နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ လွှတ်တော် ၃ ရပ် ရွေးကောက်ပွဲကြီးကတော့ ပြီးဆုံးသွားပြီဖြစ်ပါတယ်။ လောလောဆယ် ထုတ်ပြန်နေ တဲ့ အနိုင်အရှုံးရလဒ်စာရင်းတွေအရ မြန်မာစစ်အစိုးရ ကျောထောက်နောက်ခံပြုထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အပြတ်အသတ် အနိုင်ရရှိနေတယ်လို့ သိရမှာပါ။ အခုလို အပြောင်းအလဲကို ဖော်ဆောင်လိုတဲ့ ရည်ရွယ်ချက်နဲ့ ၀င်ယှဉ်ပြိုင် ခဲ့ကြပေမဲ့ အရေးရှုံးနိမ့်ခဲ့ တဲ့ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အတွေ့အကြုံ ရင်ဖွင့်ချက်တွေအပြင် မြန်မာအမျိုးသမီး တချို့ရဲ့ ရွေးကောက်ပွဲအပေါ် အမြင်တွေကို အခုထုတ်လွှင့်ပေးမယ့် အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။