သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ COVID-19 ကူးစက္သူ ၁,၆၆၇ ေယာက္၊ ေသဆံုးသူ အေယာက္ ၇၀ ထပ္တိုး


Virus Outbreak Myanmar

Zawgyi/Unicode

က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ ျမန္မာႏိုင္ငံမွာ ဒီကေန႔ ေနာက္ဆုံး ပိုးစစ္ေဆးသူ ၁၈,၄၆၃ ေယာက္ ရွိခဲ့ၿပီး ပိုးေတြ႔သူ ၁,၆၆၇ ေယာက္ ရွိပါတယ္။ ပိုးေတြ႔ရာႏႈန္း ၉.၀၃% ပါ။ ေသဆုံးသြားသူ အေယာက္ ၇၀ ဦး ရွိပါတယ္။ ေသဆုံးမႈရာႏႈန္း ၃.၈၃% လို႔ ေျပာပါတယ္။ ဒီကေန႔အထိဆိုရင္ တရားဝင္စာရင္းအရ ပိုးေတြ႔သူ စုစုေပါင္း ၄ သိန္း ၅ ေသာင္း ၅ ေထာင္ ၇၄ ေယာက္၊ ေသဆုံးသူ စုစုေပါင္း ၁၇,၄၁၃ ေယက္ ရွိေနပါၿပီ။ လူမႈကူညီေစာင့္ေရွာက္သူေတြကေတာ့ တကယ္jဖစ္ေနတာေတြက တရားဝင္စာရင္းထက္ မ်ားႏိုင္စရာရွိတယ္လို႔ ေျပာၾကပါတယ္။

ကုလသမဂၢ အေထြေထြညီလာခံမွာေတာ့ ကိုဗစ္ကာကြယ္ေဆး ၈၂% ကို ခ်မ္းသာတဲ့တိုင္းျပည္ေတြက ရရွိၾကၿပီး ၁% ေအာက္ပဲ ဝင္ေငြနည္းတိုင္းျပည္ေတြကို ေရာက္တာဟာ လူသားထုတရပ္လုံးအေပၚ စြဲခ်က္တင္ထားတာ ျဖစ္ပါတယ္လို႔ ေတာင္အာဖရိကသမၼတ Cyril Ramaphosa က ဗြီဒီယိုကေန ေျပာၾကားလိုက္ပါတယ္။

ကာကြယ္ေဆး အမ်ိဳးသားေရးဝါဒဟာ ကိုယ့္ဖာသာလုပ္ရင္း ရႈံးနိမ့္ရတဲ့ဝါဒ ျဖစ္တယ္လို႔ သူကဆိုပါတယ္။ ကပ္ေရာဂါဆိုတာ လူတိုင္း စိတ္မခ်ရရင္ ဘယ္သူမွ စိတ္မခ်ရဆိုတဲ့အဆိုနဲ႔ ဆန႔္က်င္ဘက္ျဖစ္ေနလို႔ပါပဲလို႔ သူကေျပာသြားပါတယ္။

ကိုဗစ္ေရာဂါနဲ႔ပတ္သက္ၿပီး သုေတသနေတြလုပ္ၾကရာမွာ ကာကြယ္ေဆးရတဲ့ ကိုယ္ဝန္ေဆာင္မိခင္ေတြရဲ႕ ဗိုက္ထဲက ကေလးေတြမွာလည္း ခုခံအားေပၚလာတာကို ေတြ႔ရေၾကာင္း သားဖြါး မီးယပ္ဆိုင္ရာ အေမရိကန္ ေဆးပညာဂ်ာနယ္မွာ ေဖာ္ျပထားပါတယ္။ ဘယ္လိုခုခံအားရရွိၿပီး ဘယ္ေလာက္ၾကာၾကာ ရမလဲဆိုတာကိုေတာ့ စာတမ္းက ေဖာ္ျပမထားပါဘူး။

ကိုယ္ဝန္ေဆာင္မိခင္ေတြ ကိုဗစ္ကာကြယ္ေဆးကို ထိုးၾကဖို႔ အေမရိကန္ ကူးစက္ေရာဂါ ကာကြယ္ေရးနဲ႔ ထိန္းခ်ဳပ္ေရးဌာနက ၿပီးခဲ့တဲ့လက တိုက္တြန္းခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


--------

Unicode

မြန်မာ COVID-19 ကူးစက်သူ ၁,၆၆၇ ယောက်၊ သေဆုံးသူ အယောက် ၇၀ထပ်တိုး

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ဒီကနေ့ နောက်ဆုံး ပိုးစစ်ဆေးသူ ၁၈,၄၆၃ ယောက် ရှိခဲ့ပြီး ပိုးတွေ့သူ ၁,၆၆၇ ယောက် ရှိပါတယ်။ပိုးတွေ့ရာနှုန်း ၉.၀၃% ပါ။ သေဆုံးသွားသူ အယောက် ၇၀ဦး ရှိပါတယ်။ သေဆုံးမှုရာနှုန်း ၃.၈၃% လို့ ပြောပါတယ်။ ဒီကနေ့အထိဆိုရင် တရားဝင်စာရင်းအရ ပိုးတွေ့သူ စုစုပေါင်း ၄ သိန်း ၅ သောင်း ၅ ထောင် ၇၄ ယောက်၊ သေဆုံးသူ စုစုပေါင်း ၁၇,၄၁၃ ယေက် ရှိနေပါပြီ။ လူမှုကူညီစောင့်ရှောက်သူတွေကတော့ တကယ်jဖစ်နေတာတွေက တရားဝင်စာရင်းထက် များနိုင်စရာရှိတယ်လို့ ပြောကြပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံမှာတော့ ကိုဗစ်ကာကွယ်ဆေး ၈၂% ကို ချမ်းသာတဲ့တိုင်းပြည်တွေက ရရှိကြပြီး ၁% အောက်ပဲ ဝင်ငွေနည်းတိုင်းပြည်တွေကို ရောက်တာဟာ လူသားထုတရပ်လုံးအပေါ် စွဲချက်တင်ထားတာ ဖြစ်ပါတယ်လို့ တောင်အာဖရိကသမ္မတ Cyril Ramaphosa က ဗွီဒီယိုကနေ ပြောကြားလိုက်ပါတယ်။

ကာကွယ်ဆေး အမျိုးသားရေးဝါဒဟာ ကိုယ့်ဖာသာလုပ်ရင်း ရှုံးနိမ့်ရတဲ့ဝါဒ ဖြစ်တယ်လို့ သူကဆိုပါတယ်။ ကပ်ရောဂါဆိုတာ လူတိုင်း စိတ်မချရရင် ဘယ်သူမှ စိတ်မချရဆိုတဲ့အဆိုနဲ့ ဆန့်ကျင်ဘက်ဖြစ်နေလို့ပါပဲလို့ သူကပြောသွားပါတယ်။

ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီး သုတေသနတွေလုပ်ကြရာမှာ ကာကွယ်ဆေးရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ ဗိုက်ထဲက ကလေးတွေမှာလည်း ခုခံအားပေါ်လာတာကို တွေ့ရကြောင်း သားဖွါး မီးယပ်ဆိုင်ရာ အမေရိကန် ဆေးပညာဂျာနယ်မှာ ဖော်ပြထားပါတယ်။ ဘယ်လိုခုခံအားရရှိပြီး ဘယ်လောက်ကြာကြာ ရမလဲဆိုတာကိုတော့ စာတမ်းက ဖော်ပြမထားပါဘူး။

ကိုယ်ဝန်ဆောင်မိခင်တွေ ကိုဗစ်ကာကွယ်ဆေးကို ထိုးကြဖို့ အမေရိကန် ကူးစက်ရောဂါ ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာနက ပြီးခဲ့တဲ့လက တိုက်တွန်းခဲ့ပါတယ်။

#COVID #voaburmese #ကိုဗစ် #ဗွီအိုအေမြန်မာပိုင်း

XS
SM
MD
LG