သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း သတင်းစာရှင်းလင်း


ဒေါ်စုနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း တွေ့ဆုံ (MOFA)
ဒေါ်စုနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း တွေ့ဆုံ (MOFA)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိတ်ဆက်ပေးမှုနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အဖွင့်အမှာစကား ပြောကြားတဲ့နေရာမှာ ကုလ သမဂ္ဂ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို အမြဲတစေ ထောက်ခံပံ့ပိုးမှုတွေ လုပ်ခဲ့တဲ့ အကြောင်း၊ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရ အဖွဲ့တွင်း တာဝန်ယူမှု ခေါင်းဆောင်အနေအထား တရပ်နဲ့ တွေ့ရတာ ဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပါတယ်။

လတ်တလော လှုပ်သွားတဲ့ ငလျင်နဲ့ ပုဂံ ဘုရားတွေ ပျက်ဆီးမှုကိုလည်း ဝမ်းနည်းကြောင်း ပြောကြားတဲ့ အပြင် သူကိုယ်တိုင်ဟာလည်း အခု မြန်မာနိုင်ငံကို လာရောက်တာ ၅ ကြိမ်မြောက် ဖြစ်ကြောင်း၊ နာဂစ် ဆိုင်ကလုန်း တိုက်ခတ် အပြီး မြန်မာနိုင်ငံကို နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံခွင့် ရဖို့ လမ်းဖွင့်ပေးနိုင်ခဲ့ကြောင်း၊ အစိုးရ အဆက်ဆက်နဲ့ ထိတွေ့ဆက်ဆံပြီး မြန်မာ့ ဒီမိုကရေစီရေး အတွက် တိုက်တွန်း ပေးနိုင်ခဲ့ကြောင်း၊ နိုင်ငံ ငြိမ်းချမ်းရေး အတွက် အခုလို အခြေအနေထိ ရောက်အောင် တွေ့ဆုံဆွေးနွေးပွဲတွေ ညှိနှိုင်းမှုတွေ လုပ်ဆောင်ပေးခဲ့တဲ့ ယခင် အစိုးရ သမ္မတ ဦးသိန်းစိန်ကို ကျေးဇူးတင်ပါကြောင်းလည်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဟာ နိုင်ငံတကာက မြင်ချင်တဲ့ ဆန္ဒ တရပ် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါတယ်။ အခု ထုတ်လွှင့်ချိန်မှာ ဒီလိုမိန့်ခွန်း ပြောကြားမှုတွေနဲ့ အတူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG