သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခရိုနီ၊ အစိုးရသစ်နဲ့ ဖွံဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု

ဒေါ်အောင်ဆန်းစုကြည် စီးပွားရေးလုပ်ငန်း ရှင်များနဲ့ တွေ့ဆုံပွဲမှာ မိန့်ခွန်းပြောကြား
ဒေါ်အောင်ဆန်းစုကြည် စီးပွားရေးလုပ်ငန်း ရှင်များနဲ့ တွေ့ဆုံပွဲမှာ မိန့်ခွန်းပြောကြား

မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံဖြိုးတိုးတက်မှုအတွက်ရည်စူးတဲ့ နိုင်ငံတော်အတိုင်ပင်ခံနဲ့ စီးပွားရေးလုပ်ငန်း ဖွံဖြိုးမှုမိတ်ဖက်များ တွေ့ဆုံပွဲမှာ - အရင် စစ်အစိုးရနဲ့နီးစပ်ခဲ့တဲ့ ခရိုနီ စီးပွားရေးလုပ်ငန်းရှင်တွေ ဖိတ်ကြားခဲ့သလို၊ သူတို့ကို ရှေ့ဆက်ဖွံဖြိုးရေးလုပ်ငန်းတွေမှာ အစိုးရကို ဝိုင်းဝန်းကူညီဖို့ နိုင်ငံတော်အတိုင်ပင်ခံက ကမ်းလှမ်းခဲ့ပါတယ်။ ခရိုနီစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အစိုးရသစ်အကြား အခုလို နီးနီးကပ်ကပ်ဆက်ဆံလာမှုအပေါ် ဝေဖန်မှုတွေလည်း ပေါ်ထွက်နေပါတယ်။

အရင်စစ်အစိုးရလက်အောက် အမည်ပျက်ခဲ့ရတဲ့ ခရိုနီစီးပွားရေးလုပ်ငန်းရှင်တွေဟာ အစိုးရသစ်ရဲ့အောက် နိုင်ငံတော်ရဲ့စီးပွားဖွံဖြိုးမှုအစီအစဉ်တွေမှာ တကယ်ပဲ အသုံးတည့်မယ် အသုံးဝင်မယ် အများအကျိုးဆောင်နိုင်မယ်လို့ ယူဆပါသလား။ လာမယ့် အင်္ဂါနေ့ညတိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။ ISP မဟာဗျူဟာနဲ့မူဝါဒလေ့လာရေးအဖွဲ့က သုတေသီ ဦးအောင်သူငြိမ်းနဲ့ NHK သတင်းဌာနက ကိုသီဟသွေးတို့က ပင်တိုင်ဆွေးနွေးထားကြပါတယ်။

ခရိုနီ၊ အစိုးရသစ်နဲ့ ဖွံဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု
please wait

No media source currently available

0:00 0:15:37 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG