သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

လွ်ပ္စစ္မီးမမွန္လို႔ တလအတြင္း အထည္ခ်ဳပ္စက္႐ုံ ၂၀ခန႔္ပိတ္ထားရ


Myanmar Sanctions ရန္ကုန္ၿမိဳ ႔က အထည္ခ်ဳပ္လုပ္ငန္းခြင္၊ ဧၿပီ ၂၁၊ ၂၀၁၂။

ႏိုင္ငံေရးမတည္ၿငိမ္တာနဲ႔ အေထြေထြကုန္ေဈးႏႈန္း ႀကီးလာတာေၾကာင့္ ႏိုင္ငံတြင္း အထည္ခ်ဳပ္စက္႐ုံ ၂၀ ေလာက္ အခုလထဲမွာ ရပ္နားသြားၿပီလို႔ အလုပ္သမား အဖြဲ႕အစည္းတခ်ိဳ႕က ဗြီအိုေအကို ေျပာပါတယ္။ ေနာက္ထပ္လည္း ယာယီရပ္နားဖို႔ ျပင္ဆင္ေနတဲ့ စက္႐ုံေတြကလည္း အမ်ားအျပား ရွိေနပါတယ္။ ရန္ကုန္ကလာတဲ့ ဒီသတင္းကို ကိုၿငိမ္းခ်မ္းေျပာျပမွာပါ။


မတ္လထဲမွာ လွ်ပ္စစ္မီး အလုံအေလာက္မရတာ၊ မီးလာခ်ိန္မမွန္တာေၾကာင့္ တႏိုင္ငံလုံးအတိုင္းအတာနဲ႔ဆိုရင္ အထည္ခ်ဳပ္စက္႐ုံေပါင္း ၂၀ ေက်ာ္ေလာက္ အခုလထဲမွာ ရပ္နားလိုက္ရၿပီး အမ်ားစုကေတာ့ ရန္ကုန္စက္မႈဇုံက စက္႐ုံေတြျဖစ္တယ္လို႔ အလုပ္သမားသမဂၢတခုရဲ႕ တာဝန္ခံက ဗြီအိုေအကို ေျပာပါတယ္။ ေအာက္ေျခအလုပ္သမား သမဂၢအဖြဲ႕အစည္းေတြဆီက စုေဆာင္းထားတဲ့ အခ်က္အလက္ကို ကိုးကားၿပီး သူကေျပာတာပါ။

“ ၂၀ ေလာက္ပိတ္သြားတယ္ ဆိုတဲ့ဟာမ်ိဳးက ဒီလအတြင္းမွာလို႔ သူတို႔ေျပာတယ္။ အာဏာသိမ္းၿပီးကတည္းက ဆိုလို႔ရွိရင္ေတာ့ သိန္းနဲ႔ခ်ီၿပီးေတာ့ အလုပ္လက္မဲ့ ျဖစ္သြားၿပီ ဆိုတဲ့ဟာမ်ိဳးကေတာ့ ေသခ်ာတယ္ေပါ့ေနာ္၊ ရန္ကုန္မွာေတာ့ အမ်ားစု ပိတ္ကုန္တာေပါ့။”

လက္ရွိအေျခအေနမွာ ဌာနဆိုင္ရာဘက္ကလည္း စက္႐ုံပိတ္သိမ္းတာေတြနဲ႔ ပတ္သက္ၿပီး သတင္းမထုတ္ျပန္တာေၾကာင့္ ေျမျပင္ကစုေဆာင္းထားတဲ့ အခ်က္အလက္ေတြကိုပဲ အလုပ္သမားအဖြဲ႕အစည္းေတြက ကိုးကားေျပာရတာပါ။ ဒီလို အထည္ခ်ဳပ္စက္႐ုံေတြ ရပ္နားရတာဟာ လွ်ပ္စစ္မီး အလုံအေလာက္ မရတာေၾကာင့္လို႔ ေသြးစည္းညီၫြတ္ေသာ သမဂၢမ်ားအဖြဲ႕ခ်ဳပ္က ေဒၚမ်ိဳးေအးက ဗြီအိုေအကို ေျပာပါတယ္။

