(Zawgyi/Unicode)
ေနျပည္ေတာ္တိုင္း စစ္ဌာနခ်ဳပ္နယ္ေျမအတြင္း တာ၀န္ထမ္းေဆာင္ေနတဲ့ စစ္သားတေယာက္မွာ COVID-19 ေရာဂါကူးစက္ေနပါတယ္။
ေရာဂါလကၡဏာေတြျပတဲ့ စစ္သားတေယာက္ကို ဓါတ္ခဲြနမူနာယူ စစ္ေဆးခဲ့တာမွာ ေရာဂါ႐ွိေနတယ္လို႔ အတည္ျပဳေၾကာင္း တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုးက ဒီေန႔ သတင္းထုတ္ျပန္ပါတယ္။
သူ႔ကို သတ္မွတ္ေဆး႐ံုမွာ ကုသေပးေနၿပီး အေျခအေန တည္ၿငိမ္တယ္လို႔ သတင္းမွာေဖာ္ျပပါတယ္။ အဲဒီစစ္သားနဲ႔ ဆက္စပ္ထိေတြ႕မႈရွိခဲ့သူေတြကိုလည္း လိုအပ္တဲ့ေရာဂါ ရွာေဖြေဖာ္ထုတ္ျခင္း၊ အသြားအလာ ကန္႔သတ္ေစာင့္ၾကပ္ ၾကည့္တာေတြ ဆက္လက္ေဆာင္ရြက္ေနတယ္လို႔ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုးသတင္းက ေျပာပါတယ္။
ျမန္မာတႏိုင္ငံလံုး ေရာဂါကူးစက္သူကေတာ့ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီေန႔ မနက္ ၇ နာရီထုတ္ျပန္ခ်က္အရ ၁၅၅ ေယာက္႐ွိပါတယ္။
[Unicode Version]
နေပြည်တော်မှာ တပ်မတော်သားတစ်ဦး COVID-19 ကူးစက်ခံရ
နေပြည်တော်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း တာဝန်ထမ်းဆောင်နေတဲ့ စစ်သားတယောက်မှာ COVID-19 ရောဂါကူးစက်နေပါတယ်။
ရောဂါလက္ခဏာတွေပြတဲ့ စစ်သားတယောက်ကို ဓါတ်ခွဲနမူနာယူ စစ်ဆေးခဲ့တာမှာ ရောဂါရှိနေတယ်လို့ အတည်ပြုကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
သူ့ကို သတ်မှတ်ဆေးရုံမှာ ကုသပေးနေပြီး အခြေအနေ တည်ငြိမ်တယ်လို့ သတင်းမှာဖော်ပြပါတယ်။ အဲဒီစစ်သားနဲ့ ဆက်စပ်ထိတွေ့မှုရှိခဲ့သူတွေကိုလည်း လိုအပ်တဲ့ရောဂါ ရှာဖွေဖော်ထုတ်ခြင်း၊ အသွားအလာ ကန့်သတ်စောင့်ကြပ် ကြည့်တာတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးသတင်းက ပြောပါတယ်။
မြန်မာတနိုင်ငံလုံး ရောဂါကူးစက်သူကတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ မနက် ၇ နာရီထုတ်ပြန်ချက်အရ ၁၅၅ ယောက်ရှိပါတယ်။