(zawgyi/unicode)
ျမန္မာႏိုင္ငံမွာ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ဓာတ္ခြဲနမူနာေပါင္း (၁၆၅၉၀) ခုကို စစ္ေဆးခဲ့တာမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူအေရအတြက္ (၆၀၉၃) ဦးရွိခဲ့ၿပီး ေသဆုံးသူအေရအတြက္က (၂၄၇) ေယာက္ရွိတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ပိုးေတြ႕ရာခိုင္ႏႈန္းက ၃၆.၇၃ ျဖစ္ပါတယ္။ ဒီကေန႔ညအထိဆိုရင္ ပိုးေတြ႕သူ စုစုေပါင္း (၂၄၆ ၆၆၃) ေယာက္ရွိၿပီျဖစ္ၿပီးေတာ့ ေသဆုံးသူ စုစုေပါင္းက (၅၈၁၄) ေယာက္ရွိေၾကာင္းလည္း ေဖာ္ျပထားပါတယ္။ က်န္းမာေရးပညာရွင္ေတြနဲ႔ ေစာင့္ၾကည့္သူေတြကေတာ့ ျမန္မာႏိုင္ငံတြင္း အမွန္တကယ္ ပိုးကူးသူေရာေသဆုံးသူပါ ဒီထက္မက မ်ားႏိုင္တယ္လို႔ ခန႔္မွန္းေနၾကပါတယ္။ တေန႔ထက္တေန႔ထက္ ပိုးကူးစက္သူေတြ တိုးလာေနတာေၾကာင့္ ႏိုင္ငြတဝန္း မလိုအပ္ပဲအိမ္ျပင္မထြက္ရ stay-at-home အမိန႔္ထုတ္ျပန္ထားတဲ့ၿမိဳ႕နယ္ ၈၆ ခုထက္မနည္းရွိေနသလို က်န္းမာေရးဌာနရဲ႕ ကပ္ေရာဂြါဆိုင္ရာ စည္းကမ္းေတြလိုက္နာဖို႔လည္း အဆက္မျပတ္တိုက္တြန္းႏႈိးေဆာ္ေနပါတယ္။
တခ်ိန္ထဲမွာပဲ အိႏၵိယႏိုင္ငံမွာစေတြ႕တဲ့ Delta မ်ိဳးဗီဗေျပာင္းပိုးေၾကာင့္ အျခားႏိုင္ငံအေတာ္မ်ားမ်ားမွာလည္းပိုးကူးစက္မႈေတြျပန္တိုးလာတာတဲ့အတြက္ ကန႔္သတ္ခ်က္ေတြျပန္ခ်မွတ္ေနရပါတယ္။ အေမရိကန္ႏိုင္ငံက ပိုးကူးစက္သူေတြထဲက ၈၃ ရာခိုင္ႏႈန္းေက်ာ္မွာ Delta ပိုးကူးခံထားရတယ္လို႔အစိုးရကိန္းဂဏန္းေတြကေဖာ္ျပပါတယ္။ ကပ္ေရာဂါဆိုးေနတဲ့ၾကားက ကမာၻ႔အိုလံပစ္အားကစားပြဲက်င္း ပေတာ့မယ့္ဂ်ပန္မွာလည္း ပြဲမစခင္ အားကစားသမားေတြၾကား ကိုဗစ္ပိုးေတြစစ္ေဆးေတြ႕ရွိေနပါတယ္။ ဒါေပမယ့္လည္း အိုလံပစ္ပြဲတာဝန္ရွိသူေတြကေတာ့ အစီအစဥ္အတိုင္းဆက္ၿပီးက်င္းပသြားမယ္လို႔ေျပာေနပါတယ္။ အေမရိကန္ John Hopkins တကၠသိုလ္ ကိုဗစ္သုေတသနဌာန စစ္တမ္းအရ ကမာၻတဝွမ္းကိုဗစ္ပိုးကူးခံရသူ ၁၉၁သန္းေက်ာ္နဲ႔ေသဆုံးသူက ၄.၁ သန္းေက်ာ္ရွိပါတယ္။
+++
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း (၁၆၅၉၀) ခုကို စစ်ဆေးခဲ့တာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအရေအတွက် (၆၀၉၃) ဦးရှိခဲ့ပြီး သေဆုံးသူအရေအတွက်က (၂၄၇) ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပိုးတွေ့ရာခိုင်နှုန်းက ၃၆.၇၃ ဖြစ်ပါတယ်။ ဒီကနေ့ညအထိဆိုရင် ပိုးတွေ့သူ စုစုပေါင်း (၂၄၆ ၆၆၃) ယောက်ရှိပြီဖြစ်ပြီးတော့ သေဆုံးသူ စုစုပေါင်းက (၅၈၁၄) ယောက်ရှိကြောင်းလည်း ဖော်ပြထားပါတယ်။ ကျန်းမာရေးပညာရှင်တွေနဲ့ စောင့်ကြည့်သူတွေကတော့ မြန်မာနိုင်ငံတွင်း အမှန်တကယ် ပိုးကူးသူရောသေဆုံးသူပါ ဒီထက်မက များနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ တနေ့ထက်တနေ့ထက် ပိုးကူးစက်သူတွေ တိုးလာနေတာကြောင့် နိုင်ငွတဝန်း မလိုအပ်ပဲအိမ်ပြင်မထွက်ရ stay-at-home အမိန့်ထုတ်ပြန်ထားတဲ့မြို့နယ် ၈၆ ခုထက်မနည်းရှိနေသလို ကျန်းမာရေးဌာနရဲ့ ကပ်ရောဂွါဆိုင်ရာ စည်းကမ်းတွေလိုက်နာဖို့လည်း အဆက်မပြတ်တိုက်တွန်းနှိုးဆော်နေပါတယ်။
တချိန်ထဲမှာပဲ အိန္ဒိယနိုင်ငံမှာစတွေ့တဲ့ Delta မျိုးဗီဗပြောင်းပိုးကြောင့် အခြားနိုင်ငံအတော်များများမှာလည်းပိုးကူးစက်မှုတွေပြန်တိုးလာတာတဲ့အတွက် ကန့်သတ်ချက်တွေပြန်ချမှတ်နေရပါတယ်။ အမေရိကန်နိုင်ငံက ပိုးကူးစက်သူတွေထဲက ၈၃ ရာခိုင်နှုန်းကျော်မှာ Delta ပိုးကူးခံထားရတယ်လို့အစိုးရကိန်းဂဏန်းတွေကဖော်ပြပါတယ်။ ကပ်ရောဂါဆိုးနေတဲ့ကြားက ကမ္ဘာ့အိုလံပစ်အားကစားပွဲကျင်း ပတော့မယ့်ဂျပန်မှာလည်း ပွဲမစခင် အားကစားသမားတွေကြား ကိုဗစ်ပိုးတွေစစ်ဆေးတွေ့ရှိနေပါတယ်။ ဒါပေမယ့်လည်း အိုလံပစ်ပွဲတာဝန်ရှိသူတွေကတော့ အစီအစဉ်အတိုင်းဆက်ပြီးကျင်းပသွားမယ်လို့ပြောနေပါတယ်။ အမေရိကန် John Hopkins တက္ကသိုလ် ကိုဗစ်သုတေသနဌာန စစ်တမ်းအရ ကမ္ဘာတဝှမ်းကိုဗစ်ပိုးကူးခံရသူ ၁၉၁သန်းကျော်နဲ့သေဆုံးသူက ၄.၁ သန်းကျော်ရှိပါတယ်။