သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက်ဒေသတချို့ ညီနောင် ၃ ဖွဲ့ထပ်မံသိမ်းပိုက်


ကွတ်ခိုင်မြို့
ကွတ်ခိုင်မြို့

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ စစ်ဗျူဟာတပ်ဟာ ညီနောင်မဟာမိတ်တပ်တွေထံမှာ လက်နက်ချတယ်လို့ ရှမ်းပြည်ဘက်ကလာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။ ရဟတ်ယာဉ်ကွင်းရှိတဲ့ ကွတ်ခိုင်စစ်ဗျူဟာတပ်ကို တိုင်းရင်းသားညီနောင် ၃ ဖွဲ့က နှစ်ကုန်ပိုင်းမှာ ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ကွတ်ခိုင်နဲ့ လားရှိုးမြို့ကြားမှာရှိတဲ့ သိန္နီမြို့တဝိုက်မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ ၂၀၂၃ အောက်တိုဘာ ၂၇ ရက်နေ့ထဲကစပြီး MNDAA ကိုးကန့်တပ်၊ TNLA တအာင်းတပ်နဲ့ AA ရက္ခိုင့်တပ်တော်တို့ ပေါင်းပြီး စစ်ဆင်နေတာမှာ ဇန်နဝါရီ ၅ ရက်ကတော့ ကိုးကန့်ဒေသတစ်ခုလုံးကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကိုးကန့် MNDAA က သတင်းထုတ်ပြန်ထားပါတယ်။

လောက်ကိုင်မှာ အခြေစိုက်တဲ့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်က တပ်ဖွဲ့ဝင် ၂၁၀၀ ကျော်နဲ့ မိသားစုဝင် ၁၆၀၀ ကျော် လက်နက်ချခဲ့ပြီးနောက်မှာ ကိုးကန့်ဒေသတခုလုံးကို MNDAA ကထိန်းချုပ်နိုင်လိုက်တာလို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ MNDAA တပ်တွေအနေနဲ့ ဟိုပန်ဒေသ၊ မုံးကိုးနှင့် ကိုးကန့်ခရိုင်နှစ်ခုကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် သိန္နီနဲ့ ကွတ်ခိုင်နေရာအများစုကိုလည်း ထိန်းချုပ်ထားတယ်လို့ ကိုးကန့်အဖွဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲမှာရှိတဲ့ ဟိုပန်မြို့ကို MNDAA ဦိးဆောင်တဲ့ ညီနောင်မဟာမိတ်တွေ ဇန်နဝါရီ ၅ ရက်က တိုက်ခိုက်သိမ်းယူခဲ့ပြီးနောက် UWSA ဝပြည် သွေးစည်းညီညွတ်ရေးတပ်တွေ မြို့ထဲဝင်လာပြီး ဝ အလံ လွှင့်တင်ခဲ့ပါတယ်။

XS
SM
MD
LG