မြန်မာနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုအကြား ဆက်ဆံရေးဟာ
ပြီးခဲ့တဲ့နှစ် သမ္မတ ဦးသိန်းစိန်ရဲ့ အမေရိကန်ခရီးစဉ် အပြီးမှာ ပြောင်းလဲ တိုးတက်တဲ့ အနေထားကို ရောက်လာခဲ့တယ် လို့ မြင်တယ်လို့ မြန်မာ ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်က ဗွီအိုအေမြန်မာပိုင်း ကို ပြောပါတယ်။ အမေရိကန် လွှတ်တော်အမတ်တွေကို သမ္မတဦးသိန်းစိန်က အခြေအနေတွေ ရှင်းပြနိုင်ခဲ့ပြီးနောက်မှာ ပြောင်းလဲ သွားတယ်လို့ အခုလိုဆိုပါတယ်။
"အရင်တုန်းက အရမ်းဝေးနေတဲ့အချိန်ကနေစပြီးတော့ သမ္မတကြီး ရှင်းပြတဲ့အချိန်မှာ သူတို့တော်တော်လေးပဲ ကျနော်ခံစားရတာကတော့ သူတို့ တော်တော်နားလည်မှုပိုရတယ်လို့ ကျနော်မြင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သမ္မတကြီး ခရီးစဉ်ပြီးတဲ့ နောက်ပိုင်းမှာ သူတို့ရဲ့ လွှတ်တော် အထက် လွှတ်တော် အမတ်တွေရော၊ အောက်လွှတ်တော်အမတ်တွေရော၊ ကျနော်တို့ နိုင်ငံကို မကြာခဏ ရောက်ပြီးတော့ လာပြီးတော့ တွေ့တာတွေ၊ ဝန်ကြီးဌာနနဲ့တွေ့တာတွေ၊ မြေပြင်အခြေအနေတွေ လာပြီးတော့ လေ့လာ တာတွေ ရှိတဲ့ပုံပေါ်ပါတယ်။ ဒါကြောင့်မို့လို့ ဟိုးအရင်ထက်စာလို့ရှိရင်တော့ လွှတ်တော်အမတ်တွေရဲ့ အနေအထားတွေဟာ ပိုပြီးတော့ နားလည်မှုရ လာတယ်လို့ ကျနော်အနေနဲ့မြင်ပါတယ်။ "
ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်ဖြစ်ပါတယ်၊ အမေရိကန်
ကာကွယ်ရေးဝန်ကြီး Chuck Hagel က အာဆီယံကာကွယ်ရေး ဝန်ကြီးတွေကို
ပထမဆုံးအကြိမ်ဖိတ်ခေါ်ပြီး Hawaii ကျွန်းမှာ အလွတ်သဘော ဆွေးနွေးပွဲ အတွက် အမေရိကန်ပြည်ထောင်စုမှာ ရောက်နေချိန် မှာ အခုလို ပြောခဲ့တာပါ၊ နှစ်ပေါင်း ၅၀ အတွင်း မြန်မာအစိုးရ ကာကွယ်ရေး ဝန်ကြီးတယောက် အနေနဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီးနဲ့ အခုလို အလွတ် သဘော ဆွေးနွေးပွဲမှာ ပါဝင်နိုင်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုအကြား စစ်ရေးဆက်ဆံမှုဟာ သိပ်စော လွန်းတယ် ဆိုပြီး အမေရိကန် လွှတ်တော်အမတ်တချို့က ဝေဖန်မှုတွေ ရှိနေချိန်မှာပဲ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်နေတဲ့ မြန်မာနိုင်ငံ အပါအဝင် အာဆီယံကာကွယ်ရေး ဝန်ကြီးတွေကို အမေရိကန် ပြည်ထောင်စုက ဖိတ်ကြားခဲ့ပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel ကတော့ လူ့အခွင့်အရေး ကို လေးစားတန်ဖိုးထားတဲ့ အမေရိကန်ပြည်ထောင်စုအနေနဲ့ လူ့အခွင့်အရေး အားနည်းတဲ့ မိတ်ဖက်နိုင်ငံတွေကိုလည်း လက်တွဲခေါ်သွားမှာ
ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။