သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ COVID-19 ကူးစက်သူ ၁,၄၆၆ ယောက်၊ သေဆုံး ၃၄ ယောက် တိုး


COVID-19) outbreak in Yangon, Myanmar
COVID-19) outbreak in Yangon, Myanmar

{Zawgyi/Unicode}

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂) နာရီအတွင်း ကိုဗစ်ရောဂါပိုးကူးခံရသူ ၁,၄၆၆ ဦးနဲ့ သေဆုံးသူ ၃၄ ယောက် ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။

ပိုးစစ်ဆေးမှုပေါင်း ၁၈,၇၆၂ ခုလုပ်ခဲ့တာမှာ လူ ၁,၅၀၀ နီးပါး ပိုးတွေ့တာဖြစ်တဲ့အတွက် ပိုးကူးရာခိုင်နှုန်းက ၇.၈၁ ဖြစ်ပြီးသေဆုံးနှုန်းက ၃.၈% ရှိကြောင်းကိုလည်း ဖော်ပြထားတာပါ။ ပိုးကူးသူရောသေဆုံးသူပါ အရင်ကလောက် မများတော့ဘူးလို့ ကျန်းမာရေးအရာရှိတယောက်က ဗွီအိုအေကိုပြောပေမယ့်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပိုးစစ်ဆေးမှုတွေကို ထိရောက်စွာမလုပ်နိုင်တဲ့အတွက် အမှန်တကယ်ပိုးကူးသူရော၊ သေဆုံးသူပါ ဒီထက်များနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေနဲ့ ပရဟိတလုပ်နေသူတွေက သုံးသပ်ကြပါတယ်။

လက်ရှိချိန်ထိ မြန်မာနိုင်ငံမှာ ကာကွယ်ဆေး အပြည့်ထိုးပြီးသူ ၃.၉ သန်းရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားတာပါ။ ဒါ့အပြင် သီတင်းကျွတ်နောက်ပိုင်း စာသင်ကျောင်းတွေပြန်ဖွင့်နိုင်ဖို့ အသက် ၁၂ နှစ်နဲ့ ၁၈ နှစ်ကြား ကျောင်းသားလူငယ်တွေကို ကာကွယ်ဆေးထိုးဖို့ ပြင်ဆင်နေတယ်လို့ အဲဒီကျန်းမာရေးတာဝန်ရှိသူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကိုဗစ်တတိယလှိုင်းနဲ့ အကြီးအကျယ်ကြုံခဲ့ရတာပါ။စစ်အာဏာသိမ်းပြီး၉ လထဲရောက်လာတဲ့အထိ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီကြား ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်ရော တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ဖြစ်တဲ့တိုက်ပွဲတွေကြောင့်ပါ အိုးအိမ်စွန့်ခွါထွက်ပြေးနေရသူ သိန်းဂဏ္ဍန်း ရှိတယ်လို့ ကုလသမဂ္ဂကပြောထားပါတယ်။ အဲဒီ ဒုက္ခသည်စခန်းတချို့မှာလည်း ကိုဗစ်ရောဂါကူးစက်နေတယ်လို့ ပရဟိတလုပ်နေသူတွေက ပြောကြပါတယ်။

တိုက်ရိုက် လင့်ခ်


---------------

{Zawgyi/Unicode}







XS
SM
MD
LG