“ အဓိကေတာ့ လွ်ပ္စစ္မီျပတ္ေတာက္တာ ျဖစ္ဖို႔မ်ားတယ္။ အစကလည္း လွ်ပ္စစ္မီးျပတ္ေတာက္တယ္ ဒါေပမဲ့ ဆီေဈးေတြက ျမင့္တယ္ဆိုေပမဲ့လည္း အခုေလာက္ေတာ့ မျမင့္ဘူးေပါ့။ အခုက်ေတာ့ မီးစက္ေမာင္းရတဲ့ အေနအထား သူတို႔လည္း မကိုက္တာေတြ ျဖစ္မွာေပါ့ေနာ္။ ေနာက္တခုကလည္း အိတ္စပို႔ထြက္တာတို႔ ဘာတို႔ အစစအရာရာေပါ့ ႏိုင္ငံေရးမတည္ၿငိမ္ေတာ့ စီးပြားေရးလည္း က်ဆင္းလာတာေပါ့။”

အလယ္အလတ္ အထည္ခ်ဳပ္စက္႐ုံ တ႐ုံမွာ အလုပ္သမား အေယာက္ ၅၀၀ ေလာက္ ရွိပါတယ္။ စက္႐ုံႀကီးေတြမွာေတာ့ အလုပ္သမား ၁,၀၀၀ နဲ႔ ၂,၀၀၀ ၾကား ရွိတာပါ။ စက္႐ုံပိတ္လို႔ အလုပ္လက္မဲ့ ျဖစ္သြားသူေတြကေတာ့ ရရာအလုပ္ေတြ ဝင္လုပ္ၿပီး စားဝတ္ေနေရး ေျဖရွင္းၾကပါတယ္။

“ အသက္ရွင္ဖို႔အတြက္ စားေသာက္ေနၾကရတာ၊ ဥပမာ အထည္ခ်ဳပ္မွာ မရဘူးဆိုရင္ တျခားအလုပ္ေတြ ေျပာင္းၾကတာေပါ့။ ပုလင္းေဆး လုပ္ၾကတယ္၊ ေန႔စားလိုမ်ိဳး ေပၚတဲ့အလုပ္ေတြ တိုးေဝွ႔ၿပီးလုပ္ၾကတယ္။ ေနာက္လည္း တျခားေပါ့ဗ်ာ။ သူမ်ားမလုပ္ခ်င္တဲ့ အလုပ္ေတြေပါ့ ေနာ္၊ အဲတာမ်ိဳးေတြ လုပ္ၾကတာေပါ့။”

၂၀၂၁ ႏွစ္စကေန ဒီဇင္ဘာလအထိ စက္႐ုံေပါင္း ၁၄၀ က ယာယီပိတ္ထားၿပီး အထည္ခ်ဳပ္စက္႐ုံ ၆၄ ႐ုံကေတာ့ အၿပီးပိတ္သြားတယ္လို႔ ျမန္မာႏိုင္ငံ အထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္းရဲ႕ အခ်က္အလက္ကို ကိုးကားၿပီး ျမန္မာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမား သမဂၢမ်ားအဖြဲ႕ခ်ဳပ္ CTUM က ေဒၚခိုင္ဇာေအာင္က ဗြီအိုေအကို ေျပာပါတယ္။ ပ်မ္းမွ် စက္႐ုံေပါင္း ၂၀၀ ေက်ာ္က အလုပ္သမားေတြ အလုပ္အကိုင္ ဆုံးရႈံးခဲ့တာပါ။

လာမယ့္လေတြမွာလွ်ပ္စစ္မီးမရေၾကာင့္ လုပ္ငန္းေတြလည္ပတ္ဖို႔ အခက္အခဲျဖစ္ႏိုင္တဲ့အတြက္ ေနာက္ထပ္လည္း ရပ္နားတဲ့စက္႐ုံေတြ ရွိလာႏိုင္ၿပီး လည္ပတ္မယ့္စက္႐ုံေတြကေတာ့ အလုပ္သမားအေရအတြက္နဲ႔ လစာေလွ်ာ့ခ်တာ၊ အလုပ္ပိတ္ရက္နဲ႔ ခြင့္မေပးတာ စတဲ့အက်ိဳးအျမတ္ က်န္ႏိုင္မယ့္ နည္းလမ္းေတြကို အလုပ္ရွင္တခ်ိဳ႕က သုံးလာႏိုင္တယ္လို႔ သူကခန႔္မွန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

နိုင်ငံရေးမတည်ငြိမ်တာနဲ့ အထွေထွေကုန်ဈေးနှုန်း ကြီးလာတာကြောင့် နိုင်ငံတွင်း အထည်ချုပ်စက်ရုံ ၂၀ လောက် အခုလထဲမှာ ရပ်နားသွားပြီလို့ အလုပ်သမား အဖွဲ့အစည်းတချို့က ဗွီအိုအေကို ပြောပါတယ်။ နောက်ထပ်လည်း ယာယီရပ်နားဖို့ ပြင်ဆင်နေတဲ့ စက်ရုံတွေကလည်း အများအပြား ရှိနေပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းကို ကိုငြိမ်းချမ်းပြောပြမှာပါ။


မတ်လထဲမှာ လျှပ်စစ်မီး အလုံအလောက်မရတာ၊ မီးလာချိန်မမှန်တာကြောင့် တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် အထည်ချုပ်စက်ရုံပေါင်း ၂၀ ကျော်လောက် အခုလထဲမှာ ရပ်နားလိုက်ရပြီး အများစုကတော့ ရန်ကုန်စက်မှုဇုံက စက်ရုံတွေဖြစ်တယ်လို့ အလုပ်သမားသမဂ္ဂတခုရဲ့ တာဝန်ခံက ဗွီအိုအေကို ပြောပါတယ်။ အောက်ခြေအလုပ်သမား သမဂ္ဂအဖွဲ့အစည်းတွေဆီက စုဆောင်းထားတဲ့ အချက်အလက်ကို ကိုးကားပြီး သူကပြောတာပါ။

“ ၂၀ လောက်ပိတ်သွားတယ် ဆိုတဲ့ဟာမျိုးက ဒီလအတွင်းမှာလို့ သူတို့ပြောတယ်။ အာဏာသိမ်းပြီးကတည်းက ဆိုလို့ရှိရင်တော့ သိန်းနဲ့ချီပြီးတော့ အလုပ်လက်မဲ့ ဖြစ်သွားပြီ ဆိုတဲ့ဟာမျိုးကတော့ သေချာတယ်ပေါ့နော်၊ ရန်ကုန်မှာတော့ အများစု ပိတ်ကုန်တာပေါ့။”

လက်ရှိအခြေအနေမှာ ဌာနဆိုင်ရာဘက်ကလည်း စက်ရုံပိတ်သိမ်းတာတွေနဲ့ ပတ်သက်ပြီး သတင်းမထုတ်ပြန်တာကြောင့် မြေပြင်ကစုဆောင်းထားတဲ့ အချက်အလက်တွေကိုပဲ အလုပ်သမားအဖွဲ့အစည်းတွေက ကိုးကားပြောရတာပါ။ ဒီလို အထည်ချုပ်စက်ရုံတွေ ရပ်နားရတာဟာ လျှပ်စစ်မီး အလုံအလောက် မရတာကြောင့်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်က ဒေါ်မျိုးအေးက ဗွီအိုအေကို ပြောပါတယ်။

