သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ COVID-19 ကူးစက်သူ ၂,၁၀၁ ယောက်၊ သေဆုံးသူ ၈၈ ဦးထပ်တိုး


ရဟန်းတပါးကို မီးသင်္ဂြိုဟ်ပေးနေတဲ့ စေတနာ့ဝန်ထမ်းများ။
ရဟန်းတပါးကို မီးသင်္ဂြိုဟ်ပေးနေတဲ့ စေတနာ့ဝန်ထမ်းများ။

(Zawgyi/Unicode)

မြန်မာနိုင်ငံ COVID-19 တတိယလှိုင်းကာလမှာ နေ့စဉ်သေဆုံးသူအရေအတွက်ဟာ ပြီးခဲ့တဲ့ရက်အနည်းငယ်ကစပြီး ၁၀၀ အောက်ကို ကျလာပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့ စက်တင်ဘာလ ၁၀ ရက်နေ့ည ၈ နာရီမှာထုတ်ပြန်တဲ့ စာရင်းအရ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲစမ်းသပ်မှုပေါင်း --၂၄၈၁၈-- ခုကို စစ်ဆေးခဲ့တာမှာ ရောဂါကူးစက်ထားသူ ၂၁၀၂ ဦး ရှိခဲ့ပြီး သေဆုံးသူက -၈၈ - ယောက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

ကျန်းမာရေးလုပ်သားတွေနဲ့ ပရဟိတကူညီသူတွေကတော့ အမှန်တကယ် သေဆုံးသူအရေအတွက်ဟာ တရားဝင်ထုတ်ပြန်တာထက် ပိုများနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအတွက်ဆိုပြီး စာသင်ကျောင်းတွေကို စက်တင်ဘာလ ၁၃ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ သီတင်းနှစ်ပတ် ဆက်ပိတ်ထားမယ်လို့လည်း ဒီည ၈ နာရီသတင်းမှာ ကြေညာသွားပါတယ်။

အခုလက်ရှိမှာ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တနိုင်ငံလုံးအနေနဲ့ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး ပြည်သူ့တော်လှန်ရေး ဆင်နွှဲကြဖို့ ကြေညာလိုက်ပြီးတဲ့နောက် လူထုကြားမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေထက် နေ့စဉ်ဖြစ်ပျက်နေတဲ့ အခြေအနေတွေအပေါ် ပိုပြီး အာရုံစိုက်နေကြပုံရပါတယ်။

နိုင်ငံတဝန်း မြို့နယ်ပေါင်း ၁၁၉ မြို့နယ်မှာ Stay-At-Home မလိုအပ်ဘဲ အိမ်ပြင်မထွက်ဖို့ အမိန့်ထုတ်ထားပေမယ့်လည်း အဲဒီထဲက တချို့မြို့နယ်တွေမှာ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေဆက်ရှိနေပြီး တကိုယ်ရေ ကိုဗစ်အကာအကွယ်အနေနဲ့ နှာခေါင်းစည်းတွေတပ်ပြီး ဆန္ဒပြကြသူတွေကို တွေ့ရပါတယ်။

အသက်အရွယ်ကြီးရင့်သူတွေကို စစ်ကောင်စီက တရုတ်ထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေပေမယ့် တခြားအသက်အပိုင်းအခြားတွေ ကာကွယ်ဆေးထိုးခွင့်ရဖို့ အလားအလာကတော့ ခုချိန်ထိ သေချာမသိရသေးပါဘူး။
ငွေကြေးတတ်နိုင်သူတွေကတော့ နည်းလမ်းအမျိုးမျိုးနဲ့ ရနိုင်တဲ့ ကိုဗစ်ကာကွယ်ဆေး ထိုးနေကြတဲ့သတင်းတွေ ရထားပါတယ်။

.....................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)








XS
SM
MD
LG