သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျင်းစန်းကြော့ နယ်စပ်ဂိတ် ညီနောင် ၃ ဖွဲ့ သိမ်းပိုက်


စစ်ကောင်စီတပ်ထံမှ တအာင်းတပ်မတော် သိမ်းယူခဲ့သော မိုင်းကျက်တပ်စခန်း မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ (@ Three Brotherhood Alliance Facebook)
စစ်ကောင်စီတပ်ထံမှ တအာင်းတပ်မတော် သိမ်းယူခဲ့သော မိုင်းကျက်တပ်စခန်း မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ (@ Three Brotherhood Alliance Facebook)

တရုတ်−မြန်မာ နယ်စပ်ကုန်သွယ်မှုတွေမှာ အရေးပါတဲ့ ကျင်းစန်းကြော့ ကျင်းစန်းကြော့ နယ်စပ်ဂိတ်ကို ညီနောင်မဟာမိတ် ၃ ဖွဲ့က နိုဝင်ဘာလ ၂၅ ရက် မနက်ပိုင်းက အပြီးသိမ်းပိုက်လိုက်တဲ့ အကြောင်း ညီနောင် ၃ ဖွဲက ထုတ်ပြန်ပါတယ်။

အောက်တိုဘာလ ၂၇ ရက်နေ့မှာ စတင်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ရက် ၃၀ မြောက်နေ့မှာ ကျင်းစန်းကြော့ နယ်စပ်ဂိတ်ကို သိမ်းယူလိုက်တဲ့အကြောင်းနဲ့ လောက်ကိုင်မြို့သိမ်း တိုက်ပွဲလည်း မကြာခင်မှာ လာတော့မယ့် အကြောင်း ကိုးကန့် MNDAA၊ တအာင်း TNLA နဲ့ ရခိုင့်တပ်တော် AA တို့ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က စနေနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီ စစ်စခန်းတွေကို တိုးချဲ့သိမ်းယူနေသလို စစ်ဆင်ရေး တလပြည့်တဲ့အခါ စစ်ရေးအရှိန်ဆက်မြှင့်ဖို့ အသင့်ပြင်ထားကြောင်းလည်း ပြောပါတယ်။ ညီနောင်မဟာမိတ်အဖွဲ့ အနေနဲ့ တဖွဲ့ချင်းစီရဲ့ ရည်မှန်းချက်နဲ့ ဘုံရည်မှန်းချက်တွေကို တဆင့်ချင်း အကောင်အထည် ဖော်နေသလို၊ တနိုင်ငံလုံးအနှံ့ သက်ရောက်တဲ့ စစ်ဆင်ရေးအဖြစ် စစ်ဆင်ရေး နောက်တဆင့် တိုးမြင့်သွားမယ့်အကြောင်း အသိပေးထုတ်ပြန်ထားတာပါ။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ညီနောင် ၃ ဖွဲ့ကို အကြမ်းဖက်သောင်းကျန်းသူတွေလို့ သုံးနှုန်းပြီး သူတို့ဟာ တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ အကျိုးစီးပွားကို ထိခိုက်အောင် ရည်ရွယ်ပြီး တိုက်ခိုက်တာတွေ လုပ်နေတယ်လို့ Viber လူမှုကွန်ရက်ကတဆင့် စနေနေ့က ပြောပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ တရုတ်-မြန်မာ ရေနံသဘာဝဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်ရေး စခန်းတခုကို ညီနောင်မဟာမိတ်တွေက ဝင်ရောက်ဖျက်ဆီးခဲ့တာရှိသလို၊ KNU နဲ့ PDF ပူးပေါင်းအဖွဲ့တွေကလည်း မြိုင်ကလေး-သထုံ-ဘီးလင်းနဲ့ မြိုင်ကလေး-ရန်ကုန် သဘာဝဓာတ်ငွေ့ပိုက်လိုင်းတို့ကို မိုင်းထောင် ဖောက်ခွဲတိုက်ခိုက် ဖျက်ဆီးခဲ့တဲ့အကြောင်း စစ်ကောင်စီပြောခွင့်ရက Viber ကတဆင့် ပြောပါတယ်။ ညီနောင် ၃ ဖွဲ့ကတော့ အရပ်သားပြည်သူတွေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နေတဲ့အကြောင်း ပြောဆိုထားပါတယ်။

XS
SM
MD
LG