သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းတွင်းမြစ်တွင်း သင်္ဘောတိမ်းမှောက်မှု အနည်းဆုံး ၄ ဦးသေ


မနေ့က တနင်္ဂနွေနေ့ မနက်ပိုင်းက ချင်းတွင်းမြစ်ထဲမှာ ခရီးသည်တင် အမြန်ရေယာဉ်တစင်း တိမ်းမှောက်လို့ လူ ၄ ယောက်သေဆုံးပြီး ၈ ယောက် ပျောက်ဆုံးနေတဲ့အကြောင်း အစိုးရပိုင် မြန်မာ့အလင်းသတင်းစာမှာ ဒီကနေ့ ဖော်ပြထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ ချင်းတွင်းဆိပ်ကမ်းကနေ မောင်းနှင်လာတဲ့ မြန်မာဇမ္ဗူထွန်း ရေယာဉ်အသင်းက ရာဇာထွန်းရေယာဉ်ဟာ မုံရွာမြို့ကနေ ဟုမ္မလင်းမြို့နယ် ဆယ်ဇင်းကိုအသွား ကလေးဝမြို့နယ်ဂဇက်ကျေးရွာအနီးမှာ တိမ်းမှောက်ခဲ့တာလို့ ဆိုပါတယ်။ တိမ်းမှောက်ချိန်မှာ ရေယာဉ်ပေါ်မှာ ရှိနေတဲ့ လူ ၆၅ ယောက်ထဲက ၅၃ ဦးကို အသက်ရှင်လျက် ပြန်လည်ကယ်တင်နိုင်ခဲ့ပေမဲ့ ကျန်တဲ့ ၁၂ ယောက်မှာ သေဆုံးသူအလောင်း ၄ လောင်းကိုသာ ရှာဖွေတွေ့ထားပြီး ၈ ဦးကတော့ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေ၊ လူမှုရေးအဖွဲ့အစည်းတွေနဲ့ ဒေသခံတွေ ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့တဲ့အကြောင်း ဒေသခံအာဏာပိုင်တွေက ပြောပါတယ်။ ရာဇာထွန်းရေယာဉ် ဘာကြောင့် နစ်မြုပ်ခဲ့ရတာတယ်ဆိုတဲ့အကြောင်းရင်းကို သေချာမသိရသေးပေမဲ့ ရေယာဉ်ဟာ နစ်မြုပ်ချိန်မှာ ကုန်ချိန်ပိဿာခုနှစ်ထောင်ကျော်လောက် တင်ဆောင်ထားပြီး ကုန်စိမ်းနဲ့ငါးသေတ္တာပုံးတွေအပြင် ခရီးသည် ၆၅ ဦး ပါလာခဲ့တယ်လို့ မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG