No media source currently available
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေထဲ နိုင်ငံရပ်ခြား အလုပ်လုပ်ဖို့ထွက်ခွာသူတွေ ပိုများလာနေတယ်လို့ ပြည်တွင်း ဆရာဝန်အသိုင်းအဝိုင်းက ပြောပါတယ်။ နိုင်ငံရပ်ခြား ပြောင်းရွှေ့ အလုပ်လုပ်ကြတဲ့ လူငယ်ဆရာဝန်တချို့ကို မမြသဇင်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။