သရုပ်ဆောင်ချက်၊ ဇာမ်းလမ်း ဇာတ်ကွက် တွေအပါအ၀င် မြန်မာ့ ရုပ်ရှင်တွေ ဗွီဒီယိုကားတွေရဲ့ အရည်အသွေးနဲ့ ပတ်သက်ပြီး ရုပ်ရှင်ကြည့် ပရိတ်သတ်ကြား ဝေဖန်မှုတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေတာ လနဲ့ နှစ်နဲ့ချီ ကြာမြင့်လာပေမယ့် လျော့ပါးမသွားဘဲ တိုးလို့သာ လာနေပါတယ်။ ပရိသတ်ရဲ့ ဝေဖန်ချက်တွေ အပေါ် ရုပ်ရှင် အနုပညာရှင် အသိုင်းအ၀ိုင်းကြား အရေးတယူ ရှိပါသလား၊ ပြုပြင်ပြောင်းလဲမှုတွေရော ရှိနေပါပြီလား၊ ပြုပြင်ပြောင်းလဲမယ့် လမ်းစတွေရော တွေ့နေရပါသလား ဆိုတာကို စာရေးဆရာ၊ သတင်းစာဆရာ ကိုဦးဆွေ၊ Film Producer ကိုကျော်သိင်္ခ တို့ ဦးဆောင်ပြီး ဗွီအိုအေ သောတရှင်တွေ ဆွေးနွေးသုံးသပ်ထားပါတယ်။ မသိင်္ဂီထိုက် စီစဉ်တင်ဆက်တာ ဖြစ်ပါတယ်။