Zawgyi/Unicode
ကိုဗစ္-၁၉ တတိယလႈိင္းဒဏ္ကို ၂ လေက်ာ္ၾကာ ရင္ဆိုင္ေနရတဲ့ ျမန္မာႏိုင္ငံမွာ ေရာဂါပိုးကူးစက္သူနဲ႔ ေသဆုံးသူ အေရအတြက္ဟာ အခုခ်ိန္ထိ ေလ်ာ့က်မသြားေသးပါဘူး။
က်န္းမာေရးဝန္ႀကီးဌာနက ဒီကေန႔ည ၈ နာရီမွာ ထုတ္ျပန္တဲ့ စာရင္းအရ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ဓါတ္ခြဲ စမ္းသပ္မႈေပါင္း ၁၂,၁၉၁ ဦးကို စစ္ေဆးခဲ့တာမွာ ၃,၆၁၁ ဦးမွာ ေရာဂါပိုး ကူးစက္ေနတာ ေတြ႔ရွိေၾကာင္း ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္းမွာ ေသဆုံးသူ ၂၃၈ ဦးရွိေၾကာင္းလည္း ေဖာ္ျပထားပါတယ္။
ဒါေပမယ့္ အျပင္မွာ အမွန္တကယ္ ေရာဂါပိုးကူးစက္သူနဲ႔ ေသဆုံးသူအေရအတြက္ဟာ က်န္းမာေရးဌာနက ထုတ္ျပန္ေနတာထက္ အမ်ားႀကီး ပိုမ်ားႏိုင္ေၾကာင္း က်န္းမာေရးပညာရွင္ေတြနဲ႔ ပရဟိတအဖြဲ႔အစည္းေတြက ေျပာပါတယ္။
ဒီအေတာအတြင္း စစ္ေကာင္စီက တ႐ုတ္ႏိုင္ငံက ဝယ္ထားတဲ့ ကိုဗစ္ကာကြယ္ေဆးေတြထဲေတြက ၁ သန္း မေန႔ ၾသဂုတ္လ ၈ ရက္ေန႔မွာ ျမန္မာႏိုင္ငံကို ေရာက္လာေၾကာင္း ႏိုင္ငံပိုင္ သတင္းဌာနေတြကတဆင့္ ေၾကညာခဲ့ပါတယ္။ စစ္ေကာင္စီက တ႐ုတ္ႏိုင္ငံက Sinopharm နဲ႔ Sinovac ကုမၸဏီတို႔ကေန ကိုဗစ္-၁၉ ကာကြယ္ေဆး ၂ သန္းစီ မွာယူထားတဲ့အထဲက ၁ သန္းေရာက္လာတာလို႔ ဆိုပါတယ္။
ေလာေလာဆယ္ တ႐ုတ္ေဆးကုမၸဏီ ၂ ခုကထုတ္တဲ့ ကာကြယ္ေဆး ၂ သန္း ေရာက္ေနၿပီျဖစ္ေၾကာင္း ဗဟုိကူးစက္ေရာဂါ တုိက္ဖ်က္ေရးဌာန ညႊန္ၾကားေရးမွဴး ေဒၚခင္ခင္ႀကီးက သူမရဲ႕ Facebook စာမ်က္ႏွာမွာ ေရးထားပါတယ္။ တ႐ုတ္ႏိုင္ငံကထုတ္တဲ့ ကိုဗစ္-၁၉ ကာကြယ္ေဆး ၂ မ်ဳိးစလုံးကို WHO က အေရးေပၚ အသုံးျပဳခြင့္ေပးထားတဲ့ ကာကြယ္ေဆးေတြျဖစ္ၿပီး အသက္ ၁၈ ႏွစ္နဲ႔အထက္ရွိသူေတြကို ထိုးေပးခြင့္ရွိတယ္လို႔ ဆိုပါတယ္။
======
Unicode
၂၄ နာရီအတွင်း ကိုဗစ်ဓါတ်ခွဲအတည်ပြု ၃,၆၁၁ ဦး၊ သေဆုံး၂၃၈ ဦး
ကိုဗစ်-၁၉ တတိယလှိုင်းဒဏ်ကို ၂ လကျော်ကြာ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ ရောဂါပိုးကူးစက်သူနဲ့ သေဆုံးသူ အရေအတွက်ဟာ အခုချိန်ထိ လျော့ကျမသွားသေးပါဘူး။
ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့ည ၈ နာရီမှာ ထုတ်ပြန်တဲ့ စာရင်းအရ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓါတ်ခွဲ စမ်းသပ်မှုပေါင်း ၁၂,၁၉၁ ဦးကို စစ်ဆေးခဲ့တာမှာ ၃,၆၁၁ ဦးမှာ ရောဂါပိုး ကူးစက်နေတာ တွေ့ရှိကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းမှာ သေဆုံးသူ ၂၃၈ ဦးရှိကြောင်းလည်း ဖော်ပြထားပါတယ်။
ဒါပေမယ့် အပြင်မှာ အမှန်တကယ် ရောဂါပိုးကူးစက်သူနဲ့ သေဆုံးသူအရေအတွက်ဟာ ကျန်းမာရေးဌာနက ထုတ်ပြန်နေတာထက် အများကြီး ပိုများနိုင်ကြောင်း ကျန်းမာရေးပညာရှင်တွေနဲ့ ပရဟိတအဖွဲ့အစည်းတွေက ပြောပါတယ်။
ဒီအတောအတွင်း စစ်ကောင်စီက တရုတ်နိုင်ငံက ဝယ်ထားတဲ့ ကိုဗစ်ကာကွယ်ဆေးတွေထဲတွေက ၁ သန်း မနေ့ သြဂုတ်လ ၈ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်လာကြောင်း နိုင်ငံပိုင် သတင်းဌာနတွေကတဆင့် ကြေညာခဲ့ပါတယ်။ စစ်ကောင်စီက တရုတ်နိုင်ငံက Sinopharm နဲ့ Sinovac ကုမ္ပဏီတို့ကနေ ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ သန်းစီ မှာယူထားတဲ့အထဲက ၁ သန်းရောက်လာတာလို့ ဆိုပါတယ်။
လောလောဆယ် တရုတ်ဆေးကုမ္ပဏီ ၂ ခုကထုတ်တဲ့ ကာကွယ်ဆေး ၂ သန်း ရောက်နေပြီဖြစ်ကြောင်း ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ကြီးက သူမရဲ့ Facebook စာမျက်နှာမှာ ရေးထားပါတယ်။ တရုတ်နိုင်ငံကထုတ်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ မျိုးစလုံးကို WHO က အရေးပေါ် အသုံးပြုခွင့်ပေးထားတဲ့ ကာကွယ်ဆေးတွေဖြစ်ပြီး အသက် ၁၈ နှစ်နဲ့အထက်ရှိသူတွေကို ထိုးပေးခွင့်ရှိတယ်လို့ ဆိုပါတယ်။
#Covid19 #MyanmarCovid #VOABurmese