သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံကို ဥရောပသမဂ္ဂက အခိုင်အမာ ဆက်လက်ထောက်ခံသွားမည်

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူနဲ့အဖွဲ့ အီးယူ သမဂ္ဂအရာရှိများနဲဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်လ်ဆဲမှာ တွေ့ဆုံစဉ်။ (ဓာ်တပုံ- EU in Myanmar)
မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူနဲ့အဖွဲ့ အီးယူ သမဂ္ဂအရာရှိများနဲဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်လ်ဆဲမှာ တွေ့ဆုံစဉ်။ (ဓာ်တပုံ- EU in Myanmar)

ဥရောပသမဂ္ဂနဲ့ မြန်မာနိုင်ငံအကြား အရာရှိကြီးအဆင့် ပထမဆုံးအကြိမ်အဖြစ် ဘယ်(လ်)ဂျီယံနိုင်ငံ ဘရပ်ဆဲ(လ်)မြို့မှာ မေလ ၁၆ ရက်နေ့က တွေ့ဆုံခဲ့ကြပါတယ်။

အဲဒီလိုတွေ့ဆုံရာမှာ ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှု၊ ဖွံ့ဖြိုးမှု၊ ပူးပေါင်းဆောင်ရွက်ရေး၊ အထူး သဖြင့် ပြည်လုံးကျွတ် အပစ်အခတ် ရပ်စဲရေး ကိစ္စတွေမှာ ဥရောပသမဂ္ဂရဲ့ အခန်းကဏ္ဍ၊ ရခိုင်၊ ကချင်၊ ရှမ်းပြည်နယ်တို့က အိုးအိမ်ပစ် ထွက်ပြေးနေရသူတွေရဲ့ အခြေအနေ အပါ အဝင် ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီး အကြံပေးအဖွဲ့ ထောက်ခံတင်ပြချက် အကောင် အထည် ဖော်ဆောင်ရေး၊ လူအခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိစေရေး၊ သတင်းလွတ်လပ်ခွင့် အလုပ်သမား အခွင့်အရေး၊ ဘင်္ဂလားဒေ့(ရှ်)နဲ့ ထိုင်းနိုင်ငံဘက် ရောက်နေရတဲ့သူတွေ ပြန်လက်ခံရေး စသည်ဖြင့် အကြောင်းအရာ အများအပြားကို ဆွေးနွေးခဲ့ကြတယ်လို့ မေ (၁၆) ရက်က ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိင်ငံဆိုင်ရာ ၂၀၁၆ မဟာဗျူဟာအရ ဥရောပသမဂ္ဂဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးတို့ အတွက် အခိုင်အမာ ဆက်လက်ထောက်ခံသွားမယ်လို့ ပြန်လည် အတည်ပြုကြောင်း၊ ဒီကိစ္စတွေ ဟာ တရားဥပဒေစိုးမိုးရေး၊ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်တို့နဲ့အတူ ယှဉ်တွဲ သွားရမှာ ဖြစ်ပြီး နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းတို့အပေါ်မှာ အခြေခံရမှာ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

ဒါ့အပြင် ဥရောပသမဂ္ဂကို မြန်မာပို့ကုန် ပမာဏတိုးမြှင့်ရေး၊ မြန်မာနိုင်ငံတွင်း ဥရောပ သမဂ္ဂ ရင်းနှီး မြှုပ်နှံမှု ခိုင်မာရေးကတဆင့်၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးရေးတို့ အတွက် ဥရောပသမဂ္ဂရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍကိုလည်း အခုတွေ့ဆုံပွဲက ကြိုဆိုတယ်လို့ ဖေါ်ပြထားပါတယ်။

ဥရောပသမဂ္ဂအနေနဲ့ ၂၀၁၄ ကနေ ၂၀၂၀ အတွင်း ဖွံ့ဖြိုးရေးအထောက်အပံ့ ယူရို (၆၃၈) သန်း ပေးကမ်းခဲ့တဲ့ အတွက်ရော အထူးသဖြင့် ပညာရေး၊ စိုက်ပျိုးရေး၊ ကျေးလက် ဖွံ့ဖြိုးရေး အုပ်ချုပ်ရေးတို့အတွက်ပါ ဥရောပသမဂ္ဂရဲ့ ပံ့ပိုးကူညီမှုကိုလည်း ကျေးဇူး တင်ကြောင်း မြန်မာဘက်က ဖေါ်ပြထားပါတယ်။

ဒီအစည်းအဝေးကို ဥရောပသမဂ္ဂရဲ့ အာရှပစိဖိတ်ရေးရာ ဦးဆောင်ညွှန်ကြားရေးမှူး Mr. Gunnar Wiegand နဲ့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူတို့ က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံကို ဥရောပသမဂ္ဂက အခိုင်အမာ ဆက်လက်ထောက်ခံသွားမည်
please wait

No media source currently available

0:00 0:01:58 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG