သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၄နာရီအတြင္း ဓါတ္ခြဲအတည္ျပဳ၄၉၈၀ဦး၊ေသဆုံး၃၆၅ဦး


ရန္္ကုန္၊ ပုဇြန္ေတာင္တြင္ ေအာက္ဆီဂ်င္ တန္းစီေစာင့္ေနၾကသူမ်ား။ ၁၁ ဇူလိုင္ ၂၀၂၁

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ဓာတ္ခြဲနမူနာေပါင္း ၁၃,၇၆၃ ခုကို စစ္ေဆးခဲ့တာမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူအေရအတြက္ ၄,၉၈၀ ဦးရွိခဲ့ၿပီး ေသဆုံးသူအေရအတြက္က ၃၆၅ ေယာက္ရွိတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ဒီကေန႔ညအထိဆိုရင္ ပိုးေတြ႕သူ စုစုေပါင္း ၂၈၄,၀၉၉ ေယာက္ရွိၿပီျဖစ္ၿပီးေတာ့ ေသဆုံးသူ စုစုေပါင္းက ၈,၈၂၁၀ ေယာက္ရွိၿပီျဖစ္ပါတယ္။ ဓါတ္ခြဲစစ္ေဆးမႈနဲ႔ စီစစ္မႈေတြ အျပည့္အ၀မလုပ္ႏိုင္တာေၾကာင့္ လက္ေတြ႕ေျမျပင္မွာ ေရာဂါကူးစက္သူနဲ႔ေသဆုံးသူဟာ တရားဝင္ကိန္းဂဏန္းထက္ပိုမ်ားႏိုင္တယ္လို႔ ကူညီေရးအဖြဲ႕ေတြက ခန႔္မွန္းၾကပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြ တိုးလာေနတဲ့အတြက္ ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရး ႀကိဳးပမ္းမႈေတြမွာ ႏိုင္ငံတကာ အသိုင္းအဝိုင္းက ပူးေပါင္းေဆာင္႐ြက္ဖို႔ စစ္ေကာင္စီအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာဆိုတဲ့အေၾကာင္း ဒီကေန႔ထုတ္ စစ္ေကာင္စီသတင္းစာေတြမွာ ေဖာ္ျပထားပါတယ္။
ေဒသတြင္း အေရွ႕ေတာင္အာရွႏိုင္ငံေတြ၊ ရင္းႏွီးတဲ့ မိတ္ေဆြႏိုင္ငံေတြအပါအဝင္ ႏိုင္ငံတကာအသိုင္းအဝိုင္း အေနနဲ႔ ျမန္မာႏိုင္ငံရဲ႕ COVID-19 ေရာဂါ ကာကြယ္ ထိန္းခ်ဳပ္ေရးနဲ႔ ကုသေရးလုပ္ငန္းေတြမွာ ပိုမို ပူးေပါင္း ေဆာင္႐ြက္ၾကဖို႔ ေမွ်ာ္လင့္တဲ့အေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ မေန႔ကေျပာခဲ့တာကို သတင္းစာေတြမွာ ေဖာ္ျပထားတာပါ။
ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ႏိုင္ငံေရးမတည္ၿငိမ္မႈေတြနဲ႔ ဘက္ေပါင္းစုံက အက်ပ္အတည္းေတြ ႀကဳံေနရခ်ိန္မွာ COVID-19 တတိယလႈိင္း ကူးစက္မႈဒဏ္ကိုပါ ျပင္းျပင္းထန္ထန္ ခံေနရတာ ျဖစ္ပါတယ္။ ေအာက္စီဂ်င္ျပတ္ၿပီး ေသဆုံးသူေတြလည္း ေန႔စဥ္လိုရွိေနတာပါ။
စစ္ေကာင္စီကေတာ့ ေအာက္ဆီဂ်င္ ျပတ္လပ္မႈမရွိေစဖို႔အတြက္ ျပည္ပက တင္သြင္းခြင့္ျပဳတာအပါအဝင္ နည္းလမ္းေပါင္းစုံနဲ႔ လုပ္ေနတယ္လို႔ ေျပာထားပါတယ္။
ဒါေပမယ့္လည္း သာမန္လူထုၾကားမွာေတာ့ ေအာက္ဆီဂ်င္ဘူးရွာတာ၊ ကုန္သြားတဲ့ ေအာက္ဆီဂ်င္ဘူးေတြကို အခ်ိန္အၾကာႀကီး တန္းစီေစာင့္ၿပီး ျဖည့္ရတာ၊ Oxygen Concentrator စက္ေတြ အေရးတႀကီးရွာေဖြၿပီး ေဈးႀကီးေပး ဝယ္ေနရတာေတြကို ေန႔စဥ္ေတြ႕ေနရပါတယ္။
ဒါ့အျပင္ ကိုဗစ္ကူးစက္ခံရသူ လူနာေတြကို ဆရာဝန္ေတြက ေသာက္ဖို႔ေျပာတဲ့ ေဆးေတြ၊ ထိုးေဆးေတြ၊ ခႏၶာကိုယ္တြင္း ေအာက္ဆီဂ်င္ပမာဏကိုတိုင္းတဲ့ Oximeter ေလးေတြ စသည္အားျဖင့္ လိုအပ္တဲ့ေဆးေတြနဲ႔ ပစၥည္းေတြဟာလည္း ရွားပါးေနၿပီး ျပည္ပကေန တင္သြင္းၾကတဲ့အခါမွာလည္း အေကာက္ခြန္ဌာနက အလြယ္တကူ ထုတ္မေပးတာေၾကာင့္ ရက္အေတာ္ၾကာၿပီးမွ ရၾကပါတယ္။
ကိုဗစ္ကူးစက္ခံထားရသူ လူနာအမ်ားအျပားဟာ ေဆး႐ုံ၊ ေဆးခန္းေတြ၊ ကိုဗစ္စင္တာေတြမွာတက္ၿပီး ေစာင့္ေရွာက္မႈခံယူဖို႔ မရၾကတာေၾကာင့္ ေနအိမ္ေတြမွာပဲ ကိုယ့္နည္းကိုယ့္ဟန္နဲ႔ သက္သာေပ်ာက္ကင္းေအာင္ လုပ္ေနၾကရပါတယ္။

++++

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၁၃,၇၆၃ ခုကို စစ်ဆေးခဲ့တာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအရေအတွက် ၄,၉၈၀ ဦးရှိခဲ့ပြီး သေဆုံးသူအရေအတွက်က ၃၆၅ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီကနေ့ညအထိဆိုရင် ပိုးတွေ့သူ စုစုပေါင်း ၂၈၄,၀၉၉ ယောက်ရှိပြီဖြစ်ပြီးတော့ သေဆုံးသူ စုစုပေါင်းက ၈,၈၂၁၀ ယောက်ရှိပြီဖြစ်ပါတယ်။ ဓါတ်ခွဲစစ်ဆေးမှုနဲ့ စီစစ်မှုတွေ အပြည့်အ၀မလုပ်နိုင်တာကြောင့် လက်တွေ့မြေပြင်မှာ ရောဂါကူးစက်သူနဲ့သေဆုံးသူဟာ တရားဝင်ကိန်းဂဏန်းထက်ပိုများနိုင်တယ်လို့ ကူညီရေးအဖွဲ့တွေက ခန့်မှန်းကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ တိုးလာနေတဲ့အတွက် ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကြိုးပမ်းမှုတွေမှာ နိုင်ငံတကာ အသိုင်းအဝိုင်းက ပူးပေါင်းဆောင်ရွက်ဖို့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုတဲ့အကြောင်း ဒီကနေ့ထုတ် စစ်ကောင်စီသတင်းစာတွေမှာ ဖော်ပြထားပါတယ်။
ဒေသတွင်း အရှေ့တောင်အာရှနိုင်ငံတွေ၊ ရင်းနှီးတဲ့ မိတ်ဆွေနိုင်ငံတွေအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း အနေနဲ့ မြန်မာနိုင်ငံရဲ့ COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးနဲ့ ကုသရေးလုပ်ငန်းတွေမှာ ပိုမို ပူးပေါင်း ဆောင်ရွက်ကြဖို့ မျှော်လင့်တဲ့အကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မနေ့ကပြောခဲ့တာကို သတင်းစာတွေမှာ ဖော်ပြထားတာပါ။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ဘက်ပေါင်းစုံက အကျပ်အတည်းတွေ ကြုံနေရချိန်မှာ COVID-19 တတိယလှိုင်း ကူးစက်မှုဒဏ်ကိုပါ ပြင်းပြင်းထန်ထန် ခံနေရတာ ဖြစ်ပါတယ်။ အောက်စီဂျင်ပြတ်ပြီး သေဆုံးသူတွေလည်း နေ့စဉ်လိုရှိနေတာပါ။
စစ်ကောင်စီကတော့ အောက်ဆီဂျင် ပြတ်လပ်မှုမရှိစေဖို့အတွက် ပြည်ပက တင်သွင်းခွင့်ပြုတာအပါအဝင် နည်းလမ်းပေါင်းစုံနဲ့ လုပ်နေတယ်လို့ ပြောထားပါတယ်။
ဒါပေမယ့်လည်း သာမန်လူထုကြားမှာတော့ အောက်ဆီဂျင်ဘူးရှာတာ၊ ကုန်သွားတဲ့ အောက်ဆီဂျင်ဘူးတွေကို အချိန်အကြာကြီး တန်းစီစောင့်ပြီး ဖြည့်ရတာ၊ Oxygen Concentrator စက်တွေ အရေးတကြီးရှာဖွေပြီး ဈေးကြီးပေး ဝယ်နေရတာတွေကို နေ့စဉ်တွေ့နေရပါတယ်။
ဒါ့အပြင် ကိုဗစ်ကူးစက်ခံရသူ လူနာတွေကို ဆရာဝန်တွေက သောက်ဖို့ပြောတဲ့ ဆေးတွေ၊ ထိုးဆေးတွေ၊ ခန္ဓာကိုယ်တွင်း အောက်ဆီဂျင်ပမာဏကိုတိုင်းတဲ့ Oximeter လေးတွေ စသည်အားဖြင့် လိုအပ်တဲ့ဆေးတွေနဲ့ ပစ္စည်းတွေဟာလည်း ရှားပါးနေပြီး ပြည်ပကနေ တင်သွင်းကြတဲ့အခါမှာလည်း အကောက်ခွန်ဌာနက အလွယ်တကူ ထုတ်မပေးတာကြောင့် ရက်အတော်ကြာပြီးမှ ရကြပါတယ်။
ကိုဗစ်ကူးစက်ခံထားရသူ လူနာအများအပြားဟာ ဆေးရုံ၊ ဆေးခန်းတွေ၊ ကိုဗစ်စင်တာတွေမှာတက်ပြီး စောင့်ရှောက်မှုခံယူဖို့ မရကြတာကြောင့် နေအိမ်တွေမှာပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ သက်သာပျောက်ကင်းအောင် လုပ်နေကြရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG