သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာအတြက္ ကိုဗစ္အကူအညီ အေရးေပၚေပးဖို႔ SAC-M ေတာင္းဆို


ကုိဗစ္နဲ႔ေသဆံုးသူေတြကို ေစတနာ့ဝန္ထမ္းအဖြဲ႔ေတြက ကူညီသယ္ယူေပးေနစဥ္။

Zawgyi/Unicode
ျမန္မာႏုိင္ငံမွာ ႀကီးမားတဲ့ ကိုဗစ္ တတိယလိႈင္းကိုႀကံေနရၿပီး အေရးေပၚအကူအညီေတြ အေရးတႀကီးလိုအပ္ေနေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာအထူးအႀကံေပးေကာင္စီ SAC-M ရဲ႕ ဒီကေန႔ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒီေၾကညာခ်က္မွာ ျမန္မာႏိုင္ငံရင္ဆုိင္ေနရတဲ့ ကိုဗစ္ ကပ္ေရာဂါအၾကပ္အတည္းအတြက္ လူသားခ်င္းစာနာမႈအကူအညီေတြေပးဖို႔၊ ကုလသမဂၢ၊ အာဆီယံနဲ႔ တျခားႏုိင္ငံေတြက ျမန္မာျပည္သူေတြ တိုက္႐ိုက္အကူအညီေပးၾကဖို႔ကိုလည္း ေတာင္းဆိုထားပါတယ္။

လက္နက္ကိုင္အစိုးရအဖြဲ႔ဟာ ႏိုင္ငံေရးအျမတ္ထုတ္ဖို႔ ဒီမိုကေရစီေရးလႈပ္ရွားမႈေတြကို အေႏွာင့္အယွက္ေပးၿပီး ကိုဗစ္ -၁၉ ကပ္ေရာဂါကို လက္နက္သဖြယ္ အသံုးခ်ေနတယ္လို႔လည္း SAC-M အဖြဲ႔ဝင္ ေဒါက္တာ ယန္ဟီးလီက ေၾကညာခ်က္ထဲမွာ ေျပာထားပါတယ္။

ဒီအေတာအတြင္းမွာပဲ မႏွစ္ကတႏွစ္လံုး ကိုဗစ္-၁၉ ကပ္ေရာဂါထိန္းခ်ဳပ္ေရး ေဆာင္ရြက္ေနၾကရင္း သန္းေပါင္းမ ်ားစြာေသာ ကေလးေတြဟာ ပိုလီယိုနဲ႔ဝက္သက္လို ႀကိဳတင္ကာကြယ္ႏိုင္တဲ့ ေရာဂါေတြအတြက္ မထိုးမျဖစ္တဲ့ အေျခခံ ကာကြယ္ေဆးေတြထိုးခြင့္မရခဲ့ၾကဘူးလို႔ WHO ကေျပာပါတယ္။

၂၀၂၀ ခုႏွစ္အတြင္းမွာ ကေလးတိုင္း ပံုမွန္ထိုးရမယ့္ ကာကြယ္ေဆးမထိုးလိုက္ရတဲ့ကေလးေတြ ၂၃ သန္းရွိၿပီး ဒါဟာ ၂၀၁၉ခုႏွစ္ကထက္ ၃.၇ သန္း ပိုမ်ားေၾကာင္း ကမၻာ့က်န္းမာေရးအဖြဲ႔ WHO ရဲ႕ မၾကာေသးခင္က ထုတ္ျပန္တဲ့ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။ အဲဒီႏွစ္အပိုင္းအျခားအတြင္း ကေလးေပါင္း ၁၇ သန္းဟာ ဘာ ကာကြယ္ ေဆးမွရခဲ့ပံုမရွိဘဲ ကာကြယ္ေဆးရရွိမႈ အႀကီးအက်ယ္ မညီမမွ်ျဖစ္ေနေၾကာင္း WHO က ေျပာတာပါ။

တိုက္႐ိုက္ လင့္ခ္


Unicode

မြန်မာအတွက် ကိုဗစ်အကူအညီ အရေးပေါ်ပေးဖို့ SAC-M တောင်းဆို

မြန်မာနိုင်ငံမှာ ကြီးမားတဲ့ ကိုဗစ် တတိယလှိုင်းကိုကြံနေရပြီး အရေးပေါ်အကူအညီတွေ အရေးတကြီးလိုအပ်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SAC-M ရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီကြေညာချက်မှာ မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့ ကိုဗစ် ကပ်ရောဂါအကြပ်အတည်းအတွက် လူသားချင်းစာနာမှုအကူအညီတွေပေးဖို့၊ ကုလသမဂ္ဂ၊ အာဆီယံနဲ့ တခြားနိုင်ငံတွေက မြန်မာပြည်သူတွေ တိုက်ရိုက်အကူအညီပေးကြဖို့ကိုလည်း တောင်းဆိုထားပါတယ်။

လက်နက်ကိုင်အစိုးရအဖွဲ့ဟာ နိုင်ငံရေးအမြတ်ထုတ်ဖို့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို အနှောင့်အယှက်ပေးပြီး ကိုဗစ် -၁၉ ကပ်ရောဂါကို လက်နက်သဖွယ် အသုံးချနေတယ်လို့လည်း SAC-M အဖွဲ့ဝင် ဒေါက်တာ ယန်ဟီးလီက ကြေညာချက်ထဲမှာ ပြောထားပါတယ်။

ဒီအတောအတွင်းမှာပဲ မနှစ်ကတနှစ်လုံး ကိုဗစ်-၁၉ ကပ်ရောဂါထိန်းချုပ်ရေး ဆောင်ရွက်နေကြရင်း သန်းပေါင်းမ ျားစွာသော ကလေးတွေဟာ ပိုလီယိုနဲ့ဝက်သက်လို ကြိုတင်ကာကွယ်နိုင်တဲ့ ရောဂါတွေအတွက် မထိုးမဖြစ်တဲ့ အခြေခံ ကာကွယ်ဆေးတွေထိုးခွင့်မရခဲ့ကြဘူးလို့ WHO ကပြောပါတယ်။

၂၀၂၀ ခုနှစ်အတွင်းမှာ ကလေးတိုင်း ပုံမှန်ထိုးရမယ့် ကာကွယ်ဆေးမထိုးလိုက်ရတဲ့ကလေးတွေ ၂၃ သန်းရှိပြီး ဒါဟာ ၂၀၁၉ခုနှစ်ကထက် ၃.၇ သန်း ပိုများကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ မကြာသေးခင်က ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြပါတယ်။ အဲဒီနှစ်အပိုင်းအခြားအတွင်း ကလေးပေါင်း ၁၇ သန်းဟာ ဘာ ကာကွယ် ဆေးမှရခဲ့ပုံမရှိဘဲ ကာကွယ်ဆေးရရှိမှု အကြီးအကျယ် မညီမမျှဖြစ်နေကြောင်း WHO က ပြောတာပါ။

#COVID #SAC-M #voaburmese #ကိုဗစ် #ဗွီအိုအေမြန်မာပိုင်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG