သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှ (၆) နိုင်ငံ မူးယစ်တိုက်ဖျက်ရေးညီလာခံ နေပြည်တော်မှာကျင်းပ


မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့ပိုင်း တောင်တန်း တချို့အနီးက ဘိန်းစိုက်ခင်းများကို တွေ့ရစဉ်။ (UNODC)
မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့ပိုင်း တောင်တန်း တချို့အနီးက ဘိန်းစိုက်ခင်းများကို တွေ့ရစဉ်။ (UNODC)
မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အတွက် အိမ်နီးချင်းနိုင်ငံတွေကြား နယ်စပ် လုံခြုံရေးကို ပိုမို တင်းကြပ်ဖို့ မြန်မာနိုင်ငံအပါအဝင် အာရှ ၆ နိုင်ငံက သဘောတူ ခဲ့ကြပါတယ်၊ အာရှဒေသတွင်း မူးယစ်ဆေးဝါး တိုက်ဖျက် ထိန်းချုပ်ရေး အတွက် နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အာရှ ၆ နိုင်ငံ ဝန်ကြီး အဆင့် စည်းဝေးပွဲအပြီးထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ အခုလို ဖေါ်ပြထား တာဖြစ်ပါတယ်။

ဘိန်းအစားထိုးစိုက်ပျိုးရေးအစီအစဉ်တွေကို ပိုပြီး တိုးမြှင့် ဆောင်ရွက်ပေးဖို့၊ မူးယစ်ဆေးဝါး ကာကွယ်ရေးနဲ့ပါတ်သက်တဲ့ အတွေ့အကြုံတွေကို နိုင်ငံတွေကြား မျှဝေကြဖို့၊ မူးယစ်ဆေးစွဲနေသူတွေကို ကုသမှုနဲ့ အများပြည်သူ သိရှိအောင် ပညာပေးမှုတွေကို ပိုပြီးလုပ်ပေးဖို့ကိုလဲ သဘောတူခဲ့ကြပါတယ်၊ အာရှဒေသအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတခုဖြစ်နေတဲ့ တရားမဝင် မူးယစ်ဆေးဝါးမှောင်ခိုကူးမှုကို ပူးပေါင်း တိုက်ဖျက်ကြဖို့အတွက်ကို မြန်မာ၊ ထိုင်း၊ Vietnam၊ Laos၊ Cambodia နဲ့တရုတ်နိုင်ငံက ကတိပြု သဘောတူခဲ့ကြပါတယ်။

နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ စည်းဝေးပွဲကို ၆ နိုင်ငံက
ဝန်ကြီးတွေနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ တာဝန်ရှိသူတွေအပြင်
ကုလသမဂ္ဂမူးယစ်ဆေးနဲ့ ရာဇဝတ်မှုတိုက်ဖျက်ရေးဌာန တာဝန်ရှိသူတွေလဲ
တက်ရောက်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံဟာ ဘိန်းစိုက်ပျိုးမှုနဲ့
ဘိန်းထုတ်လုပ်မှု ကမ္ဘာမှာ အများဆုံး နိုင်ငံတခုအဖြစ်ရှိနေဆဲဖြစ်ပါတယ်၊
ဒါ့အပြင် အရှေ့တောင်အာရှမှာ စိတ်ကြွဆေးထွက်ရှိမှုကလဲ
အများဆုံးနိုင်ငံတခုဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ မူးယစ်ဆေးဝါးဆိုင်ရာ
နောက်ဆုံးအစီရင်ခံစာတခုထဲမှာ ဖော်ပြထားပါတယ်။

အရင်စစ်အစိုးရလက်ထက်က 1999 ခုနှစ်ကနေ 2009 ခုနှစ်အထိ ဘိန်းစိုက်ပျုးိမှု ပပျောက်ရေးစီမံကိန်းဟာ အောင်မြင်မှုမရှိခဲ့တဲ့အပြင် 2014 မတိုင်ခင် မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရမယ်ဆိုတဲ့ စီမံကိန်းကိုလဲ 2019 အထိ အစိုးရက နောက်ထပ် ၅ နှစ်ထပ်တိုးခဲ့ပါတယ်။

1999 ခုနှစ်ထဲက မြန်မာနိုင်ငံမှာ ဘိန်းပပျောက်ရေးကို ဆောင်ရွက်နေပေမဲ့ ဘိန်းစိုက်ပျိုးနေတဲ့ နေရာတွေဟာ ဝေးလံခေါင်ဖျားတဲ့နေရာတွေဖြစ်နေတယ်၊ ဘိန်းအစားထိုးသီးနှံစိုက်ပျိုးတဲ့ စီမံကိန်းတွေအောင်မြင်ရေးအတွက် အခက်အခဲတွေရှိနေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။
XS
SM
MD
LG