သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ COVID-19 ကူးစက္သူ ၁,၅၁၄ ေယာက္၊ ေသဆုံးသူ ၃၃ ေယာက္ ထပ္တိုး


ကိုဗစ္ကပ္ေရာဂါၾကား ကိုရင္မ်ားဆြမ္းခံၾကြေနပုံ။ ဂ်ူလုိင္ ၁၅၊ ၂၀၂၁။

{Zawgyi/Unicode}

ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း ဓာတ္ခြဲစမ္းသပ္မႈေပါင္း ၁၈,၆၉၂ခုကို စစ္ေဆးခဲ့တာမွာ ကိုဗစ္ပိုးေတြ႔သူသစ္ ၁,၅၁၄ ေယာက္ရွိတယ္လို႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနက ဒီည ထုတ္ျပန္ ပါတယ္။ ပိုးေတြ႔သူက ၈.၁% ပါ။ ဒီ ည ၈ နာရီမွာထုတ္ျပန္တဲ့ စာရင္းအရ ေသဆုံးသူ ၃၃ ေယာက္၊ ၃.၇၇% ရွိခဲ့ပါတယ္။

ဒါေပမဲ့ က်န္းမာေရးလုပ္သားေတြနဲ႔ ပရဟိတကူညီသူေတြကေတာ့ ကိုဗစ္တတိယလႈိင္းအတြင္း တကယ္ ပိုးေတြ႔ေသဆုံးသူက အခုတရားဝင္ထုတ္ျပန္တာထက္ ပိုမ်ားႏိုင္တယ္လို႔ ခန႔္မွန္းထားပါတယ္။

မေန႔တုန္းကေတာ့ ၁၈,၈၆၁ ခုကို စစ္ေဆးခဲ့ရာက ပိုးေတြ႔သူ ၁,၅၇၃ ဦးထဲမွာ ရွမ္းျပည္နယ္မွာ အမ်ားဆုံးအျဖစ္ ၈၅၉ ဦးဆက္ရွိေနၿပီး၊ ကခ်င္မွာ ဒုတိယအမ်ားဆုံးအျဖစ္ ၁၃၈ ဦးနဲ႔ မေကြးမွာ တတိယအမ်ားဆုံး ၁၂၃ ဦးသာရွိခဲ့ပါတယ္။

ဒီညအထိဆိုရင္ COVID-19 ပိုးေတြ႔သူစုစုေပါင္း ၄၈၄,၃၁၇ ေယာက္၊ ေဆး႐ုံဆင္းသူ ၄၃၆,၆၄၀ ေယာက္နဲ႔ ေသဆုံးသူေပါင္းက ၁၈,၂၅၅ ေယာက္ရွိၿပီျဖစ္ပါတယ္။

တႏိုင္ငံလုံးမွာ ပိုးေတြ႔မႈ အျမင့္ဆုံးေရာက္ခဲ့တဲ့ ဇူလိုင္ကေန တျဖည္းျဖည္းက်လာေနေပမဲ့ ထိန္းသိမ္းႏိုင္ တဲ့အေနအထား ၅% ေအာက္ကို မေရာက္ေသးတာမို႔ ကာကြယ္ေရးဆက္လုပ္ ကာကြယ္ေဆးထိုးၾကဖို႔ က်န္းမာေရးအရာရွိေတြက တိုက္တြန္းေနပါတယ္။

ကိုဗစ္ကာကြယ္ေဆးကိုလည္း အႀကဳံးဝင္လူဦးေရ ၁၆% ေက်ာ္ထိုးေပးထားၿပီး ဒီႏွစ္မကုန္ခင္မွာ အက်ဳံးဝင္လူဦးေရ ၅၀% အထိထိုးေပးဖို႔ရွိေၾကာင္း စစ္ေကာင္စီေျပာခြင့္ရက မိုင္အိခ်ိသတင္းစာနဲ႔ အင္တာဗ်ဴးထားတာကို မေန႔က ေၾကးမုံသတင္းမွာ ေဖာ္ျပခဲ့ပါတယ္။

ဒါေပမဲ့ အသက္ ၁၈ ႏွစ္အထက္လို႔ ရည္႐ြယ္ပုံရတဲ့ ဒီအႀကဳံးဝင္လူဦးေရ ရာခိုင္ႏႈန္းဆိုတာက လူဦးေရ အားလုံးနဲ႔တြက္ရင္ေတာ့ ၁၁.၃% ပဲရွိဦးမယ္လို႔ ႐ိုက္တာစ္သတင္းဌာနက ေထာက္ျပခဲ့ပါတယ္။

