သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်ဘက်ရေးရာ အီးယူအရေးယူမှု တနှစ်ထပ်တိုး


မြန်မာစစ်ဘက်နဲ့ လုံခြုံရေးအဖွဲ့အစည်းတွေကို ဒဏ်ခတ်ပိတ်ဆို့တဲ့ အီးယူ ဥရောပသမဂ္ဂရဲ့ အရေးယူမှုကို နောက်ထပ် တနှစ်သက်တမ်းတိုးလိုက်ပါပြီ။ ဒီအရေးယူမှုထဲမှာ လက်နက်ရောင်းချမှု ပိတ်ပင်တာ ပါဝင်သလို၊ မြန်မာစစ်တပ်နဲ့ လုံခြုံရေးအဖွဲ့အစည်းတွေအနေနဲ့ ပြည်တွင်းဖိနှိပ်မှုတွေမှာ အသုံးပြုနိုင်တဲ့ အသုံးအဆောင်ပစ္စည်းပစ္စယ တင်ပို့မှုကိုလည်း တားမြစ်ထားပါတယ်။ ဒါ့အပြင် မြန်မာစစ်တပ်နဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ စစ်သင်တန်းပေးတာတွေကိုလည်း ကန့်သတ် ပိတ်ပင်ထားပါတယ်။

ရခိုင်ပြည်နယ် ၊ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေအတွင်း တိုင်းရင်းသားလူနည်းစု အရပ်သားတွေ အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှု၊ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ ပတ်သက်တယ် လို့ စွပ်စွဲခံရတဲ့ စစ်ဘက်နဲ့ ရဲဘက် အရာရှိ ၁၄ဦး အပေါ် ပစ်မှတ်ထား အရေးယူတာလည်းပါဝင်ပါတယ်။ ဒီလို မြန်မာနိုင်ငံနဲ့ပတ်သက်လို့ စစ်ဘက်လုံခြုံရေးဆိုင်ရာ အရေးယူမှု တနှစ်တိုးတာကို ဥရောပကောင်စီကနေ ဒီကနေဆုံးဖြတ်လိုက်တာဖြစ်တာကြောင့် ၂၀၂၀ ခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ ဒီ အရေးယူမှု အသက်ဝင်မှာဖြစ်ပါတယ်။

အီးယူ ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ပတ်သက်လို့ အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပေမယ့်၊ ၂၀၁၂ ခုနှစ်နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကြောင့် အရေးယူမှုတွေကိုဖြေလျော့ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း လက်နက်ရောင်းချမှုတားမြစ်တာ အပါအဝင် စစ်ရေးအရ အရေးယူမှုတွေကို ဆက်လက်ထားရှိပြီး၊ ၂၀၁၇ ခုနှစ် ရခိုင်မြောက်ပိုင်း အရေးအခင်းနောက်ပိုင်းမှာတော့ တာဝန်ရှိတဲ့ စစ်ဘက်နဲ့ရဲဘက် အရာရှိကြီးတွေကို ပစ်မှတ်ထား အရေးယူတာမျိုး ထပ်တိုးခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဥရောပကောင်စီရဲ့ ဒီကနေ့ ဆုံးဖြတ်ချက်ထဲမှာတော့ မြန်မာနိုင်ငံတွင်း လူနည်းစုတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်မှုတွေလည်း ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG