သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရေဘးေၾကာင့္ ကပ္ေရာဂါကူညီေရးအဖြဲ႕ေတြ အခက္ႀကဳံ


flood in lower Myanmar

(zawgyi/unicode)

ကရင္ျပည္နယ္ ျမဝတီၿမိဳ႕ ကိုဗစ္စင္တာမွာ ေရႀကီးလို႔ ေအာက္ဆီဂ်င္ေပးေနရတဲ့ လူနာအပါအဝင္ လူနာ ၁၀၀ ေက်ာ္ကို အေရးေပၚေျပာင္းေ႐ႊ႕ထားရပါတယ္။ ေမာ္လၿမိဳင္မွာလည္း ေရႀကီးၿပီး ရပ္ကြက္လမ္း၊ သခ်ိဳငၤ္းသြားလမ္းေတြ
ေရျမႇဳပ္လို႔ ေနအိမ္မွာ ေသဆုံးသြားသူ ၉ ဦးကို မိုးထဲေရထဲ ခက္ခက္ခဲခဲ သယ္ယူမီးသျဂၤုလ္ခဲ့ရပါတယ္။ ျမန္မာျပည္ေတာင္ပိုင္းတခြင္ ေရႀကီးေရလွ်ံလို႔ ကပ္ေရာဂါအကူအညီေပးေရးကိစၥေတြမွာ အဟန႔္အတားျဖစ္ေနတဲ့အေျခအေန ရန္ကုန္ကေပးပို႔တဲ့သတင္းကို အလိမၼာေျပာျပပါမယ္။

ကရင္ျပည္နယ္ ျမဝတီၿမိဳ႕ က မိုး႐ြာသြန္းမႈေၾကာင့္ ဇူလိုင္ ၂၆ ရက္ မေန႔ညေနကကိုဗစ္ကြာရန္တင္း စင္တာမွာ ေရႀကီးေရလွ်ံျဖစ္ေနလို႔၊ ေအာက္ဆီဂ်င္ရႉေနရတဲ့ လူနာအပါအဝင္ ကိုဗစ္လူနာ ၁၀၀ ေက်ာ္ကို အေရးေပၚေျပာင္းေ႐ႊ႕ထားရတယ္လို႔
ကိုယ္တိုင္ အေျပာင္းအေ႐ႊ႕ကူညီေပးခဲ့တဲ့ ျမဝတီၿမိဳ႕ ကြၽန္းတစ္ပင္လူမူကယ္ဆယ္ေရးအသင္း တာဝန္ခံ ကိုေမာင္ငယ္က ဗြီအိုေအကို
ေျပာပါတယ္။

“ေျပာင္းေ႐ႊ႕ရတာေပါ့ ေရေတြ တအားဝင္လာလို႔ ကြာရန္တင္းစင္တာထဲမွာ ေရက လူေတြနဲ႔က်ေတာ့ အဆင္မေျပဘူး၊ volunteer အဖြဲ႕ရယ္
က်ေနာ္တို႔လူမူကယ္ဆယ္ေရးအဖြဲ႕ရယ္ သြားၿပီးေတာ့ အဲ့ဒီကုတင္ေတြေ႐ႊ႕ေပးတယ္၊ လူနာေတြကို ဟိုဘက္အေပၚအျမင့္တဲ့ေနရာကို ေ႐ႊ႕တယ္ ေျပာင္းတယ္။ လူနာ လက္ရွိက အခုအဲ့ဒီမွာ လူနာ ၁၀၀ ေက်ာ္ေလာက္ပဲရွိေတာ့တယ္ ၁၀၀ ေက်ာ္လုံး ေျပာင္းေ႐ႊ႕ထားတယ္၊ ကြာရန္တင္းစင္တာမွာ ပထမ က်ေနာ္တို႔ သြားေ႐ႊ႕တဲ့အခ်ိန္မွာေတာ့ ေရ တစ္ေပေလာက္ပဲတက္တယ္၊ က်ေနာ္တို႔ေ႐ႊ႕လို႔ၿပီးသြားတဲ့အခါက်ေတာ့ အဲ့မွာခါးေလာက္အထိေတာင္ ေရာက္လာတယ္။”

ျမဝတီၿမိဳ႕ အမွတ္(၄) ေ႐ႊျမဝတီ ကြာရန္တင္းစင္တာမွာ မေန႔ညေန ၃ နာရီေလာက္က ေရစႀကီးလာလို႔ အေရးေပၚေျပာင္းေ႐ႊ႕လိုက္ရတာပါ။ လက္ရွိအခ်ိန္ထိ ေရမက်ေသးဘူးလို႔ ေျပာပါတယ္။

ထိုင္း-ျမန္မာနယ္စပ္ ျမဝတီၿမိဳ႕မွာ ကိုဗစ္အတည္ျပဳလူနာေတြကို ကုသေပးေနတဲ့ စင္တာ အပါအဝင္ ကိုဗစ္စင္တာ ၇ခုရွိၿပီး လက္ရွိမွာလူနာ ၇၀၀ ေလာက္ရွိပါတယ္။ ေအာက္ဆီဂ်င္ မလုံေလာက္တဲ့ျပသနာက ႀကီးမားေနဆဲျဖစ္ပါတယ္။ တဖက္ကမ္းျဖစ္တဲ့ ထိုင္းႏိုင္ငံ မဲေဆာက္ၿမိဳ႕မွာ ေအာက္ဆီဂ်င္သြားျဖည့္ေနရပါတယ္။ ဟိုဘက္ကမ္းမွာလည္း လမ္းေၾကာင္းအေျခအေနနဲ႔ ေအာက္ဆီဂ်င္မရတဲ့အခက္အခဲေတြလည္း ရွိေနပါတယ္လို႔ ကိုေမာင္ငယ္က ဆက္ေျပာပါတယ္။

“ေအာက္ဆီဂ်င္ ေလျဖည့္ရတဲ့ေနရာ အရင္တုန္းကဆိုလို႔ရွိရင္ သုံးခုေလာက္ရွိတယ္ ႀကီးႀကီးမားမား(ျဖည့္ေပးႏိုင္တဲ့ေနရာ)၊ အခုခ်ိန္မွာ
သူတို႔ဆီေတာင္မွ အခ်ိန္နဲ႔တေျပညီျဖည့္လို႔မရတဲ့အတြက္ေၾကာင့္ အဆင္မေျပဘူးျဖစ္ေနတယ္၊ ဟိုဖက္ကမ္းမွာသြားသြားျဖည့္ေနရတယ္၊ ထိုင္းႏိုင္ငံ
မဲေဆာက္ ဟုတ္ကဲ့ပါ။ ဟိုဘက္ကမ္းမွာ ျဖည့္ေတာ့လည္း ကိုယ္ ဒီေန႔သြားလည္းသြားခ်င္တိုင္း မရဘူး၊ သူတို႔ဆီက ျဖည့္ေပးမွရတဲ့ျဖစ္တဲ့အတြက္ေၾကာင့္ အခ်ိန္မမွန္ဘူး က်ေနာ္တို႔မွာ။”

မြန္ျပည္နယ္မွာလည္း ကိုဗစ္အတည္ျပဳလူနာ ေန႔စဥ္ ရာနဲ႔ခ်ီရွိၿပီး ေသဆုံးသူက ၂၀ ထက္မနည္းရွိေနပါတယ္။ ေမာ္လၿမိဳင္ေဆး႐ုံမွာ ေသဆုံးတဲ့ လူနာေတြအျပင္ ေနအိမ္ေတြမွာ ကုသရင္း ေသဆုံးသြားတဲ့ လူနာေတြပါ ပရဟိသအသင္းေတြက ကူညီမီးသၿဂိဳလ္ေနပါတယ္။
မြန္ျပည္နယ္မွာလည္း ကိုဗစ္တတိယလႈိင္နဲ႔ ေရေဘးဒဏ္ တၿပိဳင္ထဲရင္ဆိုင္ေနရတာပါ။

မေန႔ကဆိုရင္ ေရႀကီးေရလွ်ံလို႔ သခ်ိဳငၤ္းသြားတဲ့လမ္း၊ ရပ္ကြက္လမ္းေတြ ေရျမႇဳပ္လို႔ လူနာေတြ သယ္ယူဖို႔ အခက္ခဲျဖစ္ေနရသလို မေန႔က ေနအိမ္မွာ
ေသဆုံးတဲ့ ကိုဗစ္သံသယလူနာ ၉ ဦးကိုလည္း မိုးေရထဲမွာ ခက္ခက္ခဲခဲ သယ္ယူမီးသျဂၤုလ္ခဲ့ရတဲ့အေၾကာင္း ေမာ္လၿမိဳင္ RESCUE
လူမႈကယ္ဆယ္ေရးအဖြဲ႕တာဝန္ရွိသူ တစ္ဦးက အခုလို ေျပာပါတယ္။

“မေန႔ကဆိုရင္ လမ္းေတြ ေရျမႇဳပ္၊ ဟိုသခ်ိဳငၤ္းသြားတဲ့လမ္းေတြလည္း ေရျမႇဳပ္ၿပီးေတာ့ အကုန္လုံးတကယ္ကို ခက္ခက္ခဲခဲမိုးထဲေရထဲမွာ
လိုက္ၿပီးေတာ့ ကူညီေပးရတယ္ေပါ့ေနာ္။ ေဆး႐ုံမွာေန႔စဥ္ေသဆုံးတဲ့လူနာေတြလည္း က်ေနာ္တို႔ သြားၿပီး ရင္ကြဲ႐ုံေတြ ထုတ္ၿပီး
သျဂၤုလ္ေပးတာေပါ့၊ အဲ့ဒါအျပင္ က်ေနာ္တို႔ အခုရပ္ကြက္ေတြထဲမွာ ေန႔စဥ္ေသတဲ့လူနာေတြရွိတယ္ မေန႔ဆိုရင္ က်ေနာ္တို႔ ၉
အေလာင္းေလာက္ရွိတာေပါ့ေနာ္၊ မေန႔ကဆိုလို႔ရွိရင္ တကယ့္ကို မိုးထဲေရထဲမွာ သူတို႔ကလည္း အကူအညီေတာင္းလာတယ္ ဒီမွာ Dead body ေတြနဲ႔ အိမ္မွာလည္းမိုးထဲေရထဲမွာ ေရကလည္း ျမႇဳပ္ေနေတာ့ အိမ္ေတြမွာ ေတာ္ေတာ္ခက္ခက္ခဲခဲျဖစ္တာေပ့ါေနာ္၊ ေသတဲ့လူနာေတြကို
တကယ့္ကိုခက္ခက္ခဲခဲလိုက္ၿပီးေတာ့ သယ္ခ်ေပးရပါတယ္၊ ေရထဲကေနၿပီးေတာ့ သယ္ခ်သယ္ခ်ၿပီးေတာ့ က်ေနာ္တို႔ဒီသခ်ိဳငၤ္းကို ပို႔ၿပီးေတာ့ ေသေသခ်ာခ်ာလည္းလုပ္ေပးပါတယ္။”

လက္ရွိ မြန္ျပည္နယ္မွာ ကိုဗစ္ကူးစက္ႏႈန္းနဲ႔ ေသဆုံးႏႈန္းက ျမင့္တက္ေနသလို ေအာက္ဆီဂ်င္လိုအပ္ခ်က္လည္း ႀကီးမားေနပါတယ္။ ေမာ္လၿမိဳင္ RESCUEလူမႈကယ္ဆယ္ေရးအဖြဲ႕ကေတာ့ ေသဆုံး႐ုပ္အေလာင္းေတြ မီးသျဂၤုလ္ေပးတဲ့အျပင္ ေအာက္ဆီဂ်င္အိုးေတြလည္း ကူညီေပးေနတာပါ။ အခုတဖန္ ေမာ္လၿမိဳင္မွာ ေရႀကီးလို႔ ေရေဘးသင့္ျပည္သူေတြကိုပါ ထပ္မံကူညီေပးေနရပါတယ္။ ဒါေပမယ့္လည္း ကိုဗစ္ထိန္းခ်ဳပ္ေရးေရာ ေရေဘးကူညီမႈပါ တၿပိဳင္တည္းလုပ္ေနရလို႔ ပရဟိတအဖြဲ႕ေတြအတြက္ အခက္အခဲေတြရွိေနတယ္လို႔သိရပါတယ္။

ရန္ကုန္မွာလည္း ကိုဗစ္သံသယလူနာေတြမ်ားျပားေနပါတယ္။ အခက္အခဲျဖစ္လို႔ ေဆးဝါးနဲ႔ အစားအေသာက္အကူအညီလိုအပ္တဲ့ အိမ္ေတြကို
အိမ္ေရွ႕မွာ အလံေထာင္ အမွတ္အသားျပဳၿပီး အကူအညီေတာင္းခံၾကဖို႔ ပရဟိတအကူအညီေပးသူေတြက အသိေပးထားပါတယ္။
အကူအညီလိုအပ္ေနတဲ့ ေနအိမ္ေတြဆီ အစားအေသာက္ကို အဓိကထားၿပီး အရွင့္ေက်းကြၽန္မ်ားအဖြဲ႕ က ကူညီေဆာင္႐ြက္ေပးေနပါတယ္။

အကူအညီေတာင္းခံတဲ့ အိမ္ေတြ ပိုမိုမ်ားျပားလာလို႔ မႏိုင္မနင္ျဖစ္ေနသလို အဖြဲ႕သားထဲက ဖ်ားနာေနၾကလို႔ ခဏတာအနားယူထားတယ္လို႔
အရွင့္ေက်းကြၽန္မ်ားအဖြဲ႕ က ေျပာပါတယ္။

“ပိုပိုၿပီးေတာ့ မ်ားလာတယ္၊ က်ေနာ္တို႔လည္းအမ်ိဳးသမီးေလးေယာက္ပဲရွိေတာ့ မႏိုင္ၾကေတာ့ဘူး၊ အလံေထာင္တဲ့ အိမ္က
သဃၤန္းကြၽန္းဆို သဃၤန္းကြၽန္း တစ္ပုံႀကီး၊ ေတာင္ဥကၠလာဆိုလည္း ေတာင္ဥကၠလာေပါ့ေနာ္၊ ကိုယ္ကဒီေလးေယာက္နဲ႔ အလုပ္လုပ္ေတာ့ ဖ်ားတဲ့ လူလည္းဖ်ားကုန္ၿပီး ဘယ္လိုပဲ ကာကြယ္ကာကြယ္ ဖ်ားတဲ့ လူက ဖ်ားေတာ့ ေလးေယာက္ကေန သုံးေယာက္၊ ေနာက္ ႏွစ္ေယာက္ ကေန တစ္ေယာက္ အခုခဏေတာင္မွ နားထားတယ္သုံးေလးရက္ရွိၿပီး။”

အဖြဲ႕သားေတြ ဖ်ားနာၾကလို႔ ခဏအနားယူထားေပမယ့္ လက္ရွိမွာအကူအညီေတာင္းထားတဲ့ အိမ္ ၅၀ ေလာက္ရွိေနလို႔
ႀကိဳးစားပို႔ေဆာင္ေပးသြားမယ္လို႔လည္း ေျပာပါတယ္။


+++

ကရင်ပြည်နယ် မြဝတီမြို့ ကိုဗစ်စင်တာမှာ ရေကြီးလို့ အောက်ဆီဂျင်ပေးနေရတဲ့ လူနာအပါအဝင် လူနာ ၁၀၀ ကျော်ကို အရေးပေါ်ပြောင်းရွှေ့ထားရပါတယ်။ မော်လမြိုင်မှာလည်း ရေကြီးပြီး ရပ်ကွက်လမ်း၊ သချိုင်္င်းသွားလမ်းတွေ
ရေမြှုပ်လို့ နေအိမ်မှာ သေဆုံးသွားသူ ၉ ဦးကို မိုးထဲရေထဲ ခက်ခက်ခဲခဲ သယ်ယူမီးသင်္ဂြုလ်ခဲ့ရပါတယ်။ မြန်မာပြည်တောင်ပိုင်းတခွင် ရေကြီးရေလျှံလို့ ကပ်ရောဂါအကူအညီပေးရေးကိစ္စတွေမှာ အဟန့်အတားဖြစ်နေတဲ့အခြေအနေ ရန်ကုန်ကပေးပို့တဲ့သတင်းကို အလိမ္မာပြောပြပါမယ်။

ကရင်ပြည်နယ် မြဝတီမြို့ က မိုးရွာသွန်းမှုကြောင့် ဇူလိုင် ၂၆ ရက် မနေ့ညနေကကိုဗစ်ကွာရန်တင်း စင်တာမှာ ရေကြီးရေလျှံဖြစ်နေလို့၊ အောက်ဆီဂျင်ရှူနေရတဲ့ လူနာအပါအဝင် ကိုဗစ်လူနာ ၁၀၀ ကျော်ကို အရေးပေါ်ပြောင်းရွှေ့ထားရတယ်လို့
ကိုယ်တိုင် အပြောင်းအရွှေ့ကူညီပေးခဲ့တဲ့ မြဝတီမြို့ ကျွန်းတစ်ပင်လူမူကယ်ဆယ်ရေးအသင်း တာဝန်ခံ ကိုမောင်ငယ်က ဗွီအိုအေကို
ပြောပါတယ်။

“ပြောင်းရွှေ့ရတာပေါ့ ရေတွေ တအားဝင်လာလို့ ကွာရန်တင်းစင်တာထဲမှာ ရေက လူတွေနဲ့ကျတော့ အဆင်မပြေဘူး၊ volunteer အဖွဲ့ရယ်
ကျနော်တို့လူမူကယ်ဆယ်ရေးအဖွဲ့ရယ် သွားပြီးတော့ အဲ့ဒီကုတင်တွေရွှေ့ပေးတယ်၊ လူနာတွေကို ဟိုဘက်အပေါ်အမြင့်တဲ့နေရာကို ရွှေ့တယ် ပြောင်းတယ်။ လူနာ လက်ရှိက အခုအဲ့ဒီမှာ လူနာ ၁၀၀ ကျော်လောက်ပဲရှိတော့တယ် ၁၀၀ ကျော်လုံး ပြောင်းရွှေ့ထားတယ်၊ ကွာရန်တင်းစင်တာမှာ ပထမ ကျနော်တို့ သွားရွှေ့တဲ့အချိန်မှာတော့ ရေ တစ်ပေလောက်ပဲတက်တယ်၊ ကျနော်တို့ရွှေ့လို့ပြီးသွားတဲ့အခါကျတော့ အဲ့မှာခါးလောက်အထိတောင် ရောက်လာတယ်။”

မြဝတီမြို့ အမှတ်(၄) ရွှေမြဝတီ ကွာရန်တင်းစင်တာမှာ မနေ့ညနေ ၃ နာရီလောက်က ရေစကြီးလာလို့ အရေးပေါ်ပြောင်းရွှေ့လိုက်ရတာပါ။ လက်ရှိအချိန်ထိ ရေမကျသေးဘူးလို့ ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာ ကိုဗစ်အတည်ပြုလူနာတွေကို ကုသပေးနေတဲ့ စင်တာ အပါအဝင် ကိုဗစ်စင်တာ ၇ခုရှိပြီး လက်ရှိမှာလူနာ ၇၀၀ လောက်ရှိပါတယ်။ အောက်ဆီဂျင် မလုံလောက်တဲ့ပြသနာက ကြီးမားနေဆဲဖြစ်ပါတယ်။ တဖက်ကမ်းဖြစ်တဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ အောက်ဆီဂျင်သွားဖြည့်နေရပါတယ်။ ဟိုဘက်ကမ်းမှာလည်း လမ်းကြောင်းအခြေအနေနဲ့ အောက်ဆီဂျင်မရတဲ့အခက်အခဲတွေလည်း ရှိနေပါတယ်လို့ ကိုမောင်ငယ်က ဆက်ပြောပါတယ်။

