သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြာအင်းဆိပ်ကြီး မဲပေးခွင့် ဆုံးရှုံးမှု လူ ၂၀၀ ကျော် ဆန္ဒပြ


ကြာအင်းဆိပ်ကြီး မဲပေးခွင့် ဆုံးရှုံးမှု လူ ၂၀၀ ကျော် ဆန္ဒပြ
ကြာအင်းဆိပ်ကြီး မဲပေးခွင့် ဆုံးရှုံးမှု လူ ၂၀၀ ကျော် ဆန္ဒပြ

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲရက် နီးလာတာနဲ့အမျှ ပြည်တွင်းမှာ ရွေးကောက်ပွဲ ဆန့်ကျင်ကန့်ကွက် ဆန္ဒပြမှုတွေ၊ မဲရုံမသွားရေး၊ မဲမထည့်ရေးအတွက် စည်းရုံးလှုံ့ဆော်မှုတွေ ရှိနေပေမဲ့ တိုင်းရင်းသားဒေသ တချို့မှာတော့ မဲပေးခွင့် ဆုံးရှုံးခဲ့လို့ ဆန္ဒပြမှုတွေလည်း ရှိနေပါတယ်။ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်က ရွာသား ၁၀ဝ ကျော်ဟာ သူတို့အနေနဲ့ နိုင်ငံသား ဖြစ်ပေမဲ့လည်း မဲပေးပိုင်ခွင့် မရရှိဘဲ မဲပေးပိုင်ခွင့် ဆုံးရှုံးတဲ့အပေါ် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒီလို ဆန္ဒပြမှုဟာ အတိုင်းအတာ တခုအထိ ထိရောက်မယ်လို့ ယုံကြည်နေသလို ဒီဆန္ဒပြပွဲဖြစ်အောင် ရွာထဲက နိုင်ငံရေး စိတ်ဝင်စားမှုရှိတဲ့ သူတွေကပဲ ဦးစီး လုပ်ဆောင်ခဲ့တယ် လို့လည်း ပြောဆိုမှုတွေ ရှိပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နဲ့ ၃ မိုင်အကွာမှာရှိတဲ့ တံတားဦးကျေးရွာ အုပ်စုက ရွာပေါင်း ၄ ရွာက မဲဆန္ဒပေးပိုင်ခွင့် ဆုံးရှုံးခဲ့တဲ့ ရွာသား ၁၀ဝ ကျော်ဟာ လမ်းလျှောက်ချီတက် ဆန္ဒပြပွဲ ပြုလုပ်ခဲ့တယ်လို့ ဆန္ဒပြ ခေါင်းဆောင်တဦးဖြစ်သူ စောတပစဲက အခုလို ပြောပါတယ်။

“ဆန္ဒပြပွဲဖြစ်တဲ့ နေရာကတော့ တံတားဦးကျေးရွာ၊ ကြိုးဝိုင်းကျေးရွာ၊ ဘုရားလေးဆိပ်ကျေးရွာ၊ ဝမ်းမကျေးရွာ၊ ကျေးရွာ ၄ ရွာ စုပေါင်းပြီးတော့ လမ်းလျှောက် ဆန္ဒပြတာပေါ့နော်။ လူအင်အားတော့ ၁၀ဝ ကျော်ပဲရှိတယ်။ သူတို့မှာ မှတ်ပုံတင် ရှိတယ်။ ဒါပေမဲ့ မဲပေးပိုင်ခွင့် မရှိဘူး။ သူတို့က ပြောတာတော့ ဒီရွေးကောက်ပွဲဟာ စစ်မှန်သော ရွေးကောက်ပွဲ မဟုတ်ဘူးလို့ သူတို့ ယူဆပြီးတော့ လမ်းလျှောက် ဆန္ဒပြတာပေါ့နော်။”

ဒီကနေ့မနက်မှာ ပြတဲ့ ဆန္ဒပြပွဲဟာ အသံတိတ်နည်းနဲ့ ငြိမ်းချမ်းစွာ ပြုလုပ်ခဲ့တယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ ရွာသားတဦးက အခုလို ပြောပါတယ်။

