သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဘေးပြန်လည် ထူထောင်ရေး သတင်း အချက်အလက် မှန် ရဖို့ အရေးကြီး

Daw Khin Kyi Foundation was established by Daw Aung San Suu Kyi to promote social, health & education status of our people. www.dawkhinkyifoundation.org http://dawkhinkyifoundation.org/
1/9 Daw Khin Kyi Foundation was established by Daw Aung San Suu Kyi to promote social, health & education status of our people. www.dawkhinkyifoundation.org http://dawkhinkyifoundation.org/
Daw Khin Kyi Foundation was established by Daw Aung San Suu Kyi to promote social, health & education status of our people. www.dawkhinkyifoundation.org http://dawkhinkyifoundation.org/
2/9 Daw Khin Kyi Foundation was established by Daw Aung San Suu Kyi to promote social, health & education status of our people. www.dawkhinkyifoundation.org http://dawkhinkyifoundation.org/
Daw Khin Kyi Foundation was established by Daw Aung San Suu Kyi to promote social, health & education status of our people. www.dawkhinkyifoundation.org http://dawkhinkyifoundation.org/
3/9 Daw Khin Kyi Foundation was established by Daw Aung San Suu Kyi to promote social, health & education status of our people. www.dawkhinkyifoundation.org http://dawkhinkyifoundation.org/
Daw Khin Kyi Foundation was established by Daw Aung San Suu Kyi to promote social, health & education status of our people. www.dawkhinkyifoundation.org http://dawkhinkyifoundation.org/
4/9 Daw Khin Kyi Foundation was established by Daw Aung San Suu Kyi to promote social, health & education status of our people. www.dawkhinkyifoundation.org http://dawkhinkyifoundation.org/
Daw Khin Kyi Foundation was established by Daw Aung San Suu Kyi to promote social, health & education status of our people. www.dawkhinkyifoundation.org http://dawkhinkyifoundation.org/
5/9 Daw Khin Kyi Foundation was established by Daw Aung San Suu Kyi to promote social, health & education status of our people. www.dawkhinkyifoundation.org http://dawkhinkyifoundation.org/
Daw Khin Kyi Foundation was established by Daw Aung San Suu Kyi to promote social, health & education status of our people. www.dawkhinkyifoundation.org
6/9 Daw Khin Kyi Foundation was established by Daw Aung San Suu Kyi to promote social, health & education status of our people. www.dawkhinkyifoundation.org
Daw Khin Kyi Foundation was established by Daw Aung San Suu Kyi to promote social, health & education status of our people. www.dawkhinkyifoundation.org
7/9 Daw Khin Kyi Foundation was established by Daw Aung San Suu Kyi to promote social, health & education status of our people. www.dawkhinkyifoundation.org
Daw Khin Kyi Foundation was established by Daw Aung San Suu Kyi to promote social, health & education status of our people. www.dawkhinkyifoundation.org http://dawkhinkyifoundation.org/
8/9 Daw Khin Kyi Foundation was established by Daw Aung San Suu Kyi to promote social, health & education status of our people. www.dawkhinkyifoundation.org http://dawkhinkyifoundation.org/
Daw Khin Kyi Foundation was established by Daw Aung San Suu Kyi to promote social, health & education status of our people. www.dawkhinkyifoundation.org
9/9 Daw Khin Kyi Foundation was established by Daw Aung San Suu Kyi to promote social, health & education status of our people. www.dawkhinkyifoundation.org
Previous slide
Next slide

နိုင်ငံတဝန်းက ရေဘေး ပြန်လည်ထူထောင်ရေး အတွက် သတင်းအချက်အလက် မှန်မှန်ကန်ကန် ရဖို့ အရေးကြီးတယ် လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောဆို လိုက်ပါတယ်။ ရေဘေးသင့်ဒေသတွေက လိုအပ်တဲ့ အကူအညီတွေကို သတင်း အချက်အလက် တွေ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကို ပေးပို့ ကူညီကြဖို့နဲ့ ပြည်သူ ၃ သိန်းကျော် ရေဘေးသင့်နေချိန်မှာ နိုင်ငံတဝန်း ပြန်လည်ထူထောင်ရေးမှာ တတပ်တအား ပါဝင် လုပ်ကိုင်မယ် လို့လည်း ပြောဆိုခဲ့ပါ တယ်။ ရေဘေး သင့်သူတွေရဲ့ နောက်ဆုံးရ အခြေအနေတွေကို မသိဂီ ၤထိုက်က စုစည်း တင်ပြထားပါတယ်။

နိုင်ငံတဝန်း ရေဘေးသင့်သူ အရေအတွက် ၃သိန်းခွဲ နီးပါးကို ရောက်ရှိ လာပြီး သေဆုံးသူတွေလည်း တိုးလာနေပါတယ်။ ရေပြန်ကျ လာပြီး နောက်ပိုင်း ဝေးလံခေါင်သီတဲ့ ဒေသတွေ အပါအဝင် ရေဘေးသင့် ဒေသကြီး တခုလုံးကို ခြုံငုံပြီး ပြန်လည်ထူထောင်ရေး အစီအမံတွေ ချမှတ်နိုင်ဖို့ အတွက် မှန်ကန်တဲ့ သတင်း အချက်အလက်တွေ စုဆောင်း ပေးပို့ကြဖို့ မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေကို ပန်ကြား လိုက်ပါတယ်။ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်မှာ မှန်ကန်တဲ့ သတင်း အချက်အလက်တွေ ရဖို့က သိပ်ကို အရေးကြီးတယ်လို့လည်း သူမက အလေးအနက် ပြောကြားခဲ့ပါတယ်။

"အထိရောက်ဆုံး ကျမတို့အတွက် အရေးကြီးဆုံး အကူအညီ တခုကတော့ မှန်ကန်တဲ့ သတင်း အချက်အလက် တွေ ရဖို့ပါပဲ။ ဘယ်နေရာတွေမှာ ဘယ်လို အခက်အခဲတွေဖြစ်နေတယ်။ ဘယ်လိုအကူအညီတွေ လိုနေတယ်ဆိုတာ ကျမတို့ သိဖို့လိုပါတယ်။ အဲ့လိုသိမှသာလျှင် တကယ်လိုအပ်တဲ့ နေရာကို လိုအပ်တဲ့ အကူအညီတွေ ပို့နိုင်မှာဖြစ်ပါတယ်။"

ဒီနေ့ဆိုရင် ကျမတို့ ဧရာဝတီတိုင်း ညောင်တုန်းဘက်ကို အသက်ကယ်လှေ သုံးစီးပို့လိုက်ပါပြီ။ နောက် အစီးသုံးရာအထိပို့ဖို့ အစီအစဉ်ရှိပါတယ်။ နောက် ကျမတို့ အသက်ကယ်အင်္ကျီတွေလည်း ပို့ပါမယ်။ နောက် ရေသန့်နဲ့ ဓာတ်ဆားရေ စသည်ဖြင့် ပေါ့နော်။ ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ ပစ္စည်းတွေလည်း ပို့ပါမယ်။ ဆန်တွေကတော့ ကျမတို့က အခုကတည်းက ကြိုတင်ပြီးတော့ ဧရာဝတီတိုင်းမှာ ကျမတို့က လုံလုံလောက်လောက် စုစည်းထားပြီးပါပြီ။ အဲ့တော့ ဆန်အတွက်တော့ မပူရပါဘူး။ ကျမတို့ တတ်နိုင်သမျှ ဖြန့်ချီပြီးတော့ ကူညီမှာဖြစ်ပါတယ်။ "

ရေပြန်ကျလာပြီး ဘေးသင့်သူတွေ ပြန်လည်ထူထောင်ရေး အတွက် လိုအပ်ချက်တွေ၊ ကျေးရွာ စာရင်းတွေကို ဒေသဆိုင်ရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပါတီရုံးတွေထံ ပေးပို့ပြီး ရေဘေး ပြန်လည်ထူထောင်ရေး အတွက် ဝိုင်းဝန်းကူညီကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

အရေးပေါ် အကူအညီတွေ ပြန်လည်ထူထောင်ရေး အတွက် အစိုးရ တရပ်ရဲ့ တာဝန်ဆိုပေမယ့် သူမအနေနဲ့လည်း တတပ်တအား ပါဝင် လုပ်ကိုင်လိုပါတယ်လို့လည်း ပြောဆိုခဲ့တာပါ။

နိုင်ငံတကာနဲ့ ဒေသတွင်းက ရေဘေးသင့်သူတွေ အတွက် အကူအညီတွေ ဝိုင်းဝန်းပေးနေကြသလို ဒေါ်အောင်ဆန်းစုကြည် ကလည်း ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း အနေနဲ့ ရေဘေးသင့်သူတွေကို အရေးပေါ် အကူအညီတွေ ပေးနေ တာ ဖြစ်ပြီး နောက်ပိုင်း ပြန်လည် ထူထောင်ရေး အတွက် စီမံကိန်းတွေ ချမှတ်ဖို့ သတင်းအချက်အလက်တွေ ပေးပို့ကြဖို့ ပြည်သူကို တိုက်တွန်းလိုက်တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံ အရေးပေါ် အခြေအနေမှာ ပြည်သူ တရပ်လုံးရဲ့ စည်းလုံးမှု အပေါ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆိုပါတယ်။

"အခုလိုပေါ့နော် နိုင်ငံကနေပြီးတော့ ပြသနာကြီးကြီးတခုနဲ့ရင်ဆိုင်ရတယ်ဆိုလို့ရှိရင် အရေးကြီးပြီ သွေးစည်းကြစို့ ဆိုတဲ့ စိတ်ဓာတ်နဲ့ အားလုံးက ပါဝင်ကြတဲ့အတွက် ကျမအနေနဲ့ အင်မတန်မှ အားတက်ရပါတယ်။ ဒီလိုပဲ ဆက်ပြီး လုပ်ပေးကြပါလို့ ကျမ မေတ္တာရပ်ခံချင်ပါတယ်။ "

လနဲ့ချီ ကြာမြင့်လာခဲ့ပြီ ဖြစ်တဲ့ နိုင်ငံတဝန်းက ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၁ ခုတို့က ရေဘေးကြောင့် သြဂုတ်လ ၅ ရက်နေ့ အထိ သေဆုံးသူ ၇၄ ဦးထိ တိုးလာပြီး ဘေးသင့်ပြည်သူကလည်း ၃ သိန်းခွဲ နီးပါး ရှိခဲ့ပြီလို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက တာဝန်ကျ ဝန်ထမ်းတဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

"ရေဘေးသင့်အိမ်ထောင်စုပေါ့နော် အိမ်ခြေ မျောပါပျက်စီးသွားတာ ၇၁၇၆ ရှိပါတယ်ရှင်။ ပြောင်းရွှေ့ပေးထားတာ ၅၃၀၄၂ပါရှင်။ လူဦးရေ စုစုပေါင်းကတော့ သုံးသိန်းသုံးသောင်းနဲ့ တစ်ရာကိုးဆယ့်တစ်ပါရှင်။ အဲ့တာက ဘေးသင့်တဲ့ လူဦးရေ စုစုပေါင်းပေါ့နော်။ သေဆုံးတဲ့လူဦးရေကတော့ ၇၄ယောက်ရှိပါပြီရှင်။ "

လတ်တလောမှာတော့ ကုလ အပါအဝင် နိုင်ငံတကာက အကူအညီတွေ၊ ပုဂ္ဂလိက အလှုရှင်တွေရဲ့ လှုဒါန်းမှုတွေကို မြန်မာ တပ်မတော်နဲ့ ပုဂ္ဂလိက လေကြောင်းလိုင်း တချို့က သယ်ယူပို့ဆောင်ရေးကို ကူညီပြီး ရေဘေးသင့် ဒေသတွေ ကို ဖြန့်ဝေပေးနေပါတယ်။ ဒါပေမယ့် ရေဘေးကြောင့် အဓိက ကုန်းလမ်းရေလမ်း အဆက်အသွယ်တို့ ပြတ်တောက်ခဲ့တာကြောင့် ဝေးလံ ခေါင်သီတဲ့ ဒေသတွေထံကိုတော့ လက်လှမ်းမမီ ဖြစ်နေကြဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG