သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ COVID-19 ကူးစက္သူ ၁,၃၉၄ ေယာက္၊ ေသဆံုးသူ ၃၆ ေယာက္ ထပ္တိုး


Myanmar Covid

{Zawgyi/Unicode}

COVID-19 တတိယလႈိင္းဒဏ္ကို ရင္ဆိုင္ေနရဆဲျဖစ္တဲ့ ျမန္မာႏိုင္ငံမွာ ေရာဂါပိုး ကူးစက္သူနဲ႔ ေသဆုံးသူ အေရအတြက္ အနည္းငယ္ ေလ်ာ့က်သြားေပမယ့္ ကူးစက္ေသဆုံးမႈေတြ အခုခ်ိန္ထိရွိေနဆဲပါ။

စစ္ေကာင္စီ က်န္းမာေရး၀န္ႀကီးဌာနက ဒီကေန႔ည ၈ နာရီမွာ ထုတ္ျပန္တဲ့စာရင္းအရ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ဓာတ္ခြဲစမ္းသပ္မႈေပါင္း ၁၈,၇၂၇ ဦးကို စစ္ေဆးခဲ့တာမွာ ၁,၃၉၄ ဦးမွာ ေရာဂါပိုး ကူးစက္ေနတာ ေတြ႕ရွိေၾကာင္း ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္းမွာပဲ ေသဆုံးသူ ၃၆ ဦးရွိေၾကာင္း ေဖာ္ျပထားတာေၾကာင့္ အခုခ်ိန္ထိ ေသဆုံးသူ စုစုေပါင္း ၁၈,၀၃၄ ဦး ရွိသြားၿပီ ျဖစ္ပါတယ္။

ဒါေပမယ့္ ကိုဗစ္တတိယလိႈင္းအတြင္း အမွန္တကယ္ ေရာဂါပိုးကူးစက္သူနဲ႔ ေသဆုံးသူအေရအတြက္ဟာ က်န္းမာေရးဌာနကထုတ္ျပန္ေနတာထက္ အမ်ားႀကီးပိုမ်ားႏိုင္ေၾကာင္း က်န္းမာေရးပညာရွင္ေတြနဲ႔ ပရဟိတအဖြဲ႔အစည္းေတြက ေျပာပါတယ္။

ဇြန္လကုန္ပိုင္းမွာ စတင္ခဲ့တဲ့ COVID-19 တတိယလႈိင္းေၾကာင့္ ဇူလိုင္လအတြင္း ကူးစက္ ေသဆုံးမႈ အမ်ားဆုံးျဖစ္ခဲ့ၿပီး အခုခ်ိန္မွာ အဲဒီ ကူးစက္ ေသဆုံးမႈအရွိန္ ေလ်ာ့က်လာေနၿပီ ျဖစ္ေပမယ့္ ျပည္သူလူထုအၾကား ဒီေရာဂါနဲ႔ပတ္သက္လို႔ စိုးရိမ္ေၾကာင့္ၾကမႈေတြ ရွိေနဆဲ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံကိုလာေရာက္တဲ့ ခရီးသြားေတြအေပၚ ျပည္ဝင္ခြင့္ ယာယီကန႔္သတ္ခ်က္အားလုံးကို စက္တင္ဘာလ ၃၀ ရက္ေန႔အထိ ထုတ္ျပန္ထားတာကေန ေအာက္တိုဘာလ ၃၁ ရက္ေန႔အထိ တိုးျမႇင့္သတ္မွတ္လိုက္ေၾကာင္း စစ္ေကာင္စီ ႏိုင္ငံျခားေရးဌာနက ေအာက္တိုဘာလ ၁ ရက္ေန႔က ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


=====

{Unicode}

မြန်မာ COVID-19 ကူးစက်သူ ၁,၃၉၄ ယောက်၊ သေဆုံးသူ ၃၆ ယောက် ထပ်တိုး

COVID-19 တတိယလှိုင်းဒဏ်ကို ရင်ဆိုင်နေရဆဲဖြစ်တဲ့ မြန်မာနိုင်ငံမှာ ရောဂါပိုး ကူးစက်သူနဲ့ သေဆုံးသူ အရေအတွက် အနည်းငယ် လျော့ကျသွားပေမယ့် ကူးစက်သေဆုံးမှုတွေ အခုချိန်ထိရှိနေဆဲပါ။

စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့ည ၈ နာရီမှာ ထုတ်ပြန်တဲ့စာရင်းအရ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲစမ်းသပ်မှုပေါင်း ၁၈,၇၂၇ ဦးကို စစ်ဆေးခဲ့တာမှာ ၁,၃၉၄ ဦးမှာ ရောဂါပိုး ကူးစက်နေတာ တွေ့ရှိကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းမှာပဲ သေဆုံးသူ ၃၆ ဦးရှိကြောင်း ဖော်ပြထားတာကြောင့် အခုချိန်ထိ သေဆုံးသူ စုစုပေါင်း ၁၈,၀၃၄ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

ဒါပေမယ့် ကိုဗစ်တတိယလှိုင်းအတွင်း အမှန်တကယ် ရောဂါပိုးကူးစက်သူနဲ့ သေဆုံးသူအရေအတွက်ဟာ ကျန်းမာရေးဌာနကထုတ်ပြန်နေတာထက် အများကြီးပိုများနိုင်ကြောင်း ကျန်းမာရေးပညာရှင်တွေနဲ့ ပရဟိတအဖွဲ့အစည်းတွေက ပြောပါတယ်။

ဇွန်လကုန်ပိုင်းမှာ စတင်ခဲ့တဲ့ COVID-19 တတိယလှိုင်းကြောင့် ဇူလိုင်လအတွင်း ကူးစက် သေဆုံးမှု အများဆုံးဖြစ်ခဲ့ပြီး အခုချိန်မှာ အဲဒီ ကူးစက် သေဆုံးမှုအရှိန် လျော့ကျလာနေပြီ ဖြစ်ပေမယ့် ပြည်သူလူထုအကြား ဒီရောဂါနဲ့ပတ်သက်လို့ စိုးရိမ်ကြောင့်ကြမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကိုလာရောက်တဲ့ ခရီးသွားတွေအပေါ် ပြည်ဝင်ခွင့် ယာယီကန့်သတ်ချက်အားလုံးကို စက်တင်ဘာလ ၃၀ ရက်နေ့အထိ ထုတ်ပြန်ထားတာကနေ အောက်တိုဘာလ ၃၁ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဌာနက အောက်တိုဘာလ ၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

#COVID #voaburmese #ကိုဗစ် #ဗွီအိုအေမြန်မာပိုင်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG