သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဘေးအကူအညီလိုကြောင်း စစ်ကောင်စီအကြီးအကဲပြော


ရေလွှမ်းနေတဲ့ ကလောမြို့ (Photo: CJ)
ရေလွှမ်းနေတဲ့ ကလောမြို့ (Photo: CJ)

မြန်မာမှာ ရေဘေးပြင်းထန်နေချိန် ပြည်ပအကူအညီရရေး လုပ်ကြဖို့ စစ်ကောင်စီခေါင်းဆောင်က ပြောလိုက်ပါတယ်။ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းတို့ အပါအဝင် ပြည်နယ်နဲ့ တိုင်း ၇ ခုမှာ ကျယ်ကျယ်ပြန့်ပြန့် ရေကြီးနေတာကြောင့် ပျောက်ဆုံးသူတွေ များလာတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်သူတွေက ပြောပါတယ်။ တချို့နေရာတွေမှာတော့ ရေအနည်းငယ် ပြန်ကျနေပါတယ်။

ရှမ်းပြည်နယ် တောင်ပေါ်မြို့ဖြစ်တဲ့ ကလောမြို့မှာ ရေကြီး မြေပြိုကျမှုတွေ ဖြစ်ခဲ့ပြီး ရာနဲ့ချီ သေဆုံးတယ်လို့ ဒေသထဲက လာတဲ့သတင်းတွေမှာ ဖော်ပြကြပါတယ်။ အများအပြားလည်း ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ ပဲခူးတိုင်း တောင်ငူမြို့ဘက်မှာလည်း ရေဆက်ကြီးနေလို့ ဒေသခံတွေ ဘေးလွတ်ရာမှာ ခိုလှုံနေကြရပါတယ်။

ကျွဲ၊ နွားတွေနဲ့အတူ ဘေးလွတ်ရာ သွားနေနေရသူ ဖြစ်ပါတယ်။ ပဲခူးမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ်နဲ့ ဒုဋ္ဌဝတီမြစ်တွေမှာ မြစ်ရေချိန် စိုးရိမ်ရေအမှတ်မှာ ဆက်လက်ရောက်နေဆဲဖြစ်တယ်လို့ မိုးဇလဌာနက ဒီနေ့ စက်တင်ဘာ ၁၄ ရက် ညနေ ၆ နာရီက ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် တောင်ငူမြို့နယ်၊ ပဲခူးမြို့နယ်၊ ဘားအံမြို့နယ်တွေအပြင် မြစ်ငယ်မြိုနဲ့ မဒေါက်မြို့တွေက မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေသူတွေ အထူးသတိထားကြဖို့ အကြံပြုထားပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာလည်း ရေဘေးဒဏ် ကြုံရနိုင်တယ်လို့ သတိပေးထားပါတယ်။ အခုလို အခြေအနေမှာ စစ်ကောင်စီ အကြီးအကဲက နိုင်ငံခြားက ကူညီကယ်ဆယ်ရေး အမြန်ဆုံးရနိုင်အောင် လုပ်ဖို့တာဝန်ရှိသူတွေကို ပြောကြားခဲ့ပါတယ်။ ရာဂိမုန်တိုင်းကြောင့် ရေကြီးမှုခံရတဲ့ တခြားနိုင်ငံတွေနည်းတူ ပြည်ပက ကယ်ဆယ်ရေးနဲ့ ထောက်ပံ့ပစ္စည်းတွေ အမြန်ဆုံးရနိုင်ဖို့ အစိုးရတာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံးချိတ်ဆက် လုပ်ကြဖို့ သောကြာနေ့က ပြောကြားခဲ့တာကို စစ်ကောင်စီထုတ် သတင်းစာတွေမှာ ဖော်ပြပါတယ်။

နှစ်ပေါင်း ၆၀ အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းအတွက် အကျယ်ပြန့်ဆုံး ဆိုးဆိုးဝါးဝါး ရေကြီးမှုဖြစ်လို့ သေဆုံးထိခိုက်မှုတွေ ရာဏဂန်းတွေချီ ဆက်များလာနိုင်တယ်လို့ မိုးလေဝသ ကျွမ်းကျင်သူတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။

သောကြာနေ့ ညပိုင်းအထိ သေဆုံးသူ ၃၄ ယောက်ထက် မနည်းရှိတယ်လို့ စစ်ကောင်စီပြောခွင့်ရက ဗီအိုအေကို ပြောကြားထားပါတယ်။ နိုင်ငံဧရိယာတော်တော်များများ ရေကြီးနေပေမဲ့ စစ်ကောင်စီက သဘာဝဘေးဒဏ်ဆိုင်ရာ အရေးပေါ်အခြေအနေထုတ်ပြန်ခြင်းတော့မရှိသေးပါဘူး။

Forum

XS
SM
MD
LG