သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ COVID-19 ရောဂါကူးစက်သူ ၂,၉၃၂ ယောက်၊ သေဆုံးသူ ၁၀၉ ယောက် ထပ်တိုး


Virus Outbreak Myanmar
Virus Outbreak Myanmar

Zawgyi/Unicode

ကိုဗစ်တတိယလှိုင်းနဲ့ ရင်ဆိုင်နေရဆဲဖြစ်တဲ့ မြန်မာနိုင်ငံတဝန်း ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၁၈,၁၈၉ ခုကို စစ်ဆေးခဲ့တာမှာ ရောဂါပိုးတွေ့သူ ၂,၉၃၂ ယောက်ရှိပြီး သေဆုံးသူ (၁၀၉ ) ယောက်ရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဌာနက ည ၈ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။

ကျန်းမာရေးပညာရှင်တွေနဲ့ ပရဟိတ ကူညီပေးနေသူတွေကတော့ အမှန်တကယ် ကူးစက်သေဆုံးနှုန်းဟာ တရားဝင်ထုတ်ပြန်တာထက် ပိုများနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပရဟိတလုပ်နေသူတွေနဲ့ ကျန်းမာရေးလုပ်သားတွေလည်း ပစ်မှတ်ထား တိုက်ခိုက်ခံနေရတာ၊ ဖမ်းဆီးနှိပ်စက်တာနဲ့ ရင်ဆိုင်နေရပါတယ်။အကြမ်းမဖက်အ ာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ကျန်းမာရေးဝန်ထမ်းတွေပါ ပါဝင်နေတာကြောင့်လည်း မြန်မာ့ကျန်းမာရေးစနစ်ကြီးတခုလုံး ဖရိုဖရဲဖြစ်နေပါတယ်။

စစ်ကောင်စီကတော့ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးအဖြစ် နိုင်ငံတဝန်း ကာကွယ်ဆေးတွေ တန်းတူညီမ ျှ ထိုးပေးမယ်ဆိုပြီး သောကြာနေ့ကပဲ ပြောဆိုထားပါတယ်။ ဖေဖော်ဝါရီလဆန်းပိုင်း စစ်တပ်ကအာဏာသိ်မ်းပြီးနောက်ပိုင်း ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း၊ ကရင်နဲ့ ကယားပြည်နယ်တွေမှာ နေရပ်စွန့်ခွါထွက်ပြေးနေရတဲ့ ပြည်သူ ၁ သိန်းခွဲလောက်ရှိနေပြီး ယာယီဒုက္ခသည်စခန်းတွေမှာ ကိုဗစ်ရောဂါလက္ခဏာတွေနဲ့နာမကျန်းသူတွေရှိနေတယ်လို့လည်း ဒေသခံကူညီရေးသမားတွေကပြောပါတယ်။

ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံတဝန်း ကိုဗစ်ကာကွယ်ဆေးထိုးပေးမယ်လို့ စစ်ကောင်စီက ပြောဆိုထားပေမယ့် စားနပ်ရိက္ခာ၊ ဆေးဝါးတွေ အရေးတကြီးလိုအပ်နေကြတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ ကိုဗစ် ဆေးထိုးပေးနေပြီလား၊ ဘယ်တော့ ထိုးပေးမလဲ ဆိုတာကတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

မြန်မာ COVID-19 ရောဂါကူးစက်သူ ၂,၉၃၂ ယောက်၊ သေဆုံးသူ ၁၀၉ ယောက် ထပ်တိုး
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

======

Unicode








XS
SM
MD
LG