သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Leeds United ကိုဖိတ်တဲ့ ရည်ရွယ်ချက် MFF ရှင်းလင်း


MFF နဲ့ Leeds United တို့ ရန်ကုန်မြို့မှာ ပူးတွဲလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ ( သတင်းဓာတ်ပုံ-မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် )

အင်္ဂလန်၊ Leeds United အသင်းကို မြန်မာနိုင်ငံကိုဖိတ်ခေါ်ပြီး မြန်မာအသင်းတွေနဲ့ ခြေစမ်းပွဲကစားဖို့ စီစဉ်တာမှာ အဓိက ရည်ရွယ်ချက်နှစ်ခုရှိပါတယ်လို့ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် MFF အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောပါတယ်။

ဧပြီလ ၂၆ ရက်၊ ကြာသပတေးနေ့က MFF နဲ့ Leeds United တို့ ရန်ကုန်မြို့မှာ ပူးတွဲလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဦးကိုကိုသိန်းက ပြောသွားတာပါ။

အသင်းက ဘောလုံသမားတွေနဲ့ ဝန်ထမ်းတွေကို မြန်မာနိုင်ငံခရီးစဉ်အကြောင်း ပြောလိုက်ပြီးတဲ့နောက်မှာ အိပ်ပျော်ကြတဲ့ပုံ တောင်မရှိဘူးလို့ Leeds United အသင်းမန်နေဂျာ Paul Heckingbotton ကလည်းပြောပါတယ်။

အသင်းရဲ့ မြန်မာနိုင်ငံခရီးစဉ်အပေါ် ဗြိတိန်နိုင်ငံကလွှတ်တော်အမတ်တွေ၊ အသင်းရဲ့ပရိသတ်တွေနဲ့ နိုင်ငံတကာလွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ AI လို လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ပြောဆိုပြီး ခရီးစဉ်ကိုဖျက်ပစ်ဖို့ တောင်းဆိုတာတွေတောင်မှ ရှိခဲ့တာပါ။

Leeds United အသင်းဟာ MNL All Stars အသင်းနဲ့ မေလ ၉ ရက်နေ့ သုဝဏ္ဏ အားကစားကွင်းမှာ ကန်မှာဖြစ်ပြီး မေလ ၁၁ ရက်နေ့မှာတော့ မြန်မာ့လက်ရွေးစင် အသင်းနဲ့ မန္တလေး၊ မန္တလာသီရိကွင်းမှာ ကန်မှာဖြစ်ပါတယ်။

ဒါ့အပြင် ဘောလုံးပညာပေးသင်တန်းတွေကိုလည်း မြန်မာဘောလုံးအဖွဲ့ချုပ်အကယ်ဒမီနဲ့ ပူးတွဲပြီး ရန်ကုန်နဲ့မန္တလေးတို့မှာလုပ်ဖို့ စီစဉ်ထားပါတယ်။

Leeds United ကိုဖိတ်တဲ့ ရည်ရွယ်ချက် MFF ရှင်းလင်း
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG