ ရက်နေ့အထိ တိုးမြင့် သတ်မှတ်ထားသလို၊ စာသင်ကျောင်းတွေကိုလည်း သြဂုတ်လ ၈ ရက်နေ့ ပိတ်ပင်ထားဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။

#Covid19 #MyanmarCovid #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG