သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ကိုဗစ်သေဆုံးအရေအတွက် အာဆီယံမှာတတိယမြောက်


ကိုဗစ်ရောဂါနဲ့ ပျံလွန်တော်မူတယ်လို့ယူဆရတဲ့ ရဟန်းတပါးရဲ့ ရုပ်ကလာပ်ကို မသယ်ခင် ပိုးသတ်ဆေး ဖြန်းနေပုံ။
ကိုဗစ်ရောဂါနဲ့ ပျံလွန်တော်မူတယ်လို့ယူဆရတဲ့ ရဟန်းတပါးရဲ့ ရုပ်ကလာပ်ကို မသယ်ခင် ပိုးသတ်ဆေး ဖြန်းနေပုံ။

Zawgyi/Unicode

ကိုဗစ်တတိယလှိုင်းဒဏ်နဲ့ ရင်ဆိုင်နေရဆဲဖြစ်တဲ့ မြန်မာနိုင်ငံမှာ စစ်ကောင်စီက တရားဝင်ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရကိုပဲ စုစုပေါင်း သေဆုံးသူအရေအတွက်ဟာ အရှေ့တောင်အာရှဒေသမှာ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်ပြီးရင် တတိယအများဆုံးဖြစ်နေပါပြီ။

မြန်မာနိုင်ငံမှာ COVID-19 ကြောင့် သေဆုံးသူအရေအတွက် ၁၃,၀၀၀ နီးပါး ရှိနေပြီး စတုတ္ထအများဆုံးဖြစ်တဲ့ မလေးရှားနဲ့ဆိုရင် အရေအတွက် ၁,၀၀၀ နီးပါးကွာပါတယ်။

အာဆီယံလူဦးရေ စုစုပေါင်းရဲ့ သုံးပုံတပုံကျော်၊ နိုင်ငံလူဦးရေစုစုပေါင်း သန်း ၂၇၀ ကျော်ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံကတော့ အာဆီယံဒေသမှာ ကူးစက် သေဆုံးသူအရေအတွက် အများဆုံးဖြစ်ပြီး စုစုပေါင်း လူ ၁၁၅,၀၀၀ ကျော် ကိုဗစ်ကြောင့် အသက်ဆုံးပါးထားပြီးဖြစ်ပါတယ်။

အာဆီယံမှာ နိုင်ငံလူဦးရေစုစုပေါင်း ဒုတိယအများဆုံးဖြစ်ပြီး မြန်မာနိုင်ငံလူဦးရေထက် နှစ်ဆကျော်ပိုများတဲ့ ဖိလစ်ပိုင်နိုင်ငံမှာတော့ ကိုဗစ်ရောဂါကြောင့်သေဆုံးသူ ၃၀,၀၀၀ နီးပါးရှိနေပါပြီ။

ကိုဗစ်တတိယလှိုင်းအတွင်း မြန်မာနိုင်ငံမှာ ကူးစက် သေဆုံးသူအရေအတွက်ဟာ တရားဝင်ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေထက် ပိုများမယ်လို့ ကျန်းမာရေးပညာရှင်တွေကရော၊ ပရဟိတ အကူအညီပေး လုပ်သားတွေကပါ ခန့်မှန်းထားပါတယ်။

ကိုဗစ်ကူးစက်သူတွေထဲမှာ အခုဆိုရင် စစ်တပ်ခေါင်းဆောင်တဦးအဖြစ် တိုင်းပြည်ကို နှစ်ပေါင်းများစွာ ဖိနှိပ် အုပ်ချုပ်ခဲ့သူ ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေနဲ့ သူ့ရဲ့ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင်တို့လည်း ပါဝင်ပါတယ်။

နေပြည်တော်က စစ်ဆေးရုံတခုမှာ တက်ရောက်ပြီး ဆေးကုသမှု ခံယူနေချိန်အတွင်း ကိုဗစ်စစ်ဆေးတာမှာ ကူးစက်ထားတယ်ဆိုတာ တွေ့ရတဲ့အကြောင်း အမည်မဖော်တဲ့ အစိုးရတာဝန်ရှိသူတွေ၊ ဆေးရုံဝန်ထမ်းတွေကို ကိုးကားပြီး ရိုက်တာနဲ့ အေပီသတင်းဌာနတွေက မနေ့ကရေးခဲ့ပါတယ်။

မနေ့ကထိဆိုရင်တော့ ဦးသန်းရွှေရဲ့ အခြေအနေက တည်ငြိမ်နေတယ်လို့ အမည်မဖော်တဲ့တာဝန်ရှိသူတဦးကပြောတာကို ရိုက်တာသတင်းမှာ ကိုးကားဖော်ပြထားပြီး ဒီကနေ့အခြေအနေကိုတော့ အတိအကျ ထပ်မသိရသေးပါဘူး။

စစ်တပ်က အာဏာသိမ်းထားတဲ့အတွက် ကျန်းမာရေးကဏ္ဍအပါအဝင် တိုင်းပြည်အခြေအနေအရပ်ရပ် ဖရိုဖရဲဖြစ်နေပြီး အချိန်မီ အပြောင်းအလဲမလုပ်နိုင်ဘူးဆိုရင် လက်ရှိထက် ပိုဆိုးသွားနိုင်တယ်လို့ နိုင်ငံတကာက သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်


--------

Unicode











#Covid19 #MyanmarCovid #VOABurmese

XS
SM
MD
LG