“အောက်ဆီဂျင် လေဖြည့်ရတဲ့နေရာ အရင်တုန်းကဆိုလို့ရှိရင် သုံးခုလောက်ရှိတယ် ကြီးကြီးမားမား(ဖြည့်ပေးနိုင်တဲ့နေရာ)၊ အခုချိန်မှာ
သူတို့ဆီတောင်မှ အချိန်နဲ့တပြေညီဖြည့်လို့မရတဲ့အတွက်ကြောင့် အဆင်မပြေဘူးဖြစ်နေတယ်၊ ဟိုဖက်ကမ်းမှာသွားသွားဖြည့်နေရတယ်၊ ထိုင်းနိုင်ငံ
မဲဆောက် ဟုတ်ကဲ့ပါ။ ဟိုဘက်ကမ်းမှာ ဖြည့်တော့လည်း ကိုယ် ဒီနေ့သွားလည်းသွားချင်တိုင်း မရဘူး၊ သူတို့ဆီက ဖြည့်ပေးမှရတဲ့ဖြစ်တဲ့အတွက်ကြောင့် အချိန်မမှန်ဘူး ကျနော်တို့မှာ။”

မွန်ပြည်နယ်မှာလည်း ကိုဗစ်အတည်ပြုလူနာ နေ့စဉ် ရာနဲ့ချီရှိပြီး သေဆုံးသူက ၂၀ ထက်မနည်းရှိနေပါတယ်။ မော်လမြိုင်ဆေးရုံမှာ သေဆုံးတဲ့ လူနာတွေအပြင် နေအိမ်တွေမှာ ကုသရင်း သေဆုံးသွားတဲ့ လူနာတွေပါ ပရဟိသအသင်းတွေက ကူညီမီးသဂြိုလ်နေပါတယ်။
မွန်ပြည်နယ်မှာလည်း ကိုဗစ်တတိယလှိုင်နဲ့ ရေဘေးဒဏ် တပြိုင်ထဲရင်ဆိုင်နေရတာပါ။

မနေ့ကဆိုရင် ရေကြီးရေလျှံလို့ သချိုင်္င်းသွားတဲ့လမ်း၊ ရပ်ကွက်လမ်းတွေ ရေမြှုပ်လို့ လူနာတွေ သယ်ယူဖို့ အခက်ခဲဖြစ်နေရသလို မနေ့က နေအိမ်မှာ
သေဆုံးတဲ့ ကိုဗစ်သံသယလူနာ ၉ ဦးကိုလည်း မိုးရေထဲမှာ ခက်ခက်ခဲခဲ သယ်ယူမီးသင်္ဂြုလ်ခဲ့ရတဲ့အကြောင်း မော်လမြိုင် RESCUE
လူမှုကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူ တစ်ဦးက အခုလို ပြောပါတယ်။

“မနေ့ကဆိုရင် လမ်းတွေ ရေမြှုပ်၊ ဟိုသချိုင်္င်းသွားတဲ့လမ်းတွေလည်း ရေမြှုပ်ပြီးတော့ အကုန်လုံးတကယ်ကို ခက်ခက်ခဲခဲမိုးထဲရေထဲမှာ
လိုက်ပြီးတော့ ကူညီပေးရတယ်ပေါ့နော်။ ဆေးရုံမှာနေ့စဉ်သေဆုံးတဲ့လူနာတွေလည်း ကျနော်တို့ သွားပြီး ရင်ကွဲရုံတွေ ထုတ်ပြီး
သင်္ဂြုလ်ပေးတာပေါ့၊ အဲ့ဒါအပြင် ကျနော်တို့ အခုရပ်ကွက်တွေထဲမှာ နေ့စဉ်သေတဲ့လူနာတွေရှိတယ် မနေ့ဆိုရင် ကျနော်တို့ ၉
အလောင်းလောက်ရှိတာပေါ့နော်၊ မနေ့ကဆိုလို့ရှိရင် တကယ့်ကို မိုးထဲရေထဲမှာ သူတို့ကလည်း အကူအညီတောင်းလာတယ် ဒီမှာ Dead body တွေနဲ့ အိမ်မှာလည်းမိုးထဲရေထဲမှာ ရေကလည်း မြှုပ်နေတော့ အိမ်တွေမှာ တော်တော်ခက်ခက်ခဲခဲဖြစ်တာပေ့ါနော်၊ သေတဲ့လူနာတွေကို
တကယ့်ကိုခက်ခက်ခဲခဲလိုက်ပြီးတော့ သယ်ချပေးရပါတယ်၊ ရေထဲကနေပြီးတော့ သယ်ချသယ်ချပြီးတော့ ကျနော်တို့ဒီသချိုင်္င်းကို ပို့ပြီးတော့ သေသေချာချာလည်းလုပ်ပေးပါတယ်။”

လက်ရှိ မွန်ပြည်နယ်မှာ ကိုဗစ်ကူးစက်နှုန်းနဲ့ သေဆုံးနှုန်းက မြင့်တက်နေသလို အောက်ဆီဂျင်လိုအပ်ချက်လည်း ကြီးမားနေပါတယ်။ မော်လမြိုင် RESCUEလူမှုကယ်ဆယ်ရေးအဖွဲ့ကတော့ သေဆုံးရုပ်အလောင်းတွေ မီးသင်္ဂြုလ်ပေးတဲ့အပြင် အောက်ဆီဂျင်အိုးတွေလည်း ကူညီပေးနေတာပါ။ အခုတဖန် မော်လမြိုင်မှာ ရေကြီးလို့ ရေဘေးသင့်ပြည်သူတွေကိုပါ ထပ်မံကူညီပေးနေရပါတယ်။ ဒါပေမယ့်လည်း ကိုဗစ်ထိန်းချုပ်ရေးရော ရေဘေးကူညီမှုပါ တပြိုင်တည်းလုပ်နေရလို့ ပရဟိတအဖွဲ့တွေအတွက် အခက်အခဲတွေရှိနေတယ်လို့သိရပါတယ်။

ရန်ကုန်မှာလည်း ကိုဗစ်သံသယလူနာတွေများပြားနေပါတယ်။ အခက်အခဲဖြစ်လို့ ဆေးဝါးနဲ့ အစားအသောက်အကူအညီလိုအပ်တဲ့ အိမ်တွေကို
အိမ်ရှေ့မှာ အလံထောင် အမှတ်အသားပြုပြီး အကူအညီတောင်းခံကြဖို့ ပရဟိတအကူအညီပေးသူတွေက အသိပေးထားပါတယ်။
အကူအညီလိုအပ်နေတဲ့ နေအိမ်တွေဆီ အစားအသောက်ကို အဓိကထားပြီး အရှင့်ကျေးကျွန်များအဖွဲ့ က ကူညီဆောင်ရွက်ပေးနေပါတယ်။

အကူအညီတောင်းခံတဲ့ အိမ်တွေ ပိုမိုများပြားလာလို့ မနိုင်မနင်ဖြစ်နေသလို အဖွဲ့သားထဲက ဖျားနာနေကြလို့ ခဏတာအနားယူထားတယ်လို့
အရှင့်ကျေးကျွန်များအဖွဲ့ က ပြောပါတယ်။

“ပိုပိုပြီးတော့ များလာတယ်၊ ကျနော်တို့လည်းအမျိုးသမီးလေးယောက်ပဲရှိတော့ မနိုင်ကြတော့ဘူး၊ အလံထောင်တဲ့ အိမ်က
သင်္ဃန်းကျွန်းဆို သင်္ဃန်းကျွန်း တစ်ပုံကြီး၊ တောင်ဥက္ကလာဆိုလည်း တောင်ဥက္ကလာပေါ့နော်၊ ကိုယ်ကဒီလေးယောက်နဲ့ အလုပ်လုပ်တော့ ဖျားတဲ့ လူလည်းဖျားကုန်ပြီး ဘယ်လိုပဲ ကာကွယ်ကာကွယ် ဖျားတဲ့ လူက ဖျားတော့ လေးယောက်ကနေ သုံးယောက်၊ နောက် နှစ်ယောက် ကနေ တစ်ယောက် အခုခဏတောင်မှ နားထားတယ်သုံးလေးရက်ရှိပြီး။”

အဖွဲ့သားတွေ ဖျားနာကြလို့ ခဏအနားယူထားပေမယ့် လက်ရှိမှာအကူအညီတောင်းထားတဲ့ အိမ် ၅၀ လောက်ရှိနေလို့
ကြိုးစားပို့ဆောင်ပေးသွားမယ်လို့လည်း ပြောပါတယ်။

Myanmar Flood
please wait

No media source currently available

0:00 0:04:10 0:00
တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG