သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

FIFA ဥက္ကဋ္ဌ မြန်မာပြည်ခရီး

FIFA ဥက္ကဋ္ဌ ဆက် ဘလက်တာ (ဝဲ) အား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် ကြိုဆိုနှုတ်ဆက်နေစဉ်။ မတ် ၁၅၊ ၂၀၁၁။
FIFA ဥက္ကဋ္ဌ ဆက် ဘလက်တာ (ဝဲ) အား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် ကြိုဆိုနှုတ်ဆက်နေစဉ်။ မတ် ၁၅၊ ၂၀၁၁။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ရဲ့ ဥက္ကဋ္ဌ ဂျိုးဇက် ဆက် ဘလက်တာ (Joseph Sepp Blatter) ဟာ ၂ ရက်ကြာ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံမှာ ရောက်ရှိနေပြီး ဒီကနေ့မှာတော့ မြန်မာစစ်အစိုးရရဲ့ ဝန်ကြီးချုပ် ဦးသိန်းစိန် အပါအဝင် စစ်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံသွားဖို့ ရှိနေပါတယ်။

ဘောလုံးအားကစားအတွက် နိုင်ငံရေးနဲ့ အစိုးရရဲ့ အထောက်အပံ့တွေ မရှိဘဲ ရပ်တည်လို့ မဖြစ်နိုင်တာမို့ အခုလို အစိုးရ တာဝန်ရှိသူနဲ့ တွေ့ဖို့ လိုအပ်တယ်လို့ နိုင်ငံရေး လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်အောင် မလုပ်နိုင်တဲ့အတွက် ဝေဖန်ခံနေရတဲ့ မြန်မာစစ်အစိုးရနဲ့ တွေ့ဆုံမယ့်အပေါ် FIFA ဥက္ကဋ္ဌက မနေ့တုန်းကပဲ သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ရဲ့ ဖိတ်ကြားချက်အရ ရောက်လာတဲ့ FIFA ဥက္ကဋ္ဌဟာ မနေ့တုန်းကတော့ မန္တလေးမြို့မှာရှိတဲ့ လူငယ် ဘောလုံးသင်တန်းကျောင်းကို သွားရောက် ဖွင့်လှစ်ပေးခဲ့ပါတယ်။

မြန်မာနိုင်ငံ အနေနဲ့ ဘောလုံးအားကစားမှာ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နိုင်ငံတွေကြား တက်တက်ကြွကြွ ပါဝင်ကစားနိုင်မယ့် အလားအလာတွေ ရှိနေပြီး နောက်ပိုင်း အာရှအဆင့်အထိ တက်နိုင်ပါတယ်လို့လည်း ဆက် ဘလက်တာက မှတ်ချက်ပေး ပြောဆိုခဲ့တဲ့အကြောင်း ရန်ကုန်ကလာတဲ့ AFP သတင်းက ကိုးကားဖော်ပြခဲ့ပါတယ်။

This item is part of
XS
SM
MD
LG