သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လန်ဒန်မြန်မာသံရုံး အပိုင်စီးခံရမှု (သံရုံးရှေ့ မြန်မာတဦးနဲ့ မေးမြန်းချက်)


လန်ဒန်စံတော်ချိန် ည ၈နာရီပတ်ဝန်းကျင်လောက် သံရုံးရှေ့မှာ မြန်မာတွေ စုရုံးရောက်ရှိနေတဲ့အခြေအနေနဲ့ပတ်သက်လို့ ကိုအောင်မော်ဇင်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့က မြန်မာသံရုံးကို ဗုဒ္ဓဟူးနေ့မှာ စစ်ကောင်စီဘက်က သိမ်းယူမှုဖြစ်ပွားခဲ့တာနဲ့ ပတ်သက်လို့ ဗြိတိန်နိုင်ငံခြားရေးဌာနနဲ့ဆက်သွယ် ဆောင်ရွက်နေကြောင်း ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းက သူ့ကို လာရောက်ဝန်းရံသူတွေကို ပြောကြားခဲ့ပါတယ်။ ရုံးချိန်ပြင်ပ သံရုံးအပြင်ဘက်ခတ္တခဏထွက်ခွာချိန်မှာ သူ့အောက်မှာရှိတဲ့ သံမှူးကြီး ဦးချစ်ဝင်းနဲ့ စစ်သံမှူး ဗိုလ်မှူးကြီး စိုးအောင် တို့ပူးပေါင်းပြီး မြန်မာသံရုံးကို ဝင်ရောက်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။

လန်ဒန်စံတော်ချိန် ည ၈နာရီပတ်ဝန်းကျင်လောက် သံရုံးရှေ့မှာ မြန်မာတွေ စုရုံးရောက်ရှိနေတဲ့အခြေအနေနဲ့ပတ်သက်လို့ ကိုအောင်မော်ဇင်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
=================


XS
SM
MD
LG