သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၄နာရီအတွင်း ကိုဗစ်ဓါတ်ခွဲအတည်ပြု ၃၇၃၉ ဦး၊ သေဆုံး၂၁၈ ဦး


ကိုဗစ်ကပ်ရောဂါကြား ကိုရင်များဆွမ်းခံကြွနေပုံ။ ဇူလိုင် ၁၅၊ ၂၀၂၁။
ကိုဗစ်ကပ်ရောဂါကြား ကိုရင်များဆွမ်းခံကြွနေပုံ။ ဇူလိုင် ၁၅၊ ၂၀၂၁။

(Zawgyi/ Unicode)

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲနမူနာပေါင်း ၁၃၇၆၇ ခုကို စစ်ဆေးခဲ့တာမှာ ပိုးတွေ့သူစုစုပေါင်း ၃၇၃၉ ယောက်ရှိပြီး သေဆုံးသူ ၂၁၈ ယောက်ရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဌာနရဲ့ ဒီကနေ့ည ၈ နာရီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီကနေ့အထိဆိုရင်ပိုးတွေ့သူစုစုပေါင်း ၃ သိန်း ၄ သောင်းကျော်ရှိပြီဖြစ်ပြီးသေဆုံးသူ စုစုပေါင်းက ၁ သောင်း၂ ထောင်ကျော် ရှိပြီလို့လည်း ဖော်ပြထားပါတယ်။

ကိုဗစ်ပထမလှိုှုင်းနဲ့ ဒုတိယလှိုင်းအတွင်း အစိုးရက တရားဝင်ထုတ်ပြန်တဲ့ ရောဂါကူးစက်သူ သေဆုံးသူ အရေအတွက်အပေါ် ငြင်းချက်ထုတ်တာတွေ မရှိခဲ့သလောက် ဖြစ်ပေမယ့်လည်း အခု တတိယလှိုှုင်းမှာတော့ တရားဝင်ထုတ်ပြန်တဲ့ ကိန်းဂဏန်းထက် အမှန်တကယ် ကူးစက်သေဆုံးသူအရေအတွက်က ပိုများတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပရဟိတလုပ်သားတွေက ပြောကြပါတယ်။ တတိယလှိုင်းမှာ မျိုးရိုးဗီဇကွဲ Delta ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို အဓိကရင်ဆိုင်နေရတာဖြစ်ပြီး ဒီမျိုးကွဲဟာ ကူးစက်မှုမြန်ဆန်သလို သေဆုံးမှုလည်း ပိုပြီးများတဲ့ ကိုဗစ် ဗီဇမျိုးကွဲဖြစ်ပါတယ်။

ဒီပိုးကို ကာကွယ်ဖို့အတွက်က ကာကွယ်ဆေးပဲရှိတယ်ဆိုတာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကရော၊ ကမ္ဘာတဝန်း ကျန်းမာရေးပညာရှင်တွေကပါ ပြောဆိုထားပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့နိုင်ငံအသီးသီးက သူတို့နိုင်ငံသားအားလုံးအတွက် ကိုဗစ်ကာကွယ်ဆေးတခုခုရဖို့ အပြင်းအထန် ကြိုးစားနေကြပါတယ်။ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ မြန်မာ့လူဦးရေ သန်း ၅၀ လုံးအတွက် ကာကွယ်ဆေးကို ပြည်ပကချည်းပဲသာ ဝယ်ရမယ်ဆိုရင် တိုင်းပြည်မွဲသွားမှာပဲလို့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ပြောထားပါတယ်။
ဒါကြောင့် တိုင်းရင်းဆေးပညာကို ခေတ်ပေါ်နည်းပညာရပ်တွေနဲ့ ပေါင်းစပ်ပြီး ကာကွယ်ကုသရေးအတွက် နည်လမ်းရှာဖွေဖော်ထုတ်ကြဖို့ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)




XS
SM
MD
LG