“ကျနော်တို့ ပိုစတာလေးတွေ ရေးဆွဲပြီးတော့ စက္ကူဖြူလေးနဲ့တကွ မှုတ်ရေးထည့်ပြီးတော့ အဲဒီမှာ ကိုင်ဆွဲပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကျနော်တို့ ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။”

အဲဒီ ဆန္ဒပြတဲ့နေရာဟာ မြို့ပြကြီးတွေနဲ့ အလှမ်းကွာနေပြီးတော့ ဝေးလံသီခေါင်တဲ့ ဒေသ ဖြစ်တဲ့အတွက် ဒီလို ဆန္ဒပြတဲ့အပေါ် ထူးထူးခြားခြား အကျိုးသက်ရောက်မှု ရှိပါသလားဆိုတဲ့ မေးခွန်းအပေါ် ဆန္ဒပြခေါင်းဆောင် တဦးက အခုလို ပြောပါတယ်။

“ကျနော်တို့ ထိရောက်မှုတော့ ရှိပါတယ်ခင်ဗျား။ ဘာဖြစ်လို့လဲဆိုတော့ ဒီ ကျနော်တို့ ဆန္ဒပြတဲ့ နေရာကလည်း ကြာအင်းဆိပ်ကြီးမြို့နဲ့ ပြောရရင်တော့ ကပ်လျက်ပါပဲ။ လူတွေကလည်း မြို့ထဲရော တောထဲရော အကုန်လုံး သွားသွားလာလာ အများကြီး ရှိပါတယ်ခင်ဗျား။”

ဒီလို ဆန္ဒပြပွဲ ဖြစ်မြောက်အောင် တခြား နိုင်ငံရေး အဖွဲ့အစည်း တခုခုကနေ အားပေးအားမြှောက်မှု ရှိမရှိ အပေါ်မှာတော့ ဆန္ဒပြ ခေါင်းဆောင်တဦးဖြစ်သူ စောတပစဲက အခုလို ပြောပါတယ်။

“ကျနော်တို့ရွာက ဦးဆောင်ဦးရွက် ပြုတာကတော့ နိုင်ငံရေး နားမလည်ရင်တောင်မှ ကျနော်တို့ဟာ နည်းနည်းပါးပါးပေါ့နော်၊ ဟိုစပ်စပ် ဒီစပ်စပ် အဲဒီလိုမျိုး လူတွေပေါ့နော်၊ ကျနော်တို့ စုစည်းပြီးတော့ ဆန္ဒအရပေါ့နော်၊ အများဆန္ဒအရ ကျနော်တို့ ဆောင်ရွက် လူစုစည်း ပြီးတော့ ဒီလိုမျိုး ဆန္ဒပြနေတာပေါ့နော်။”

ဒီဆန္ဒပြတဲ့ နေရာဟာ ကြာအင်းဆိပ်ကြီးမြို့ရဲ့ တောင်ဘက် ၃ မိုင်ခန့် ကွာဝေးပါတယ်။ အများစုဟာ ကရင်တိုင်းရင်းသားတွေ နေထိုင်တဲ့ ရွာတွေ ဖြစ်ပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ရွေးကောက်ပွဲ ပြုလုပ်ခြင်း မပြုတဲ့ နယ်မြေစာရင်း ထုတ်ပြန်ချက်အရ ကရင်ပြည်နယ် ၇ မြို့နယ်လုံးမှာရှိတဲ့ ကျေးရွာအုပ်စုပေါင်း ၁၅၅ အုပ်စုဟာ မဲဆန္ဒပေးခွင့်တွေ ဆုံးရှုံးခဲ့ပါတယ်။

ကရင်ပြည်သူတွေ အနေနဲ့ မဲမပေးရေး ကန့်ကွက်မှုတွေ ရှိနေပေမဲ့လည်း မိမိကြိုက်နှစ်သက်တဲ့ နိုင်ငံရေးပါတီကို မဲပေးပိုင်ခွင့် ဆုံးရှုံးနေတာဟာ လူမျိုးရေးအရ ထိခိုက်နစ်နာမှု တခုလို့လည်း ဆန္ဒပြခေါင်းဆောင် စောတပစဲက ပြောပါတယ်။

XS
SM
MD
LG