တခ်ိန္တည္းမွာ ေက်ာင္းေတြျပန္ဖြင့္ႏိုင္ဖို႔ အလယ္တန္းနဲ႔ အထက္တန္းအ႐ြယ္ ၁၂ ႏွစ္နဲ႔အထက္ ၁၈ ႏွစ္အထိ ေက်ာင္းသူ ေက်ာင္းသားေတြကိုလည္း အခုအဂၤါကစၿပီး ကိုဗစ္ကာကြယ္ေဆးေတြ ထိုးေပးေနၿပီလို႔ စစ္ေကာင္စီက ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


=======

{Unicode}

မြန်မာ COVID-19 ကူးစက်သူ ၁,၅၁၄ ယောက်၊ သေဆုံးသူ ၃၃ ယောက် ထပ်တိုး

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲစမ်းသပ်မှုပေါင်း ၁၈,၆၉၂ခုကို စစ်ဆေးခဲ့တာမှာ ကိုဗစ်ပိုးတွေ့သူသစ် ၁,၅၁၄ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒီည ထုတ်ပြန် ပါတယ်။ ပိုးတွေ့သူက ၈.၁% ပါ။ ဒီ ည ၈ နာရီမှာထုတ်ပြန်တဲ့ စာရင်းအရ သေဆုံးသူ ၃၃ ယောက်၊ ၃.၇၇% ရှိခဲ့ပါတယ်။

ဒါပေမဲ့ ကျန်းမာရေးလုပ်သားတွေနဲ့ ပရဟိတကူညီသူတွေကတော့ ကိုဗစ်တတိယလှိုင်းအတွင်း တကယ် ပိုးတွေ့သေဆုံးသူက အခုတရားဝင်ထုတ်ပြန်တာထက် ပိုများနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မနေ့တုန်းကတော့ ၁၈,၈၆၁ ခုကို စစ်ဆေးခဲ့ရာက ပိုးတွေ့သူ ၁,၅၇၃ ဦးထဲမှာ ရှမ်းပြည်နယ်မှာ အများဆုံးအဖြစ် ၈၅၉ ဦးဆက်ရှိနေပြီး၊ ကချင်မှာ ဒုတိယအများဆုံးအဖြစ် ၁၃၈ ဦးနဲ့ မကွေးမှာ တတိယအများဆုံး ၁၂၃ ဦးသာရှိခဲ့ပါတယ်။

ဒီညအထိဆိုရင် COVID-19 ပိုးတွေ့သူစုစုပေါင်း ၄၈၄,၃၁၇ ယောက်၊ ဆေးရုံဆင်းသူ ၄၃၆,၆၄၀ ယောက်နဲ့ သေဆုံးသူပေါင်းက ၁၈,၂၅၅ ယောက်ရှိပြီဖြစ်ပါတယ်။

တနိုင်ငံလုံးမှာ ပိုးတွေ့မှု အမြင့်ဆုံးရောက်ခဲ့တဲ့ ဇူလိုင်ကနေ တဖြည်းဖြည်းကျလာနေပေမဲ့ ထိန်းသိမ်းနိုင် တဲ့အနေအထား ၅% အောက်ကို မရောက်သေးတာမို့ ကာကွယ်ရေးဆက်လုပ် ကာကွယ်ဆေးထိုးကြဖို့ ကျန်းမာရေးအရာရှိတွေက တိုက်တွန်းနေပါတယ်။

ကိုဗစ်ကာကွယ်ဆေးကိုလည်း အကြုံးဝင်လူဦးရေ ၁၆% ကျော်ထိုးပေးထားပြီး ဒီနှစ်မကုန်ခင်မှာ အကျုံးဝင်လူဦးရေ ၅၀% အထိထိုးပေးဖို့ရှိကြောင်း စစ်ကောင်စီပြောခွင့်ရက မိုင်အိချိသတင်းစာနဲ့ အင်တာဗျူးထားတာကို မနေ့က ကြေးမုံသတင်းမှာ ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ အသက် ၁၈ နှစ်အထက်လို့ ရည်ရွယ်ပုံရတဲ့ ဒီအကြုံးဝင်လူဦးရေ ရာခိုင်နှုန်းဆိုတာက လူဦးရေ အားလုံးနဲ့တွက်ရင်တော့ ၁၁.၃% ပဲရှိဦးမယ်လို့ ရိုက်တာစ်သတင်းဌာနက ထောက်ပြခဲ့ပါတယ်။

တချိန်တည်းမှာ ကျောင်းတွေပြန်ဖွင့်နိုင်ဖို့ အလယ်တန်းနဲ့ အထက်တန်းအရွယ် ၁၂ နှစ်နဲ့အထက် ၁၈ နှစ်အထိ ကျောင်းသူ ကျောင်းသားတွေကိုလည်း အခုအင်္ဂါကစပြီး ကိုဗစ်ကာကွယ်ဆေးတွေ ထိုးပေးနေပြီလို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

#COVID #voaburmese #ကိုဗစ် #ဗွီအိုအေမြန်မာပိုင်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG