သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတဝန်း လူ သိန်းကျော် ရေဘေးသင့်နေ


မကွေးမြို့ ရေဘေးအခြေအနေ
မကွေးမြို့ ရေဘေးအခြေအနေ

မြန်မာနိုင်ငံအလယ်ပိုင်းမှာ ရေကြီးရေလျှံဖြစ်တာကြောင့် လူ လေးဦးထက်မနည်းသေဆုံးပြီး နှစ်သိန်းသုံးသောင်းထက်မနည်း ရေဘေးဒဏ် သင့်နေတယ်လို့မြန်မာနိုင်ငံ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကနောက်ဆုံးထုတ်ပြန်ချက်ကို ကိုးကားပြီး AP သတင်းဌာနကဖော်ပြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာအဆက်မပြတ်မိုးရွာသွန်းခဲ့တာကြောင့် ဧရာဝတီနဲ့ချင်းတွင်း မြစ်ရေတက်လာတာကြောင့် မြစ်တလျှောက် ရွာတွေ၊ လယ်ယာကိုင်းကျွန်းတွေကိုရေလွှမ်းမိုးသွားတာပါ။တိုင်းနဲ့ပြည်နယ် ၇ ခုက ဒေသ ၄၀ ကျော်မှာ ရေကြီးရေလျှံဖြစ်နေတယ်လို့ ဆိုပါတယ်။

သဘာဝဘေးအန္တရယ်ကူညီရေးရံပုံငွေ မြန်မာကျပ်သန်းပေါင်း ၂ သောင်းချထားပေးမယ်လို့ အစိုးရက ကတိပြုပြောဆိုပါတယ်။ မြန်မာအစိုးရနဲ့ စစ်တပ်ဟာ သဘာဝဘေးအန္တရယ်ရယ်ဒဏ်ခံစားနေရတဲ့ ဒေသက ပြည်သူတွေကို ဘေးလွှတ်ရာရွှေ့ပြောင်းပေးဖို့၊ ပြန်လည်နေရာချ ထားပေးဖို့၊ အစားအစာ၊ သောက်ရေနဲ့ ဆေးဝါးတွေဖြန့်ဝေပေးဖို့ လုပ်ဆောင်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG