သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၄ နာရီအတွင်း ဓါတ်ခွဲအတည်ပြု ၄,၀၅၁ ဦး၊ သေဆုံး ၃၂၂ ဦး


အောက်ဆီဂျင်ဖြည့်ရန် တန်းစီစောင့်နေကြသူများ။ (မန္တလေး၊ ၁၃ ဇူလိုင် ၂၀၂၁)
အောက်ဆီဂျင်ဖြည့်ရန် တန်းစီစောင့်နေကြသူများ။ (မန္တလေး၊ ၁၃ ဇူလိုင် ၂၀၂၁)

(zawgyi/unicode)

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းကိုရိုနာဗိုင်းရပ်စ်ပိုး ဓါတ်ခွဲအတည်ပြု ၄၀၅၁ ဦးရှိပါတယ်။ ဓာတ်ခွဲစစ်ဆေးမှုပေါင်း ၁သောင်း ၃ ထောင်ကျော်မှာ ပိုးကူးသူ ၄ ထောင်ကျော်တွေ့ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ်လ ၄ ရက်နေ့ညမှာ သတင်းထုတ်ပြန်ခဲ့တာပါ။ ဒီကနေ့တရက်ထဲ သေဆုံးသူကတော့ ၃၂၂ ဦးရှိပါတယ်။ မြန်မာနိုင်ငံမှာ ဓာတ်ခွဲစစ်ဆေးမှုပေါင်း ၃၂သိန်းကျော်ပြုလုပ်ခဲ့တာမှာ ပိုးတွေ့လူနာစုစုပေါင်းက ၃သိန်း ၁ သောင်းကျော်ရှိနဲ့ ကိုဗစ်ကူးခံရပြီး သေဆုံးသူစုစုပေါင်းက ၁၀၆၉၅ ဦးရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ ဂျွန်လနောက်ပိုင်း ကိုဗစ်ကူးခံရသူနဲ့ သေဆုံးသူတွေ နေ့စဉ်တိုးလာနေတာပါ။ ဖေဖော်ဝါရီလ ၁ ရက်၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကိုရိုနာဗိုင်းရပ်စ်ပိုးကို စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးနိုင်ခြင်းမရှိသလို သေဆုံးသူစာရင်းကိုလည်းအတိအကျ ပြုစုနိုင်ခြင်းမရှိတာကြောင့် အမှန်တကယ် ကူးစက်သူနဲ့သေဆုံးသူက တရားဝင်ထုတ်ပြန်ချက်တွေထက် ပိုများနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေနဲ့ ပရဟိတလုပ်နေသူတွေက ခန့်မှန်းထားကြတာပါ။ ခုလိုကပ်ရောဂါအခြေအနေ ဆိုးရွားလာနေတဲ့အတွက် မလိုအပ်ပဲအိမ်ပြင်မထွက်ရ Stay-at-Home အမိန့်ကိုလည်း မြို့နယ်တချို့မှာ ထပ်တိုးထုတ်ပြန်ထားပါတယ်။ မန္တလေးတိုင်း၊ မြင်းခြံမြို့နဲ့ မွန်ပြည်နယ်၊ ဘီးလင်းမြို့ကိုပါ ထည့်သွင်းလိုက်တာကြောင့် ဒီအမိန့်ထုတ်ပြန်ထားတဲ့မြို့နယ် ၁၁၀ ထိရှိနေပြီဖြစ်ပါတယ်။

+++


XS
SM
MD
LG