သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာႏုိင္ငံေနရာအႏွံ႔ လွ်ပ္စစ္မီးျပတ္


Myanmar World Bank

Zawgyi/Unicode

ျမန္မာႏိုင္ငံရဲ႕ အဓိကၿမိဳ႕ႀကီးေတြနဲ႔ ၿမိဳ႕ေတာ္ ေနျပည္ေတာ္ရဲ႕ တခ်ိဳ႕ေနရာေတြအပါအဝင္ ျမန္မာႏိုင္ငံ အႏွံ႔အျပားမွာ လွ်ပ္စစ္မီးျပတ္ခဲ့တယ္ဆိုတာ အာဏာပိုင္ေတြကို ကိုးကားၿပီး ေအအက္ဖ္ပီ သတင္းတပုဒ္မွာ ေရးထားပါတယ္။

ဒီကေန႔ ေန႔လည္ ၁ နာရီက ရန္ကုန္မွာ ခဏတာ မီးျပတ္ခဲ့ေၾကာင္း ရန္ကုန္ လွ်ပ္စစ္ဓာတ္အားေပး ေကာ္ပိုေရးရွင္းကေျပာပါတယ္။ ဒါေပမဲ့ ၂ နာရီ ၁၀ မိနစ္မွာ မီးျပန္လာေအာင္ ေဆာင္႐ြက္ခဲ့တယ္လို႔လည္း ဆိုပါတယ္။

ဒုတိယအႀကီးဆုံးၿမိဳ႕ျဖစ္တဲ့ မႏၲေလး၊ ဘားအံ၊ မြန္ျပည္နယ္နဲ႔ ရခိုင္ျပည္နယ္က ၿမိဳ႕တခ်ိဳ႕ မွာလည္း မီးျပတ္ပါတယ္။

တႏိုင္ငံလုံးပို႔တဲ့ ဓာတ္အားလိုင္းမႀကီးမွာ စနစ္ခ်ိဳ႕ယြင္းသြားတာေၾကာင့္ျဖစ္တယ္လို႔ ေနျပည္ေတာ္ လွ်ပ္စစ္ဌာနကဆိုေပမဲ့ ဒီ့ထက္ပိုရွင္းလင္းထားတာ မရွိပါဘူး။

ဓာတ္အားလိုင္းမႀကီးက ေခတ္မမီေတာ့ဘဲ ေႏြရာသီအခ်ိန္ေတြမွာ လွ်ပ္စစ္ သုံးျပဳအားနဲ႔ ေပးႏိုင္အားက မမွ်မတ ျဖစ္လာတာေၾကာင့္ ျမန္မာႏိုင္ငံမွာ မီးျပတ္တာ အဆန္းတက်ယ္ကိစၥတခုေတာ့ မဟုတ္ပါဘူး။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းလိုက္ခ်ိန္ကစၿပီး တိုင္းျပည္မွာ က‌ေသာင္းကနင္း ျဖစ္ေနခဲ့တာပါ။ မီတာခမေဆာင္ရင္ မီးျဖတ္မယ္လို႔လည္း စစ္ေကာင္စီက ဇူလိုင္လတုန္းက ေၾကညာခဲ့ပါေသးတယ္။ ျပည္သူလူထုတခ်ိဳ႕ကလည္း အစိုးရဝင္ေငြလမ္းကို ျဖတ္ေတာက္ဖို႔ရည္႐ြယ္ၿပီးမီတာခအပါအဝင္ အခြန္မေဆာင္ေရးသပိတ္ကို ဆင္ႏႊဲေနၾကတာေတြလည္း ရွိေနဆဲပါပဲ။

ျမန္မာႏုိင္ငံေနရာအႏွံ႔ လွ်ပ္စစ္မီးျပတ္
please wait

No media source currently available

0:00 0:01:14 0:00
တိုက္႐ိုက္ လင့္ခ္


---------

Unicode

မြန်မာနိုင်ငံနေရာအနှံ့ လျှပ်စစ်မီးပြတ်

မြန်မာနိုင်ငံရဲ့ အဓိကမြို့ကြီးတွေနဲ့ မြို့တော် နေပြည်တော်ရဲ့ တချို့နေရာတွေအပါအဝင် မြန်မာနိုင်ငံ အနှံ့အပြားမှာ လျှပ်စစ်မီးပြတ်ခဲ့တယ်ဆိုတာ အာဏာပိုင်တွေကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းတပုဒ်မှာ ရေးထားပါတယ်။

ဒီကနေ့ နေ့လည် ၁ နာရီက ရန်ကုန်မှာ ခဏတာ မီးပြတ်ခဲ့ကြောင်း ရန်ကုန် လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်းကပြောပါတယ်။ ဒါပေမဲ့ ၂ နာရီ ၁၀ မိနစ်မှာ မီးပြန်လာအောင် ဆောင်ရွက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မန္တလေး၊ ဘားအံ၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်က မြို့တချို့ မှာလည်း မီးပြတ်ပါတယ်။

တနိုင်ငံလုံးပို့တဲ့ ဓာတ်အားလိုင်းမကြီးမှာ စနစ်ချို့ယွင်းသွားတာကြောင့်ဖြစ်တယ်လို့ နေပြည်တော် လျှပ်စစ်ဌာနကဆိုပေမဲ့ ဒီ့ထက်ပိုရှင်းလင်းထားတာ မရှိပါဘူး။

ဓာတ်အားလိုင်းမကြီးက ခေတ်မမီတော့ဘဲ နွေရာသီအချိန်တွေမှာ လျှပ်စစ် သုံးပြုအားနဲ့ ပေးနိုင်အားက မမျှမတ ဖြစ်လာတာကြောင့် မြန်မာနိုင်ငံမှာ မီးပြတ်တာ အဆန်းတကျယ်ကိစ္စတခုတော့ မဟုတ်ပါဘူး။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်ချိန်ကစပြီး တိုင်းပြည်မှာ က‌သောင်းကနင်း ဖြစ်နေခဲ့တာပါ။ မီတာခမဆောင်ရင် မီးဖြတ်မယ်လို့လည်း စစ်ကောင်စီက ဇူလိုင်လတုန်းက ကြေညာခဲ့ပါသေးတယ်။ ပြည်သူလူထုတချို့ကလည်း အစိုးရဝင်ငွေလမ်းကို ဖြတ်တောက်ဖို့ရည်ရွယ်ပြီးမီတာခအပါအဝင် အခွန်မဆောင်ရေးသပိတ်ကို ဆင်နွှဲနေကြတာတွေလည်း ရှိနေဆဲပါပဲ။

#WhatIsHappeningInMyanmar #MyanmarMilitaryCoup #voaburmese #စစ်အာဏာသိမ်းမှု #လျှပ်စစ်မီး #ဗွီအိုအေမြန်မာပိုင်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG