သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၄နာရီအတွင်း ဓါတ်ခွဲအတည်ပြု၃၃၀၆ဦး၊ သေဆုံး၁၇၈ဦး


Medical workers
Medical workers

(zawgyi/unicode)

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်ရောဂါအတွက် ဓာတ်ခွဲနမူနာပေါင်း ၁၃,၄၂၂ ခုကို စစ်ဆေးခဲ့တာမှာ ရောဂါကူးစက်သူ ၃,၃၀၆ ယောက် တွေ့ခဲ့ပြီး သေဆုံးသူက ၁၇၈ ယောက်ရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဌာနရဲ့ ဒီကနေ့ည ၈ နာရီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုထုတ်ပြန်တဲ့ သေဆုံးနှုန်းဟာ ၃.၇၈% တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။

ဆေးရုံကဆင်းသွားသူ အရေအတွက်က ၃,၉၇၂ ယောက်ရှိပြီး ၇၇.၅၇% ဖြစ်တယ်လို့လည်းပြောပါတယ်။
ဒီကနေ့အထိဆိုရင် မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်သူပေါင်း ၃၆၀,၂၉၁ ယောက်၊ သေဆုံးသူပေါင်း ၁၃,၆၂၃ ယောက်၊ ဆေးရုံဆင်းသူစုစုပေါင်း ၂၇၉,၄၈၈ ယောက်ရှိပြီလို့ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။
ကိုဗစ်တတိယလှိုင်းအတွင်း တရားဝင်ထုတ်ပြန်တဲ့ ကူးစက် သေဆုံးသူ အရေအတွက်ထက် အမှန်တကယ် အရေအတွက်က ပိုများမယ်လို့ ကျန်းမာရေးပညာရှင်တွေနဲ့ အကူအညီပေးတဲ့ ပရဟိတလုပ်သားတွေက ခန့်မှန်းပါတယ်။
လူဦးရေ ၅၄ သန်းကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူအရေအတွက်ဟာ အရှေ့တောင်အာရှဒေသမှာ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်ပြီးရင် တတိယအများဆုံးဖြစ်ပါတယ်။

၂၄နာရီအတွင်း ဓါတ်ခွဲအတည်ပြု၃၃၀၆ဦး၊ သေဆုံး၁၇၈ဦး
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်


+++




XS
SM
MD
LG