သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေကြောင်းခရီးသည်တွေအတွက် ကိုဗစ်ကန့်သတ်ချက်ဖြေလျှော့


Yangon international airport terminal is seen in Yangon, Myanmar, November 29, 2018
Yangon international airport terminal is seen in Yangon, Myanmar, November 29, 2018

မြန်မာနိုင်ငံကို လေကြောင်းကနေဝင်ရောက်မယ့် ခရီးသွားတွေအတွက် လေယာဉ်ဆိုက်ရောက်ချိန် ဓါတ်ခွဲစမ်းသပ်မှုယူရမယ်ဆိုတဲ့ ကန့်သတ်ချက်ကို ဒီဇင်ဘာလ ၁ရက်နေ့ကစလို့ မြန်မာအာဏာပိုင်တွေက ဖြေလျှော့ပေးလိုက်ပါပြီ။ ဒါပေမယ့် မြန်မာနိုင်ငံမဝင်ခင်မှာ ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း သက်သေခံလက်မှတ် ဒါမှမဟုတ် မြန်မာနိုင်ငံကိုဆိုက်ရောက်ချိန်မတိုင်ခင် ၄၈နာရီအတွင်း ကိုဗစ်ကင်းစင်ကြောင်း ဆေးစစ်ချက် ပြသရမှာတော့ ဖြစ်ပါတယ်။ အရင်တုန်းကတော့ ဒီလို ကိုဗစ်ကင်းစင်မှုသက်သေခံအပြင် လေဆိပ်ရောက်ချိန်မှာ RDT နည်းနဲ့ ဓါတ်ခွဲစမ်းသပ်မှုခံယူကြရတာပါ။ ပြည်တွင်းရောဂါကူးစက်မှုနှုန်းကျဆင်းပြီး၊ ၁၄ရက်ဆက်တိုက် ပိုးတွေ့နှုန်း ၁ရာခိုင်နှုန်းအောက် ရောက်ရှိလာတဲ့အတွက် နိုင်ငံတကာပုံမှန်လေကြောင်းလိုင်းတွေကတဆင့် ဝင်ရောက်လာမယ့် ခရီးသွားတွေကို ကိုဗစ်စည်းမျဉ်းကန့်သတ်ချက် လျှော့ချပေးလိုက်တာဖြစ်တယ်လို့ မြန်မာကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။ ဒါပေမယ့်လည်း ကယ်ဆယ်ရေးလေယာဉ်ခရီးနဲ့ဝင်ရောက်မယ့်သူတွေနဲ့ နယ်စပ်ဝင်ထွက်ဂိတ်တွေက ဝင်ရောက်မယ့် ခရီးသည်တွေအတွက်တော့ ယခင်သတ်မှတ်ချက်တွေအတိုင်း ဆက်လက်ဆောင်ရွက်မယ်လို့ ဖော်ပြပါတယ်။ မြန်မာကျန်းမာရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ နိုဝင်ဘာလ ၂၉ရက်နေ့မှာ ဆေးစစ်သူတွေထဲ ပိုးတွေ့ရာခိုင်နှုန်း ဝ.၂၃ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။ နိုဝင်ဘာလ ၂၉ရက်နေ့အထိဆိုရင်တော့ မြန်မာနိုင်ငံတွင်း ကိုဗစ်ရောဂါပိုး တွေ့ရှိသူ စုစုပေါင်း ၉သိန်းကျော်ရှိခဲ့ပြီး၊ သေဆုံးသူ နှစ်သောင်းနီးပါးရှိခဲ့တယ်လို့ ကျန်းမာရေးဌာန စာရင်းအရသိရပါတယ်။

{Unicode}




XS
SM
MD
LG