သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ရွေးကောက်ပွဲ ကနေဒါ အထူးစိုးရိမ်


မြန်မာ့ရွေးကောက်ပွဲ ကနေဒါ အထူးစိုးရိမ်

မြန်မာနိုင်ငံ အစိုးရဟာ သူတို့ကတိအတိုင်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် လုပ်ပေးတာကို မတွေ့ခဲ့ရတဲ့အတွက် ကနေဒါအစိုးရ အနေနဲ့ အထူး စိတ်ပျက်မိတယ်လို့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး လောရန့်စ် ကန်နွန် (Lawrence Cannon) က ပြောကြားလိုက်ပါတယ်။

ရွေးကောက်ပွဲအပြီး ထိုင်း၊ မြန်မာ နယ်စပ်ဒေသမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ အတွက်လည်း စိုးရိမ်မကင်း ဖြစ်မိတယ်လို့ မစ္စတာ ကန်နွန်က ဆိုပါတယ်။

ကနေဒါနိုင်ငံဟာ မြန်မာ့ရွေးကောက်ပွဲ ဖြစ်စဉ်ကို ဂရုတစိုက် စောင့်ကြည့်ခဲ့ပြီး လွတ်လပ် တရားမျှတပြီး ပွင့်လင်းမြင်သာစေဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ခြွင်းချက်မရှိ လွှတ်ပေးပြီး အတိုက်အခံတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ဆွေးနွေးမှ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်မယ်လို့ ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ကြောင်းကိုလည်း ကနေဒါ နိုင်ငံခြားရေး ၀န်ကြီးက ပြောဆိုသွားခဲ့ပါတယ်။

XS
SM
MD
LG