“ အဓိကတော့ လျှပ်စစ်မီပြတ်တောက်တာ ဖြစ်ဖို့များတယ်။ အစကလည်း လျှပ်စစ်မီးပြတ်တောက်တယ် ဒါပေမဲ့ ဆီဈေးတွေက မြင့်တယ်ဆိုပေမဲ့လည်း အခုလောက်တော့ မမြင့်ဘူးပေါ့။ အခုကျတော့ မီးစက်မောင်းရတဲ့ အနေအထား သူတို့လည်း မကိုက်တာတွေ ဖြစ်မှာပေါ့နော်။ နောက်တခုကလည်း အိတ်စပို့ထွက်တာတို့ ဘာတို့ အစစအရာရာပေါ့ နိုင်ငံရေးမတည်ငြိမ်တော့ စီးပွားရေးလည်း ကျဆင်းလာတာပေါ့။”

အလယ်အလတ် အထည်ချုပ်စက်ရုံ တရုံမှာ အလုပ်သမား အယောက် ၅၀၀ လောက် ရှိပါတယ်။ စက်ရုံကြီးတွေမှာတော့ အလုပ်သမား ၁,၀၀၀ နဲ့ ၂,၀၀၀ ကြား ရှိတာပါ။ စက်ရုံပိတ်လို့ အလုပ်လက်မဲ့ ဖြစ်သွားသူတွေကတော့ ရရာအလုပ်တွေ ဝင်လုပ်ပြီး စားဝတ်နေရေး ဖြေရှင်းကြပါတယ်။

“ အသက်ရှင်ဖို့အတွက် စားသောက်နေကြရတာ၊ ဥပမာ အထည်ချုပ်မှာ မရဘူးဆိုရင် တခြားအလုပ်တွေ ပြောင်းကြတာပေါ့။ ပုလင်းဆေး လုပ်ကြတယ်၊ နေ့စားလိုမျိုး ပေါ်တဲ့အလုပ်တွေ တိုးဝှေ့ပြီးလုပ်ကြတယ်။ နောက်လည်း တခြားပေါ့ဗျာ။ သူများမလုပ်ချင်တဲ့ အလုပ်တွေပေါ့ နော်၊ အဲတာမျိုးတွေ လုပ်ကြတာပေါ့။”

၂၀၂၁ နှစ်စကနေ ဒီဇင်ဘာလအထိ စက်ရုံပေါင်း ၁၄၀ က ယာယီပိတ်ထားပြီး အထည်ချုပ်စက်ရုံ ၆၄ ရုံကတော့ အပြီးပိတ်သွားတယ်လို့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းရဲ့ အချက်အလက်ကို ကိုးကားပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် CTUM က ဒေါ်ခိုင်ဇာအောင်က ဗွီအိုအေကို ပြောပါတယ်။ ပျမ်းမျှ စက်ရုံပေါင်း ၂၀၀ ကျော်က အလုပ်သမားတွေ အလုပ်အကိုင် ဆုံးရှုံးခဲ့တာပါ။

လာမယ့်လတွေမှာလျှပ်စစ်မီးမရကြောင့် လုပ်ငန်းတွေလည်ပတ်ဖို့ အခက်အခဲဖြစ်နိုင်တဲ့အတွက် နောက်ထပ်လည်း ရပ်နားတဲ့စက်ရုံတွေ ရှိလာနိုင်ပြီး လည်ပတ်မယ့်စက်ရုံတွေကတော့ အလုပ်သမားအရေအတွက်နဲ့ လစာလျှော့ချတာ၊ အလုပ်ပိတ်ရက်နဲ့ ခွင့်မပေးတာ စတဲ့အကျိုးအမြတ် ကျန်နိုင်မယ့် နည်းလမ်းတွေကို အလုပ်ရှင်တချို့က သုံးလာနိုင်တယ်လို့ သူကခန့်မှန်းထားပါတယ်။

XS
SM
MD
LG