သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကြောင့်ထိခိုက်တဲ့ လုပ်ငန်းတွေ ချေးငွေပြန်ဆပ်ချိန် ၁ နှစ်တိုး


Myanmar-politics-lifestyle-tourism
Myanmar-politics-lifestyle-tourism

ကိုဗစ်ကပ်ဘေးကာလအတွင်း ထိခိုက်မှုအများဆုံး ဖြစ်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်နာလန်ထူနိုင်အောင် အစိုးရထုတ်ချေးထားတဲ့ ချေးငွေတွေ ပြန်ဆပ်ရမယ့်အချိန်ကို စစ်ကောင်စီက သက်တမ်း ၁ နှစ်တိုးလိုက်ပါတယ်။

အထည်ချုပ်လုပ်ငန်း၊ ဟိုတယ်ခရီးလုပ်ငန်း၊ စိုက်ပျိုးမွေးမြူး ရေထွက်လုပ်ငန်း၊ ပို့ကုန်လုပ်ငန်း၊ အသေးစား-အလတ်စားလုပ်ငန်းစတဲ့ ထိခိုက်မှုများခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေကို NLD အစိုးရလက်ထက် ၂၀၂၀ ခုနှစ် ဧပြီလထဲက ဦးစားပေး ထုတ်ချေးထားတာ ဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းတွေအနေနဲ့ ချေးငွေယူပြီး ၁ နှစ်ပြည့်ချိန်မှာ ပြန်ဆပ်ရမယ်လို့ ကနဦး သတ်မှတ်ခဲ့တာ ဖြစ်ပေမဲ့လည်း၊ အဲ့ဒီလို ပြန်ဆပ်ရမယ့်အချိန် ပြီးခဲ့တဲ့ ၂၀၂၁ မေလမှာတုန်းကလည်း အချိန် ၆ လ သက်တမ်း စစ်ကောင်စီက တိုးပေးခဲ့သလို၊ အဲ့ဒီနောက် စက်တင်ဘာလမှာ နောက်တကြိမ် ၆ လ သက်တမ်း တိုးပေးခဲ့တာပါ။

အခုတကြိမ်ဟာ တတိယကြိမ်မြောက် သက်တမ်းတိုးပေးတာ ဖြစ်ပြီး ၁ နှစ်အထိ တိုးပေးလိုက်တာလည်း ဖြစ်ပါတယ်။ ကိုဗစ်ကြောင့် စီးပွားရေး ထိခိုက်မှုတွေ ဆက်ရှိနေတာကြောင့်ရော၊ စီးပွားရေးလုပ်ငန်းတွေအတွက် ငွေကြေးလည်ပတ်မှုတွေ အဆင်ပြေ ချောမွေ့စေဖို့အတွက် တိုးပေးတာဖြစ်တယ်လို့ နိုဝင်ဘာ ၄ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စီးပွားရေး ပြန်လည်နာလန်ထူနိုင်ရေးတွက် လုပ်ငန်းပေါင်း ၆၀၀၀ နီးပါးကို ကိုဗစ်ရန်ပုံငွေထဲကနေ အတိုးနှုန်း ၁% နဲ့ NLD အစိုးရလက်ထက်ထဲက ထုတ်ချေးခဲ့တာ ဖြစ်ပါတယ်။

=== Unicode ====




XS
SM
MD
LG