သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးဝဏ္ဏမောင်လွင် တောင်ကိုရီးယားရောက်


မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Kim Sung-hwan (၀၈၊ ၀၃၊ ၂၀၁၂)
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Kim Sung-hwan (၀၈၊ ၀၃၊ ၂၀၁၂)
မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Kim Sung Hwan နဲ့ ဒီကနေ့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ တွေ့ဆုံပြီး နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ သဘာ၀ အရင်းအမြစ်နဲ့ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စတွေမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ ဘယ်လို တိုးမြှင့်သွားနိုင်မလဲဆိုတဲ့ နည်းလမ်းတွေ ကို နိုင်ငံခြားရေး ဝန်ကြီးတွေ ရှာဖွေ ဆွေးနွေးခဲ့ကြတဲ့အကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

သြဂုတ်လ ၂ ရက်နေ့က စတင်ခဲ့တဲ့ လေးရက်ကြာ တောင်ကိုရီးယား ခရီးစဉ်အတွင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ တောင်ကိုရီးယား ဝန်ကြီးချုပ် Kim Hwang-sik နဲ့လည်း ဒီကနေ့ အစောပိုင်းက တွေ့ဆုံခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလကလည်း မြောက်ကိုရီးယား သမ္မတ အီမြောင်ဘတ် မြန်မာနိုင်ငံကို နှစ်ရက်ကြာခရီး သွားရောက်ခဲ့သလို ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်တွေကို သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော် မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါသေးတယ်။ မြန်မာနိုင်ငံဟာ ၁၉၇၅ ခုနှစ်ကတည်းက တောင်နဲ့မြောက် ကိုရီးယားနိုင်ငံတွေနဲ့ သံတမန် ဆက်ဆံရေး စတင် တည်ဆောက်လာခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG