သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ကိုဗစ်ကူးစက်သူ ၆,၇၀၀ ကျော်၊ သေဆုံးသူ ၃၁၉ ဦးထပ်တိုး


APTOPIX Virus Outbreak Myanmar Daily Life
APTOPIX Virus Outbreak Myanmar Daily Life

Zawgyi/Unicode

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ COVID-19 တတိယလှိုင်းဟာ အရှိန်လျော့မသွားသေးဘဲ ရောဂါပိုးကူးစက်မှုနဲ့ သေဆုံးမှုနှုန်းဟာ များပြားနေဆဲ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ည ၈ နာရီမှာ ထုတ်ပြန်တဲ့ကြေညာချက်မှာတော့ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓါတ်ခွဲနမူနာပေါင်း ၁၇,၂၅၃ ခုကို စမ်းသပ် စစ်ဆေးခဲ့တဲ့တာမှာ ရောဂါပိုးကူးစက်နေသူ ၆,၇၀၁ ဦးကို တွေ့ရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းမှာဘဲ သေဆုံးသူ အရေအတွက်ဟာ ၃၁၉ ဦး ရှိတယ်လို့လည်း အဲဒီ ကြေညာချက်မှာဖော်ပြထားပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ကိုဗစ် ဗီဇမျိုးကွဲ Variant of concern (VOC) ၃ မျိုးဖြစ်တဲ့ Alpha, Beta, Delta အပြင် Variant of interest ထဲမှာတမျိုးဖြစ်တဲ့ Kappa စုစုပေါင်း ၄ မျိုး တွေ့ရှိထားကြောင်း ည ၈ နာရီသတင်းမှာ ကြေညာသွားပါတယ်။

ကိုဗစ်ကာကွယ်ရေး၊ ဆက်လက်ထိန်းချုပ်ဟန့်တားရေးအတွက် စာသင်ကျောင်းတွေကို ဇူလိုင်လ ၂၆ ရက်ကနေ သြဂုတ်လ ၈ ရက်နေ့အထိ နှစ်ပတ်ယာယီ ဆက်ပိတ်ထားမယ်လို့လည်း သတင်းမှာ ပြောပါတယ်။

အခုလို ရောဂါပိုး ကူးစက်၊ သေဆုံးသူတွေ နိုင်ငံတဝန်းက မြို့နယ် အတော်များများ ဖြစ်ပေါ်နေတာကြောင့် Stay at home မလိုအပ်ဘဲ နေအိမ်ကနေ အပြင်မထွက်ကြဖို့ အမိန့်ထုတ်ပြန်ထားတဲ့ အမိန့်ထုတ်ပြန်ထားတဲ့ မြို့နယ်ပေါင်းလည်း ၉၀ ဝန်းကျင် ရှိလာပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


Unicode








XS
SM
MD
LG